ကယ်ပေးခဲ့တဲ့လူကို ကျေးဇူးတင်ကြောင်း ပြန်ပြသခဲ့တဲ့ စလော့ကောင်လေး

Image result for sloth in zootopia gif

Zootopia ထဲမှာ ပါတဲ့ အနှေးကောင်လေးကို သဘောမကျတဲ့သူမရှိလောက်ပါဘူးနော်။ တကယ်လည်း စလော့ကောင်လေးတွေ အရမ်းချစ်ဖို့ကောင်းတဲ့ တိရိစ္ဆာန်လေးတွေပါ။ အမ္ဘာကြီးက ဘယ်လောက် လျင်မြန်အောင် လည်ပတ်နေပါစေ၊ သူတို့ကတော့ ခပ်အေးအေးပဲ ကိုယ့် flow နဲ့ကိုယ် သွားနေကြတဲ့ ကောင်လေးတွေ။ သူတို့ဟာ အေးတိအေးစက်နိုင်ပေမယ့် ကျေးဇူးတော့သိတတ်တယ်ဆိုတာကို ဗီဒီယိုလေးတစ်ခုက သက်သေပြနေပါတယ်။

Image result for sloth

@Dutchwouter777 ဆိုတဲ့ Twitter အကောင့်မှာ ဗီဒီယိုလေးတစ်ခုတင်ခဲ့ပါတယ်။ အဲဒီလူက ကတ္တရာလမ်းပေါ်မှာ လမ်းဖြတ်ကူးဖို့အခက်တွေ့နေတဲ့ စလော့ကောင်လေးကို လမ်းကူးပေးခဲ့တာပါ။ သာမန်လူဆိုရင် ဘယ်လုပ်ပေးရဲမလဲနော်။ စလော့ကောင်ဆိုတာက လက်သည်းတွေကလည်း ရှည်၊ အမွှေးကလည်း စုတ်ဖွား၊ လှုပ်စိလှုပ်စိနဲ့တွားသွားတာဆိုတော့ ကြောက်တတ်တဲ့သူတွေဆို သရဲလို့တောင်ထင်မှာ။ ဒီဗီဒီယိုထဲကလူကတော့ တောရိုင်းတိရိစ္ဆာန်တွေအကြောင်း လေ့လာထားသူဖြစ်ပါလိမ့်မယ်။ 

Image result for sloth on road

ကားတွေ ဟိုဖက်ရော ဒီဖက်ပါ အရှိန်ပြင်းနဲ့ ဖြတ်သန်းနေတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ တောရိုင်းတိရိစ္ဆာန်လေးတွေ ဖြတ်ကူးဖို့ အတော်လေးအခက်တွေ့လေ့ရှိပါတယ်။ စလော့လိုမျိုး နှေးနှေးလေးပဲ သွားနိုင်တဲ့ အကောင်လေးတွေဆို ပိုဆိုးတာပေါ့။ ကြောက်နေရှာမှာ။ သူ့ခမျာ လက်သည်းကရှည်တော့ ကတ္တရာလမ်းကိုလည်း ကုတ်တွယ်လို့ကမရ၊ ကားတွေကဖြတ်၊ ပြေးလို့ကလည်းမရတော့ တော်တော်အခက်တွေ့နေရှာတာ။ ဒါကို ဗီဒီယိုထဲကလူက သယ်ယူပြီး လမ်းဘေးက သစ်ပင်ပေါ်တင်ပေးခဲ့တာပါ။ တခြားကားတွေကလည်း သူတို့လမ်းကူးနေတာကို ရပ်စောင့်ပေးခဲ့ပါတယ်။ အဲလို ကူညီပေးခဲ့တဲ့အပေါ် စလော့လေးက အရမ်းချစ်ဖို့ကောင်းပြီး ရင်ထဲနွေးထွေးသွားစေမယ့် အပြုအမူတစ်ခုကို လုပ်ပြခဲ့ပါတယ်။

 

လက်ဝှေ့ယမ်းပြနေတာအားလုံးတွေ့ကြမှာပါနော်။ ပြုံးနေတယ်လို့တောင်ထင်တယ် သူ့ရုပ်လေးက။ သူ့ရဲ့slow motion အကွက်တွေကို ကြည့်ပြီး ကိုယ်တောင် ကမ္ဘာကြီးကို ခဏမေ့သွားတယ်။ စလော့လေးရဲ့ ကျေးဇူးတင်နေတဲ့ ဗီဒီယိုလေးကို လူတော်တော်များများက သဘောကျနှစ်သက်ပြီး Share လုပ်ခဲ့ကြပါတယ်။ စလော့လိုမျိုး လှုပ်ရှားမှုတစ်ခုကို ဖြည်းဖြည်းပဲ လုပ်နိုင်တဲ့ တိရိစ္ဆာန်လေးတစ်ကောင်အတွက် လက်ကလေး ဝှေ့ယမ်းပြဖို့ သူ့ရဲ့ကြိုးစားအားထုတ်မှုကို ဘာမှမပြောပလောက်ဖူးလို့ ပြောလို့မရပါဘူး။ တိရိစ္ဆာန်လေးဆိုပေမယ့် ကျေးဇူးသိတတ်ပုံက လေးစားစရာကောင်းပါတယ်။

Related image

တိရိစ္ဆာန်ဆိုတာလည်း လူတွေရဲ့မဆင်မခြင်လုပ်ရပ်တွေကြောင့်သာ မျိုးတုံးရှားပါးလာတာပါ။ ဒါကို ထိန်းသိမ်းဖို့ လူတွေမှာပဲ အပြည့်အဝတာဝန်ရှိပါတယ်။ ဒါကြောင့် တိရိစ္ဆာန်လေးတွေကို စောင့်ရှောက်ကြဖို့ we media ရဲ့ပရိသတ်ကြီးကို တိုက်တွန်းလိုက်ပါရစေနော်။

စလော့ကောင်လေးကို ကယ်ခဲ့တဲ့ အခြား ဗီဒီယိုလေးတွေကိုလည်း ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်။ 

Ref; nerdist.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။