ရဲလိုင်းခန်းအတွင်း ရဲအရာရှိတစ်ဦးနှင့် ဇနီးသည်ဖြစ်သူတို့ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေ

ယနေ့ မေလ (၁၆)ရက်နေ့ မနက်(၆)နာရီခန့်က မိတ္ထီလာမြို့နယ်ထဲက ရဲလိုင်းခန်းတစ်ခုမှာ ရဲအရာရှိတစ်ဦးနဲ့ သူရဲ့ ဇနီးသည်ဖြစ်သူတို့ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ရဲလိုင်းခန်းအတွင်း သေဆုံးနေတဲ့ အလောင်း(၂)လောင်းမှာ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ် အဆင့်ရှိ ရဲအရာရှိတစ်ဦးနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူတို့ သေဆုံးနေခဲ့တာလို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ လူသတ်တရားခံကို စတင် စုံစမ်းနေဆဲဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကိုတော့ တိတိကျကျပြောလို့ မရသေးပါဘူး။

ကနဦးစစ်ဆေးချက်အရ သေဆုံးနေတဲ့ ရဲတပ်ဖွဲ့မှူးရဲ့ လက်ထဲမှာ သေနတ်ကိုင်းထားတဲ့ လက်ပုံစံမျိုးဖြစ်နေပြီး အနားမှာလည်း ကျည်ဆံအခွံ (၂)ခုကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ တရားခံကို စုံစမ်းနေဆဲဖြစ်လို့ ဘယ်လိုအကြောင်းပြချက်နဲ့ ဖြစ်ပွားခဲ့လဲဆိုတာကိုတော့ မသိရသေးပါဘူး။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။