နာမည်ကြီးနေတဲ့ ယာဉ်ထိန်းရဲကြီးနဲ့ ကောင်မလေးရဲ့ ဖြစ်ရပ်အမှန်

ယနေ့ မေလ (၁၆)ရက်နေ့က လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ ယာဉ်ထိန်းရဲသားကြီးတစ်ဦးနဲ့ မိန်းမပျိုတစ်ဦး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကန်တော့နေတဲ့ပုံကို အားလုံးလည်း သိကြမယ်ထင်ပါတယ်။ Troll များကလည်း ဟာသမြောက်တဲ့ စိတ်ကူးအတွေးတွေနဲ့ ပြုလုပ်ကြသလို လူအများကလည်း ဘာကြောင့်အခုလို ထူးဆန်းတဲ့ကိစ္စမျိုး ဖြစ်ရသလဲလို့ သိချင်နေကြပါတယ်။

လူမှုကွန်ယက်သုံးစွဲသူ Min Min Soe ဆိုတဲ့ Acc ကတော့ “ ကောင်မလေးက မြို့ဝန်အသစ်ဆွဲထားတဲ့ ဖြူနီကျားဘေးမှာ ကားရပ်မိတော့ မော်တော်ပီကယ်ကြီးက ဖမ်းပါတယ်။ အဲဒါနဲ့ မဖမ်းဖို့ ကောင်မလေးက ရှိခိုးတောင်းပန်ပါတယ်။ ဘေးက လူတွေ ဓာတ်ပုံရိုက်နေတော့ မော်တော်ပီကယ်လေးကလည်း သူ့မျက်နှာပေါ်မှာ ကြောက်ပြီး ပြန်ဝပ်ထားလိုက်တာပါ။ မနက်က ရုံးရှေ့မှာဖြစ်သွားတာပါ။ ဘာဖြစ်ကြတာလဲဆိုတာ ထပ်မမေးကြပါနဲ့တော့။ နယူးဖိလည်း ပြည့်နေပါပြီ ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

နည်းနည်းလေး လှုပ်လှုပ်ရွရွဖြစ်ရင် နာမည်ကြီးပြီး အဆဲခံနေရတဲ့ ခေတ်မှာ ယာဉ်ထိန်းရဲကြီးတစ်ယောက် အပြောဆိုခံရမှာစိုးလို့ ရုတ်တရက် မမျှော်လင့်ထားဘဲ ဝပ်လိုက်တဲ့ ပုံပါဘဲ။ ရယ်လည်းရယ်ရ သဘောလည်းကျရတဲ့ ပုံမျိုးဖြစ်သွားရတဲ့အတွက် အခုလို လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသွားရတာပါ။

Crd; Min Min Soe FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။