ချောကလက်ကို ဘာကြောင့် အမြဲစားသင့်တာလဲ

စူပါအစားအစာဖြစ်တဲ့ ချောကလက်ဟာ သင့်ဈေးဝယ်ခြင်းတောင်းထဲမှာ ပါဝင်ရမယ့် အမျိုးအစားပါ။ 

Dark chocolate ဟာဆိုရင် အသည်းကွဲ ရောဂါကိုပါ ကုစားနိုင်ပါတယ်။ ဒါပေမယ့် ကယ်လိုရီအရမ်းများတဲ့ သကြား၊ နို့၊ ထောပတ်ပါဝင်မှုများတာတွေကိုတော့ ရှောင်ကျဉ်ရမှာဖြစ်ပြီး ချောကလက် ၇၀% ပါဝင်တဲ့ ချောကလက်များကို စားသုံးရမှာဖြစ်ပါတယ်။

၁။ နှလုံးကျန်းမာရေးအတွက်

၉နှစ်အတွင်း ဆွိဒင်နိုင်ငံမှ အမျိုးသမီး ၃၁၀၀၀ ကို သုတေသနပြုချက်အရ အနက်ရောင်ချောကလက် စားသုံးမှုကြောင့် ၎င်းတို့မှာ အန္တရယ် ဖြစ်နိုင်လောက်တဲ့ နှလုံးရောဂါ အခြေအနေ သုံးဆခန့် လျော့နည်းလာတာ တွေ့ရပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ် ဂျာမန်ကျန်းမာရေးသုတေသီများ တွေ့ရှိမှုအရ တစ်နေ့ကို ချောကလက် တစ်ဖဲ့လောက် နေ့စဉ်စားသုံးသူတွေဟာ သွေးတိုးရောဂါကို ကျဆင်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို ၃၉% လျော့ကျစေပါတယ်။

၂။ ကိုယ်အလေးချိန်ကျစေခြင်း

သတင်းကောင်းလေးတစ်ခုအနေနဲ့ သင့်ရဲ့ ဝိတ်ချမယ့် အစားအစာစာရင်းမှာ အနက်ရောင်ချောကလက်ကို ပါအောင်ထည့်ပေးပါ။အနက်ရောင် ချောကလက်က ဝိတ်ကျစေနိုင်ကြောင်း လေ့လာမှုတွေအရ သက်သေပြနိုင်ခဲ့ပါပြီ။

၃။ ကလေးငယ်များအတွက်

ကိုယ်ဝန်ဆောင်စဉ် ချောကလက်စားပေးသော မိခင်များဟာ သာမန်ထက် ထူးခြားစွာ စိတ်ဖိစီးမှု လျော့နည်းတာ တွေ့ရပါတယ်။ အဆိုပါမိခင်များမှ မွေးလာသော ကလေးငယ်များအပေါ်မှာလည်း ပျော်ရွှင်ခြင်း ပိုမိုပြုံးရယ်ခြင်းစတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ သိရပါတယ်။ ကလေးတွေကို ငယ်ရွယ်စဉ်မှာ ချောကလက်ကျွေးခြင်းဖြင့် ဉာဏ်ရည်မြင့်မား၍ အဟာရပြည့်ဝစေမှာအမှန်ပါပဲ။

၄။ ဆီးချိုရောဂါသည်များအတွက်

ဆီးချိုသမားတွေရဲ့ ရန်သူက အချိုနှင့် သကြားလုံးတွေလား? ဒါပေမယ့် သကြားလုံးတွေနဲ့မတူတဲ့ အနက်ရောင် ချောကလက်တွေကို စားသုံးခြင်းဖြင့် ၁ရက်မှ ၁၅ရက်အတွင်း ဆီးချို အင်ဆူလင်ပမာဏကို ထက်ဝက်ခန့် သာသုံးစွဲရတော့တယ်လို့ အီတလီ ကျန်းမာရေးတက္ကသိုလ် ပါမောက္ခ Claudio Ferri ကဆိုပါတယ်။

၅။ စိတ်ဖိစီးမှု လျော့ကျစေခြင်း

ချောကလက်ကို နေ့စဉ် အနည်းငယ်သာစားသုံးခြင်းဖြင့် သင့်ကိုယ်တွင်း ဟော်မုန်းဓာတ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုကို သိသိသာသာ လျော့နည်းစေမှာပါ။ ချစ်သူနဲ့ လမ်းခွဲပြတ်စဲပြီးကြသော လူများအနေဖြင့် ချောကလက်တစ်တောင့် သို့မဟုတ် ချောကလက် ရေခဲမုန့်တစ်ခွက်ဟာ စားသုံးသင့်တဲ့ အစားအစာထဲမှာ ပါဝင်လို့နေပါတယ်။

၆။ နေရောင်ကာကွယ်ခြင်း

လန်ဒန်သုတေသီတွေ အဆိုပြုချက်အရ ချောကလက်မှာ နေရောင်ခြည်ကို ကာကွယ်တဲ့ စွမ်းပကား ရှိပါတယ်။ သုံးလနဲ့ အထက်ချောကလက်စားသုံးလာတာနဲ့အမျှ နေရောငါကြောင့် အသားအရည်နေလောင်ခြင်းကို ကာကွယ်ပေးပါတယ်။

၇။ ချောင်းဆိုးပျောက်စေခြင်း

ချောကလက်မှာ ချောင်းဆိုးပြောက်စေတဲ့ ကိုဒင်းဓာတ်ပါဝင်ပါတယ်။ ကိုဒင်းဓာတ်မှာ ကျန်းမာရေးအတွက် ဆိုးကျိုးလုံးဝ မရှိတာကြောင့် ချောင်းဆိုးနေစဉ်မှာ အနက်ရောင်ချောကလက်ကို စားသင့်ပါတယ်။

၈။ ဝမ်းလျောခြင်းအတွက် ချောကလက်

ချောကလက်ရဲ့ ကိုကိုးဓာတ်က ဝမ်းလျောခြင်းကို သက်သာစေပါတယ်။ ဝမ်းလျောနေသူတွေကို ချောကလက်အရည်တိုက်ပေးခြင်းဖြင့် ဝမ်းသွားနှုန်းကို ရပ်တန့်ပေးပါတယ်။

၉။ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေခြင်း

သင့်ရဲ့အလုပ်ခွင်မှာ သင်အဆင်မပြေမှုနဲ့ ကြုံရရင် ဘာကိုမှ အပြစ်ဖို့မနေပဲ ချောကလက်သာစားလိုက်ပါ။ သင့်စိတ်ပင်ပန်းမှုကို ပြေစေရုံမက သင့်ဉာဏ်စွမ်းအင်ကိုပါ တိုးတက်လာစေမှာပါ။ ချောကလက်က သင့်ဦးနှောက်အာရုံကျောကို ၂နာရီနဲ့ ၃နာရီအတွင်းမှာ ပျော်ဝင်စေပြီး ဉာဏ်စွမ်းအင် တိုးတက်စေပါမယ်။ ကလေးများငယ်ရွယ်စဉ်မှာ ချောကလက်ကျွေးခြင်းဖြင့်လည်း ထူးခြားကောင်းမွန်တဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့်လည်း valentine's day မှာ ကိုယ်ချစ်ရတဲ့သူတွေကို ချောကလက် ကျွေးကြတာပါ။သင်ချစ်တဲ့သူကို ကျန်းမာခြင်းလက်ဆောင်အနေနဲ့ ပေးချင်ရင်တော့ ချောကလက်သာ ပေးလိုက်ပါနော်. . .။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။