ရွှေတိဂုံဘုရားပေါ်က ဆွမ်းတော်စွန့်တဲ့ ငှက်ပျောသီးတွေ ဘယ်ရောက်သွားလဲ

ရွှေတိဂုံဘုရားမှာ တစ်နေ့တစ်နေ့ အုန်းသီးနဲ့ငှက်ပျောဖီးတွေအများကြီး ဆွမ်းတော်တင်ကြပါတယ်။ ဘုရားပေါ်က ဝန်ထမ်းတွေဟာ အဲဒီငှက်ပျောသီးစိမ်းတွေနဲ့ အုန်းသီးတွေကို တစ်ရက် နှစ်ကြိမ် စွန့်လေ့ရှိပါတယ်။ အဲဒီလို စွန့်လိုက်တဲ့ ငှက်ပျောသီးတွေက ဘယ်ရောက်သွားပါသလဲ? 

Related image

လူအချို့ ထင်နေကြသလို လွှင့်ပစ်လိုက်တာလည်း မဟုတ်သလို၊ ရောင်းစားလိုက်တာလည်း မဟုတ်ပါဘူး။ အသီးတွေကို စွန့်ပြီးတဲ့အခါ ဝန်ထမ်းတွေဟာ သိုလှောင်ရုံတွေဆီကို ယူသွားပါတယ်။ သိုလှောင်ရုံမှာ အပိုင်းနှစ်ပိုင်းခွဲထားပြီးတော့ တစ်ပိုင်းမှာ ငှက်ပျော်သီးတွေထားပြီး တစ်ပိုင်းမှာ အုန်းသီးတွေထည့်ပါတယ်။ ဘုရားပေါ်က တာဝန်ရှိသူရဲ့ပြောစကားအရ အဲဒီငှက်ပျောသီးနဲ့အုန်းသီးတွေဟာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်နဲ့ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းတွေဆီကို ရောက်သွားတာပါ။

Image result for monkey eating banana

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်က အလုပ်သမားတွေဟာ အင်္ဂါနေ့နဲ့သောကြာနေ့တိုင်း ငှက်ပျောသီးစိမ်း အဖီး ၃၀၀ ကနေ ၆၀၀ အထိ လာယူကြပါတယ်။ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းတွေကလည်း ငှက်ပျောသီးနဲ့ အုန်းသီးအချို့ကို လာယူကြပါတယ်။ ကျန်တာကိုတော့ တိရိစ္ဆာန်ဥယျာဉ်က အကုန်ယူသွားပါတယ်။ ဒါကြောင့် ငှက်ပျောသီး၊ အုန်းသီးတွေက မျောက်တွေ၊ ဝက်ဝံတွေ၊ ကိုရင်လေးတွေနဲ့ဘုန်းကြီးကျောင်းသားလေးတွေဆီ ရောက်သွားတာပါ။ လှူတဲ့ ငှက်ပျောသီးအမျိုးအစားကတော့ အမျိုးမျိုးပေါ့။ “တချို့စိမ်းနေသေးတဲ့ အသီးတွေဆိုရင်တော့ သိုလှောင်ထားပြီးမှည့်တဲ့အခါမှ တိရိစ္ဆာန်လေးတွေကို ကျွေးရပါတယ်” လို့ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ရဲ့ မန်နေဂျာက ပြောပါတယ်။

Image result for banana on shwedagon pagoda

ရွှေတိဂုံဘုရားပေါ်မှာ ရှိတဲ့ လောကပါလမယ်တော်၊ ဘိုးဘိုးကြီးနတ်နန်း၊ ဘိုးမင်းခေါင်နတ်နန်း၊ ရှင်စောပုစေတီ တွေမှာ ယုံကြည်သူတွေဟာ ကံကောင်းစေဖို့အတွက် အုန်းပွဲ ငှက်ပျောပွဲတင်ပြီး ဆုတောင်းကြပါတယ်။ “အဲဒီ နတ်စင်တွေကနေ အသီးတွေတစ်ခါစွန့်တိုင်း လှည်းအပြည့်နဲ့အသီးတွေကို နှစ်ကျော့လောက် သယ်ရတယ်” လို့ တာဝန်ရှိသူက ပြောပါတယ်။ ဘာသာရေးပွဲနေ့ပွဲရက်တွေရှိတဲ့အခါဆိုရင် လှည်းအစီးရေအများကြီးနဲ့ကို သယ်ယူရပါတယ်။ 

Related image

“ဘုရားပေါ်က အသီးတွေကို လိုအပ်တဲ့သူ ဘယ်သူကိုမဆို ပေးပါတယ်။ လိုချင်တယ်ဆိုရင်တော့ ကြိုတင်ပြီး လာပြောထားရပါမယ်” လို့ ရွှေတိဂုံဘုရား အလုပ်အမှုဆောင်အဖွဲ့က ပြောပါတယ်။ ဒါကြောင့် လိုအပ်တဲ့သူတွေ ရှိရင်လည်း လက်ဆင့်ကမ်းဝေမျှပေးလိုက်ကြပါဦးနော်။

Source; mmtimes.com

Photo credit from Myanmar Times

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။