အာမခံပြီး ဝိတ်ချပေးမယ့် သံသုမာလမ်းမကြီးပေါ်က ထူးအောင်ရဲ့ Star Fitness Gym ခန်းမ

နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် မော်ဒယ်သရုပ်ဆောင် ထူးအောင်ဟာ ပရိသတ်အားပေးမှုကို ရရှိလာပြီး တဖြည်းဖြည်း အောင်မြင်ကျော်ကြားလာတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အမိုက်စား Body ၊ ချောမောလှပသော ရုပ်ရည်ကိုပါ ပိုင်ဆိုင်ထားတဲ့ ထူးအောင်ဟာ  သရုပ်ဆောင်မှုအပိုင်းမှာလည်း အကောင်းဆုံးကြိုးစားလေ့ရှိတာကြောင့် Fan တွေရဲ့ အားပေးထောက်ခံမှုကို အများဆုံးရရှိနေသူပါ။ အခုဆိုရင် ထူးအောင်ဟာ မော်ဒယ်သရုပ်ဆောင် မင်းသားတစ်ယောက်အနေနဲ့လည်း အနုပညာလောကမှ  ရပ်တည်နေပါပြီ။

အခုတစ်ခါမှာတော့ ပရိသတ်အချစ်တော် ထူးအောင်ဟာ Star Fitness Gym အမည်ရတဲ့ အားကစားခန်းမတစ်ခုကို သံသုမာလမ်းမကြီးပေါ်မှာ ယမန်နေ့ မေလ (၁၆)ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ ဝိတ်ချချင်တဲ့ လူတွေ၊ Gym သွားပြီး ဘာမှထူးထူးခြားခြား တိုးတက်လာမှု မရှိတဲ့ လူတွေအတွက် အဓိကထားပြီး လေ့ကျင့်ပေးမှာဖြစ်ပြီး Trainer တွေရဲ့ စကားကို တိတိကျကျလိုက်နာဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

Challenge တွေခေါ်ပြီး ဝိတ်ချတဲ့နည်းတွေဟာ အခုဆိုရင် အရမ်းကို ခေတ်စားလာပြီး လူငယ်တိုင်းလိုလို လုပ်လာကြပါတယ်။ ထူးအောင်တို့ Star Fitness Gym ခန်းမမှာလည်း Challenge ခေါ်ပြီး (၁)လအတွင်း ဝိတ်ကျစေမယ့် ကစားနည်းတွေနဲ့ သေသေချာချာ သင်ကြားပေးမှာလို့လည်း သိရပါတယ်။ ဒီတော့ ဝိတ်ချချင်တဲ့ မတ်မတ်တွေ၊ ခန္ဓာကိုယ်အချိုးအစားလှပချင်တဲ့ Shawty လေးတွေအတွက် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမကြီးပေါ်က Star Fitness Gym ကို သွားရောက် ကစားကြဖို့ လမ်းညွှန်ပေးလိုက်ပါတယ်နော် ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။