ထိုင်ဝမ်မှာ လိင်တူလက်ထပ်ခြင်း ( same sex marriage ) ကို တရားဝင်ခွင့်ပြုလိုက်ပြီ

ထိုင်ဝမ်နိုင်ငံမှာ လိင်တူလက်ထပ်ခြင်းကို ပြီးခဲ့တဲ့ဖေဖော်ဝါရီက အဆိုတင်သွင်းခဲ့ပြီး လက်ရှိမှာတော့ အဲ့ဒီဥပဒေက အတည်ဖြစ်သွားပြီဖြစ်ပါတယ်။


၂၀၁၆ ရွေးကောက်ပွဲမှာ တိုးတက်တဲ့ထိုင်ဝမ်ဒီမိုကရက်တစ်ပါတီက အနိုင်ရခဲ့ရင် လိင်တူလက်ထပ်ရေးခွင့်ပြုမယ်လို့မက်လုံးပေးခဲ့ပေမယ့် တကယ်တမ်းဖြစ်မလာခဲ့တဲ့အတွက် ကွန်ဆာဗေးတစ်တွေက ၂၀၁၆ ကနေ ၂၀၁၈ အထိ နှစ်နှစ်တာ တိုက်ပွဲဝင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာမှာ ပြုလုပ်တဲ့ လိင်တူလက်ထပ်ရေးအတွက်ပြည်သူ့ဆန္ဒခံယူပွဲအပြီးမှာတော့ ကွန်ဆာဗေးတစ်တွေအနိုင်ရရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ရာမှာတော့ လိင်တူလက်ထပ်ခြင်းကိုခွင့်ပြုရမယ့်အဆိုမူကြမ်းပါ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီမူကြမ်းအရ " လိင်တူစုံမက်သူနှစ်ယောက်၏ နှစ်ဦးသဘောတူနေထိုင်မှု၊ လူမှုအသိုင်းအဝိုင်းနှင့်လိုက်လျောညီထွေရှိမှုတို့သည် ၂၀၁၇ လိင်တူထိမ်းမြားရေးမူကြမ်းအရ နိုင်ငံသားတိုင်းရပိုင်ခွင့်ရှိသောလွတ်လပ်မှုအချုပ်အခြာအောက်တွင်ရှိသည်ကို နားလည်သဘောပေါက်ရမည် " လို့ပါရှိပါတယ်။ အဲ့ဒီစာချုပ်မူကြမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀၁၉ မှာ အဆိုတင်သွင်းခဲ့ပြီး ဖေဖော်ဝါရီ ၂၄ မှာတော့ များပြားတဲ့ LGBT ထောက်ခံသူ၊ တက်ကြွသူတွေက ကိုလွန်းမြို့မှာ စုဝေးမှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။

အခုဆိုရင် လိင်တူလက်ထပ်ရေးကိုအတည်ပြုလိုက်တာကြောင့် ထိုင်ဝမ်မှာရှိတဲ့ LGBT တွေအနေနဲ့ နှစ်ဦးသဘောတူလက်ထပ်မင်္ဂလာဆင်နွှဲတာတွေလုပ်နိုင်ပြီဖြစ်သလို ကလေးလည်းယူလို့ရမှာပါ။ ဒါပေမယ့် အတည်ပြုပြီးနေ့ကနေ လာမယ့် မေ ၂၄ မှ ဒီဥပဒေက စပြီးအသက်ဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

Gabriel
Source - dailymail.co.uk

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။