ကိုယ်ဝန်(၆)လသည်ရဲ့ ပြားချပ်နေတဲ့ ဗိုက်ကြောင့် လူတွေ အားလုံးအံ့သြနေကြ

လူတစ်ယောက်နဲ့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံခြင်း အတော်များများကို မတူညီကြပါဘူး။ တချို့က Gym (၁)ပတ်လောက်ဆော့ရင် ဝိတ်သိသိသာသာကျတတ်သလို တချို့ကျတော့လည်း (၂)ပတ် (၃)ပတ်လောက် ဆော့မှ ဝိတ်ကျတာမျိုးလည်း ရှိပါတယ်။ အခုလည်း ကာရိုလိုင်းနား တောင်ပိုင်းမှာနေထိုင်တဲ့ အသက် (၁၈)နှစ်အရွယ် Reanna Stephens ဆိုတဲ့ ကောင်မလေးဟာ လူမှုကွန်ယက် သုံးစွဲသူများ အံသြထိတ်လန့်လောက်အောင် ကိုယ်ဝန်(၆)လ လွယ်ထားပေမယ့် ဗိုက်လုံးဝမထွက်ဘဲ ပြားချပ်နေခဲ့ပါတယ်။

Reanna ဟာ သူမရဲ့ ကိုယ်ဝန်(၆)လဆိုပေမယ့် ဗိုက်လုံးမထွက်တဲ့ ဗိုက်ကို လူမှုကွန်ယက်ပေါ် ဓာတ်ပုံတွေတင်ခဲ့ပြီးနောက် လူအများ သံသယဝင်ခဲ့ကြသလို အံသြထိတ်လန့်သူများလည်းရှိခဲ့ပါတယ်။ လူ(၁)သန်းမှာ တစ်ယောက်တောင် မဖြစ်နိုင်တဲ့ အနေအထားကို လက်ခံနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့်လည်း Reanna ကို အယောင်ဆောင်ပြီး ကိုယ်ဝန်ရှိတယ်လို့ လိမ်နေတာဖြစ်ကြောင်း၊ ဟာသလုပ်နေခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။

တချို့ လူတွေကတော့ အခုလို ဗိုက်မထွက်ခြင်းဟာ အထဲက ကလေးကိုဒုက္ခရောက်စေကြောင်း၊ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ ပြသကုသသင့်ကြောင်း အကြုံပြုပြောဆိုကြပါတယ်။ အဲ့နောက် Reanna ဟာ သူမမှာ တကယ်ကိုယ်ဝန်ရှိကြောင်း၊ သူမ ဗိုက်ထဲက ကလေးလေးလည်း ကျန်းမာကြောင်း ပြန်ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူမအကြောင်းကို သေသေချာချာမသိဘဲ ဝေဖန်ပုတ်ခတ်ပြီး Comment ပေးတဲ့သူတွေကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ပြန်ရေးပြီး သူမရဲ့ ဗိုက်ထဲက ကလေးလေး ပုံကိုလည်း ပြသခဲ့ပါတယ်။ တကယ်ကို မထင်မှတ်လောက်အောင် ပြားချပ်နေတာပဲနော်…။

 Source; readnewsfeed.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။