ခြေချောင်းလေးတွေက ပြောပြနေတဲ့ သင့်ရဲ့ပင်ကိုယ်သဘာဝအကြောင်း

လူတစ်ယောက်ကို ကြည့်ပြီဆိုရင်ခြေချောင်းလေးတွေကို အရင်ကြည့်ကြသတဲ့။ ခြေချောင်းလေးတွေက အရမ်းကြီးဖြူမနေရင်တောင် စိုစိုပြည်ပြည်လေး၊ ခြေသည်းလေးတွေသန့်ရှင်းပြီး ခြေချောင်းထိပ်လေးတွေ ပန်းရောင်သန်းနေရင် အရမ်းသဘောကျတာ။ လူတစ်ယောက်တကယ်သန့်ရှင်းမှုရှိမရှိက ခြေထောက်ကိုကြည့်ပြီးဆုံးဖြတ်လို့ရပါတယ်။

ဒါ့အပြင်ခြေချောင်းလေးတွေက လူတစ်ယောက်ရဲ့သဘောသဘာဝကိုလည်း ညွှန်းဆိုနိုင်သတဲ့။ ကိုယ့်ရဲ့ပင်ကိုယ်သဘာဝက ဘယ်လိုရှိမလဲဆိုတာ ခြေချောင်းလေးတွေနဲ့လေ့လာကြည့်ရအောင်။

( ၁ ) အီဂျစ်လူမျိုး

ပုံပါအတိုင်း လူတော်တော်များများမှာတွေ့ရတဲ့ ခြေထောက် ပါ။ ခြေမကြီးက အခြားသော ခြေချောင်းလေးတွေထက် ကြီးနေမယ်ဆိုရင် အီဂျစ်လူမျိုး ခြေထောက်ပါ။
သူကတော့ အရမ်းကို ကြင်နာတတ်ပြီး ကဗျာဆန်သူ ဖြစ်ပါလိမ့်မယ်။

( ၂ ) ရောမလူမျိုး

ပုံပါအတိုင်း ခြေမကြီးကစပြီး ခြေခလယ်အထိ အရွယ်အစားက တူနေမယ်ဆိုရင်တော့ သူကတော့ ရောမလူမျိုးပါ။ သူကတော့ နည်းနည်းရှက်တတ်ပါတယ်။
ဒါပင်မဲ့ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်အောင် ဇွဲမလျှော့ပဲ၊ ကြိုးစာမယ်ဆိုတဲ့ စိတ်ဓာတ် က သူ့မှာရှိပါတယ်။

( ၃ ) ဂရိလူမျိုး

ပုံပါအတိုင်း ခြေချောင်း ပိုင်ရှင်ကတော့ ဂီရိလူူမျိုးပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပါလိမ့်မယ်။ ဘာလုပ်လုပ် ကြိုးစားပြီးလုပ်နိုင်သလို၊ ဉာဏ်လည်းကောင်းသူပါ။
လူအများကို သင်ကြားပြသပေးနိုင်သောသူဖြစ်ပါတယ်။

( ၄ ) ခြေခလယ်က ကောက်နေရင်

ခြေခလယ်က ကောက်နေရင်တော့ သွားချင်လာချင်တယ်။ အမြဲတမ်း ခရီးသွားပြီး နေရာသစ်မှာ အတွေ့အကြုံသစ်တွေကို ရယူလိုသောသူပါ။ နောက်ပြီး လိမ်ပြောတာလဲ သိပ်တော်တာကြောင့် သတိထားပါ။

(  ၅ ) ခြေသန်းက အရမ်းသေးရင်

သူကတော့ ကလေးဆန်ပြီး အချိန်ရှိရင် ကစားနေချင်သောသူပါ။

( ၆ ) ခြေသန်းကို လိုအပ်သလို ကစားနိုင်သူကတော့

ခြေသန်းလေးကို လှုပ်ကြည့်ပါ။ ကိုယ်ကြိုက်သလို လှုပ်ပြီး အပြင်ဘက်ကို ကားနိုင်သလောက်ကားနိုင်ရင်တော့ သူကတော့ အပြောင်းအလဲတွေကို မကြောက်ပဲ၊ ရဲရဲဝံ့ဝံ့ရှေ့လျှောက်ရဲသူ ဖြစ်ပါတယ်တဲ့။

Gabriel

Source - howtobasic

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။