ပိုကောင်းလာမလား၊ ပိုဆိုးသွားမလား မသေချာတော့တဲ့ Huawei ရဲ့ အနာဂတ်

Huawei အတွက်တော့ ဒါဟာအိပ်မက်ဆိုးကြီးတစ်ခုပါပဲ။

အမေရိကန်ရဲ့ လုံခြုံရေးဆိုင်ရာမူဝါဒ ကိုအကြောင်းပြုပြီး Huawei ဖုန်းတွေဟာ Google က ထောက်ပံ့ထားတဲ့ app တွေဖြစ်ကြတဲ့ Google Search, Google Maps, Playstore, Youtube နဲ့ Gmail စတာတွေကိုအသုံးပြုခွင့်ရတော့မှာမဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာတစ်ဝန်းက Huawei User တွေအပေါ် ပြင်းပြင်းထန်ထန်သက်ရောက်မှုရှိပါလိမ့်မယ်။

လက်ရှိအသုံးပြုနေတဲ့ Huawei ဖုန်းတွေအနေနဲ့ ဒါဟာချက်ချင်းကြီးဖြစ်မယ့်ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် Huawei အတွက် Android OS Update ထွက်လာတဲ့အချိန်မှာတော့ အပေါ်မှာပြောထားသလိုပဲ ဖြစ်လာမယ်လို့ထင်ရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ အမေရိကန်သမ္မတထရမ့်ပ်ရဲ့ Administration က Huawei ကို trade blacklist ထဲထည့်သွင်းလိုက်ပြီးနောက်မှာ Huawei ဟာ ဒီလိုမျိုးအကျပ်အတည်းတွေကိုရင်ဆိုင်လာရတာဖြစ်ပါတယ်။ နားလည်အောင်ပြောရရင် အမေရိကန် ကုမ္ပဏီတွေနဲ့ Huawei ကြားမှာ ဘာ trade မှမရှိတော့တဲ့သဘောပဲ။ ဂိမ်းလောကဆန်ဆန်ပြောရရင်တော့ Ban လိုက်တာပေါ့။

Huawei အနေနဲ့ဆုံးရှုံးရမှာတွေတော်တော်များပါတယ်။ Google မှာအသုံးပြုနေတဲ့ OS Update တွေ၊ Security System တွေ၊ Playstore နဲ့ Gmail အပြင် Google လိုမျိုးအကြီးဆုံး Search Engine ကိုပါအသုံးပြုလို့ရတော့မှာမဟုတ်တဲ့အတွက် ဒါဟာတော်တော်ကြီးမားတဲ့ ထိုးနှက်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ Trump Administration ကနေ Ban လိုက်တဲ့ Huawei ဖုန်းတွေထဲမှာ နောက်ဆုံးထွက်ထားတဲ့ High-End Flagship ဖြစ်တဲ့ P30, P30 Pro အပြင် Mate 20 လို စူပါပါဝါဖုန်းတွေပါ ပါဝင်နေပါတယ်။

၂၀၁၉ အစမှာတင် Huawei ရဲ့ ရောင်းအားက အများဆုံးဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းအလုံးရေ ၅၉ သန်းအထိရောင်းချခဲ့ရပြီး Apple, Samsung နဲ့ တခြား ဖုန်းကုမ္ပဏီတော်တော်များများကို ကျော်တက်ခဲ့ပါတယ်။

Huawei အနေနဲ့ အခပေး လိုင်စင်ဗားရှင်းဖြစ်တဲ့ Android OS System ကိုတော့ဆက်လက်ပြီးအသုံးပြုခွင့်ရနေဦးမှာဖြစ်တယ်လို့ဆိုကြပေမယ့် ဒါကလည်းဘယ်အချိန်ထိပဲဆိုတာတော့ မသေချာပါဘူး။ အဲ့ဒီတော့ သြဇာကြီးတဲ့ Huawei အနေနဲ့ ဒီတစ်ခေါက်အခက်အခဲကို ဘယ်လိုရင်ဆိုင်မလဲ .. trade wars နဲ့ တခြားပဋိပက္ခတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ ဒီပြသနာကိုဘယ်လိုမျိုး respond ( တုံ့ပြန် ) မလဲဆိုတာကိုစောင့်ကြည့်ရမှာပါ။

အမေရိကန်အကြောင်းကိုနည်းနည်းတော့နားလည်သွားတယ်။ မနိုင်ဘူးဆိုတာမရှိစေရ ... မနိုင်ရင်နိုင်တဲ့အကွက်သုံးပြီးချမယ် .. နောက်ဆုံး မုဆိုးမတိုက်ကွက် တွေသုံးသင့်ရင်လည်းသုံးရမယ်ဆိုတာ ... :3

Gabriel

Source - techjuice.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။