Huawei ဖုန်းတွေကို စင်ကာပူနိုင်ငံမှာ ပြန်ရောင်းဈေး " သုညဒေါ်လာ " အဖြစ်သတ်မှတ်ပြီ

Huawei ရဲ့လက်ရှိအဖြစ်ကတော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဖြစ်နေပြီလို့ပဲပြောရမှာပါ။ လောလောလတ်လတ်သတင်းတွေအရ စင်ကာပူနိုင်ငံမှာ Huawei ဖုန်းတွေရဲ့ resale price ( ပြန်ရောင်းဈေး ) ကို ဖုန်းဆိုင်တွေက သုညဒေါ်လာ အဖြစ်သတ်မှတ်လိုက်ပြီလို့သိရပါတယ်။

ဒါဟာ Google ရဲ့ service တွေသုံးမရတော့တာ၊ အမေရိကန်ကုမ္ပဏီတွေဆီက Chipset တွေဝယ်မရတော့တာ စတဲ့လှိုင်းတွေရဲ့ နောက်က ဆက်တိုက်လိုက်လာတဲ့ လှိုင်းလုံးတစ်လုံးလည်းဖြစ်ပါတယ်။ အခုအခါမှာတော့ စင်ကာပူနိုင်ငံက Huawei User တော်တော်များများစိတ်ပူနေကြပြီး လက်ဝယ်ရှိတဲ့ Huawei device တွေကို ပြန်ရောင်းဖို့လုပ်နေကြတယ်လို့သိရပါတယ်။

ဒါပေမယ့် 0 Resale Price အရ ဆိုင်တော်တော်များများဟာ Huawei နဲ့ပတ်သက်တဲ့ device တွေ၊ ဆက်စပ်ပစ္စည်းတွေကို လက်မခံတော့ပါဘူး။ ဒါဟာ Huawei အတွက်အစပဲရှိပါသေးတယ်။ နောက်ထပ်ရော ဘယ်လိုတွေလာဦးမလဲ .. လှိုင်းပြီးရင် လေငြိမ်သွားမလား .. ဒါမှမဟုတ် ပိုကြီးတဲ့လှိုင်းလုံးကြီးတွေပဲထပ်လာမလား ?

Gabriel
Source - goodyfeed.com


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။