အသက် (၂၆)နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်အချစ်တော် ထူးအောင် 

နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် မော်ဒယ်သရုပ်ဆောင် ထူးအောင်ဟာ ပရိသတ်အားပေးမှုကို ရရှိလာပြီး တဖြည်းဖြည်း အောင်မြင်ကျော်ကြားလာတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အမိုက်စား Body ၊ ချောမောလှပသော ရုပ်ရည်ကိုပါ ပိုင်ဆိုင်ထားတဲ့ ထူးအောင်ဟာ  သရုပ်ဆောင်မှုအပိုင်းမှာလည်း အကောင်းဆုံးကြိုးစားလေ့ရှိတာကြောင့် Fan တွေရဲ့ အားပေးထောက်ခံမှုကို အများဆုံးရရှိနေသူပါ။ အခုဆိုရင် ထူးအောင်ဟာ မော်ဒယ်သရုပ်ဆောင် မင်းသားတစ်ယောက်အနေနဲ့လည်း အနုပညာလောကမှ  ရပ်တည်နေပါပြီ။

မကြာသေးခင်ကလည်း ထူးအောင်ဟာ Star Fitness Gym လို့ အမည်ရတဲ့ အားကစားခန်းမတစ်ခုကို သံသုမာလမ်းမကြီးပေါ်မှာ ဖွင့်လှစ်လိုက်ပြီး သူ့ရဲ့ ပရိသတ်တွေ ဖြစ်ချင်တဲ့ ခန္ဓာကိုယ်အချိုးအစားရရှိစေဖို့ စနစ်တကျ လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။

ယနေ့ မေလ (၂၂)ရက်နေ့မှာတော့ ပရိသတ်အချစ်တော် ထူးအောင်ဟာ အသက် (၂၆)နှစ်ပြည့် မွေးနေ့လေးကို ကျရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ထူးအောင်ကို ချစ်တဲ့ အမာခံပရိသတ်တွေကတော့ မွေးနေ့ဆုမွန်ကောင်းတွေ တောင်းဆုချွေပေးနေပြီးတော့ ထူးအောင်နဲ့ အတူတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုလည်း တင်နေကြတာကိုလည်း တွေ့ရပါတယ်။

ဒီတော့ နောက်ထပ် အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ဦးမယ့် ထူးအောင်တစ်ယောက် အမြဲတမ်းအောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပြီး ချစ်တဲ့ ပရိသတ်ကြီးတွေနဲ့အတူ ကုသိုလ်ကောင်းမှုတွေ၊ ပရဟိတတွေ ဆက်လက်လုပ်ကိုင်နိုင်ပါစေလို့ We Media မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။