ချစ်သူဆီက ကောင်မလေးတွေကြားချင်တဲ့ စကားများ

Relationship တစ်ခုဖြစ်လာပြီဆိုရင် စကားအပြောအဆိုက အရမ်းအရေးပါပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ ဟုတ်တာမဟုတ်တာ နောက်ထား။ သူတို့သဘောကျလောက်တဲ့ စကားတွေသာပြော။ ပြန်မကြိုက်ရင်တောင် သေချာပေါက် စိတ်ထဲက ကျိတ်ပြီး သဘောကျနေတာမျိုး။ ဘယ်လိုပြဿနာတွေပဲ ဖြစ်နေပါစေ သူတို့အကြိုက်လိုက်ပြီးသာပြော။ အိုကေတယ်။ စကားပြောတာ အပေါက်အလမ်း မတည့်လို့ကတော့ ဘယ်လိုပစ္စည်းတွေနဲ့ချော့ချော့ မပျော့ဘူးသာမှတ်။ အလျှောက်ကောင်း အထောင်းသက်သာဆိုတာ မိန်းမတွေမှအစစ်။ ကိုယ့်ချစ်သူကို စိတ်ချမ်းသာစေချင်ရင် လက်ဆောင်တွေ နောက်မှပေး။ ဒီစကားလေးတွေနဲ့ အရင်ချုပ်ထားပါ။ မိန်းမနိုင်နည်းလို့ ပြောရင်လည်း မမှားလောက်ပါဘူး။

ငါမင်းကို ဘာလို့ချစ်လဲသိလား?

couple, ulzzang, and asian image

အမျိုးသမီးတွေက ဘယ်အရာမဆို အတိအကျသိချင်တယ်။ “ငါနင့်ကိုချစ်တယ်”လို့ပြောလိုက်ရုံနဲ့ ကျေနပ်မယ်မထင်နဲ့။ “ဘာလို့ချစ်တာလဲ” ဆိုပြီး အထွန့်ကတက်သေးတာ။ ဒါဟာ အမျိုးသားထုကြီးကို မေးခွန်းသတ်တာပဲ။ မေးလို့မဖြေရင်လည်း ဒေါသကထွက်သေးတာ။ ဖြေပြန်ရင်လည်း စိတ်တိုင်းကျချင်မှကျတာရယ်။ မိန်းမတွေက ဘယ်လိုတောင်လားနော်။ ဒါကြောင့် သူမေးစရာမလိုအောင် ကိုယ့်ဘက်က reason တွေကြိုစဉ်းစားထားပါ။ မကြာခဏ သူ့ကို ဘာကြောင့် ချစ်တယ်ဆိုတဲ့အကြောင်းကို ရှာကြံပြီးသာပြော။

မင်းမှန်တယ်

couple, feelings, and girls image

ပြဿနာဖြစ်လာရင် မိန်းမတွေနဲ့ပြိုင်ပြီး ငြင်းမနေနဲ့။ အရှုံးပေးတာ နှလုံးအေးတယ်။ “အေးပါ မင်းမှန်တယ်နော်” လို့သာ တစ်ခွန်းတည်းပြောလိုက်။ ချက်ချင်းစစ်ပြေငြိမ်းသွားလိမ့်မယ်။ အချိန်တန်လို့ သူ့ဘက်က မှားရင်လည်း ပြန်တောင်းပန်လိမ့်မယ်။ မဟုတ်လို့က နာဂစ်တွေ၊ ဆူနာမီတွေ အလုံးလိုက် အရင်းလိုက် ဝင်ပြီပဲ။ 

မင်းအရမ်းလှနေတယ်

couple, ulzzang, and asian image

စကားလုံးက ရိုးရိုးလေးပဲ။ ဒါပေမဲ့ အရမ်းထိရှတယ်။ အမျိူးသမီးတိုင်းက သူတို့ကို လှတယ်လို့ အပြောခံချင်တာ ဆိုက်ကိုတစ်ခုလိုပဲ။ ဘာရယ်တော့မဟုတ်ဘူး။ အဲဒီစကားလေးတစ်ခွန်းကြောင့် မိန်းမတွေဟာ ကိုယ့်ကိုယ်ကိုယ် ပိုမိုယုံကြည်မှုရှိလာပြီး ချစ်သူရဲ့ချစ်ခြင်းကို ရရှိတယ်လို့လည်း ခံစားရစေလို့ပါ။ 

မင်းမဝပါဘူး

ulzzang, couple, and kfashion image

“မင်း ဝလာတယ်”  လို့ပြောတာကို “မင်းမလှဘူး” လို့ပြောတာထက် အမျိုးသမီးတွေက ပိုစိတ်တိုပါတယ်။ အားလုံးက ဖက်တီးမလို့ ဝိုင်းပြောနေရင်တောင် ချစ်သူက “မင်းမဝပါဘူး” လို့ပြောရင် ပျော်နေတတ်ကြတာ။ တကယ်ဝနေရင်တောင်မှပေါ့လေ။ သူမရဲ့အားနည်းချက်တွေကအစ ချစ်သူကောင်လေးက အကောင်းမြင်စေချင်တယ်။ သူမကို သူမပုံစံအတိုင်းလေးပဲ ချစ်နေတယ်ဆိုတာမျိုးလေး ဖြစ်ချင်ကြတယ်။

မင်းက ဆွဲဆောင်မှုရှိတယ်

couple, ulzzang, and love image

လှတယ်၊ မင်းမဝဘူးဆိုတဲ့ စကားတွေလိုပဲ မင်းက sexy ဖြစ်တယ်ဆိုတဲ့စကားကလည်း အမျိုးသမီးတွေ ကြားချင်တဲ့စကားပါ။ အူကြောင်ကြောင်နိုင်တယ်လို့သင်ထင်ချင်ထင်လိမ့်မယ်။ မိန်းမတွေအတွက် သူ့ချစ်သူကောင်လေးကို သူမ လွှမ်းမိုးထားနိုင်တယ်၊ ဖမ်းစားထားနိုင်တယ်ဆိုတဲ့ ခံစားချက်ဟာ မိန်းမတွေအတွက် Grammy Award လိုပါပဲ။

မိတ်ကပ်မလိမ်းထားတဲ့ မင်းရဲ့ပုံစံလေးကိုချစ်တယ်

couple, ulzzang, and love image 

မိန်းကလေးတွေက သူ့ချစ်သူရှေ့မှာ သိပ်လှချင်ကြပါတယ်။ တွဲတာမကြာသေးရင်ပိုသိသာပါတယ်။ ချိန်းတွေ့တော့မယ်ဆိုရင် ပြင်ရဆင်ရတာ အမော။ အမျိုးသမီးတွေရဲ့နောက်ဆိုက်ကိုတစ်ခုက သူတို့ဘာမှ မပြင်ထားရင်တောင် လှတယ်လို့အပြောခံချင်တာ။ ဒီလိုပြောလိုက်ခြင်းအားဖြင့် သင့်အတွက်အများကြီးအကျိုး ရှိသွားတာ သင်သိပါလား။ သင့်ချစ်သူမိတ်ကပ်ပြင်တာကို ထိုင်စောင့်စရာမလိုတော့ဘူး၊ Salon တွေကို လိုက်ပို့စရာမလိုတော့ဘူး၊ cosmetic တွေဝယ်ပေးစရာမလိုတော့ဘူး။ ကဲ! မကောင်းဘူးလား။

ငါမင်းနားမှာရှိတယ်

aesthetic, couple, and goals image

အမျိုးသမီးတွေရဲ့ ဗီဇထဲမှာကိုက ကိုယ့်ချစ်သူကို အားကိုးချင်တဲ့စိတ်က ကိန်းအောင်းနေတာ။ ကိုယ့်ချစ်သူ ကာကွယ်ပေးတာခံချင်တယ်။ တစ်ကမ္ဘာလုံး ကိုယ့်ဘက်မရှိရင်နေပါစေ။ ကိုယ့်ချစ်သူ ကိုယ့်ဘက်ရှိနေရင် ကျေနပ်နေတတ်ကြတာ။ ဒါကြောင့် “ကိုရှိပါတယ်ကွာ” လို့သင့်ချစ်သူကို ပြောပါ။ အထူးသဖြင့် သူမစိတ်ညစ်နေတဲ့အခါမှာပေါ့။ “မင်းပြောချင်တာတွေရှိရင် ကို့ကို ပြောပါ” ဆိုပြီး သူမခံစားရတဲ့ ဝေဒနာတွေကို မျှဝေပေးပါ။

ငါနားမလည်ဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံးကြိုးစားပါ့မယ်

couple, ulzzang, and ulzzang couple image

ယောက်ျားနဲ့မိန်းမ ဆက်ဆံရေးမှာ ကွဲပြားမှုတွေက အများကြီးရှိနေမှာပါ။ မတူတဲ့ လိင်နှစ်ခုက ဘယ်လိုလုပ် ထပ်တူကျနိုင်ပါ့မလဲ။ တကယ်တမ်းကျ သိပ်ကိုနားလည်တတ်ပါတယ်ဆိုတဲ့ မိန်းမတွေတောင် ယောက်ျားတွေရဲ့သဘောတရားကို နားမလည်နိုင်ပါဘူး။ ယောက်ျားတွေဆို မိန်းကလေးတွေကိုနားလည်ဖို့ ပိုခက်တာပေါ့။ နဂိုတည်းကလည်း မိန်းမဆိုတဲ့အမျိုးက အရမ်းစိတ်ထွေပြားတာ။ နားမလည်နိုင်တာ သင့်အပြစ်မဟုတ်ပါဘူး။ နားလည်ဖို့မကြိုးစားရင်တော့ သင့်အပြစ်ဖြစ်သွားပြီ။

မင်းဒီနေ့အဆင်ပြေလား

couple, ulzzang, and love image

အီးပါသေးပေါက် လိုက်မေးနေတာမျိုးကို ပြောတာမဟုတ်ပါဘူး။ ဒီနေ့အလုပ်အဆင်ပြေလား၊ သင်ခန်းစာတွေလိုက်နိုင်လား၊ သူငယ်ချင်းနဲ့အဆင်ပြေလား။ ဒါမျိုးပေါ့နော်။ ယောက်ျားလေးတွေအတွက် အရေးမပါတဲ့မေးခွန်းတွေက မိန်းကလေးအတွက်ကျ ကမ္ဘာကြီး(၂)ခြမ်း ကွဲမှာထက် ပိုအရေးကြီးလို့ပါ။

ကိုဒါတွေခံစားနေရတယ်

couple and ulzzang image

အမျိုးသမီးတွေဟာ သူ့ချစ်သူရဲ့ခံစားချက်မှန်သမျှနဲ့အတွေးတွေကို သိချင်ကြတာ။ ဒါက အမျိုးသားတွေအတွက်တော့ ခက်တာပေါ့။ ယောက်ျားတွေဆိုတာက ခံစားချက်တွေကို စိတ်တူကိုယ်တူ ယောက်ျားလေး သူငယ်ချင်းတွေကိုပဲ ရင်ဖွင့်တာများတယ်လေ။ ဒါပေမဲ့ပေါ့လေ။ အမျိုးသမီးတွေကကျတော့ သူ့ချစ်သူရဲ့ အရာရာကို သိချင်ကြတာ။ ချစ်သူရဲ့အခက်အခဲကို ဝင်ဖြေရှင်းပေးချင်ကြတာ။ အနည်းဆုံး ချစ်သူအတွက် သူဟာ အသုံးဝင်တဲ့နေရာရှိတယ်ဆိုတဲ့ ခံစားချက်မျိုး မိန်းမတွေက လိုချင်ကြတာ။

မင်းဆီက အကြံဉာဏ်တောင်းချင်လို့

asian, couple, and love image

သင့်ချစ်သူရဲ့အကူအညီကို သင်လိုအပ်ကြောင်း၊ သူမရဲ့အကြံဉာဏ်တွေကို သင်အသိအမှတ်ပြုကြောင်း ဖော်ပြဖို့ ဒီနည်းလမ်းက အကောင်းဆုံးပါပဲ။ သင်ဒီလို မေးခြင်းအားဖြင့် သူမမှာ မရှိသေးတဲ့ အရည်အချင်းတွေကိုတောင် သူမလေ့လာချင်စိတ်ရှိသွားအောင် လှုံ့ဆော်ပေးလိုက်သလိုပါပဲ။ တစ်နည်းအားဖြင့် သူမရဲ့အတွေးအမြင်တွေကို လေးစားရာလည်း ရောက်ပါတယ်။  ခုနက ပြောခဲ့သလို သူမက သင့်အတွက် အသုံးဝင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်လေ။

ပိတ်ရက်မှာ ငါတို့နှစ်ယောက်အတွက် အစီအစဉ်ဆွဲထားတယ်

couple, sky, and tumblr image

အဲလို သူမနဲ့အတူ ကုန်ဆုံးဖို့အစီအစဉ်တွေ ဆွဲပေးတာက သူမကို ဂရုစိုက်တယ်လို့ ခံစားရစေပါတယ်။ အမြဲတမ်းမဟုတ်ရင်တောင် ပိတ်ရက်လေးတွေမှာ၊ နှစ်ပတ်လည်နေ့လေးတွေမှာ သူမအတွက် သီးသန့်အချိန်ပေးပါ။ 

မင်းနဲ့အတူ အချိန်ကုန်ဆုံးရတာကို နှစ်သက်တယ်

တွဲလာတာ ရက်ပိုင်းပဲရှိသည်ဖြစ်စေ၊ နှစ်ချီနေသည်ဖြစ်စေ မိန်းကလေးတွေက အဲဒီစကားကို အမြဲကြားချင်ပါတယ်။ သူမနဲ့တွဲရတာ သင်ပျင်းသွားတာမျိုး လုံးဝဖြစ်ချင်ကြတာ မဟုတ်ဘူးလေ။ 

မင်းရဲ့အရည်အချင်းတွေထဲက အကောင်းဆုံးတစ်ခုက…

couple, boy, and girl image

လူတိုင်းက အချစ်ခံချင်တယ်။ ဒီထက်ပိုဖြစ်ချင်တာက တန်ဖိုးထားအသိအမှတ်ပြုခံချင်တာ။ သူမနဲ့ပတ်သက်လို့ သင့်မှာ တန်ဖိုးထားစရာ၊ အသိအမှတ်ပြုစရာအချက်ရှိတယ်ဆိုတာ သူမသိပါစေ။

ငါလုပ်ပေးမယ်

asian, couple, and kfashion image

ဘယ်လောက်ပဲ အမှီအခိုကင်းတဲ့အမျိုးသမီး ဖြစ်နေပါစေ သူ့ချစ်သူရဲ့အလိုက်တသိ ကူညီမှုကို လိုချင်ကြတာချည်းပဲ။ ဥပမာ-ရေဗူးအဖုံးဖွင့်ပေးတာမျိုး။ သူမ မလုပ်နိုင်လို့မဟုတ်ပါဘူး။ သူမကို သင်ကူညီတယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်ချင်လို့ပါ။ အိမ်ထောင်တစ်ခုမှာဆိုရင်လည်း အိမ်ထောင်မှုတွေ အမျိုးသားက ကူလုပ်ပေးလေ့ ရှိတဲ့ အိမ်ထောင်ရေးက သာယာကြတာများတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

ငါမင်းအတွက် ဘာလုပ်ပေးနိုင်မလဲ

asian, goals, and korean image

မိန်းကလေးတွေဟာ သူတို့ကို support ပေးနိုင်တဲ့သူမျိုးကို သဘောကျပါတယ်။ စပွန်ဆာရှာတာကို ပြောတာမဟုတ်ပါဘူးနော်။ နားလည်မှုမလွဲပါနဲ့။ သူမ အခက်အခဲတွေ့နေတဲ့အချိန် သူမရဲ့သွေးသွားရင်းထက် ပိုအားကိုးတဲ့ သူမချစ်သူဆီကပဲ အကူအညီလိုချင်တာ။ တကယ်ပဲ ဘာမှမကူညီနိုင်ရင်တောင် “ငါလုပ်ပေးနိုင်တာရှိရင်ပြောပါ” ဆိုတဲ့ စကားလေးနဲ့တင် အားတစ်ဝက်ပြန်ပြည့်သွားတာမျိုး။ ဘာမှ မဖြည့်ဆည်းပေးနိုင်ရင်တောင် စကားလေးနဲ့တော့ နှစ်သိမ့်သင့်တာပေါ့။

အမှန်က

couple, ulzzang, and asian image

Relationship တစ်ခုတည်မြဲချင်ရင် အမှန်အတိုင်းပြောပါ။ ခုမှစတွဲတာဆိုရင်တောင် မိန်းကလေးတွေက အမှန်တရားကိုပဲ သိချင်ကြပါတယ်။ အခြေနေအကြောင်းကြောင်းကြောင့် ဖုံးကွယ်ထားရတာရှိရင်တော့ သင့်တော်တဲ့အချိန်ရောက်ရင် “အမှန်က ဒီလိုပါ” ဆိုပြီး ဖွင့်ပြောသင့်ပါတယ်။

ဟိုဘဲမင်းကိုရှိုးနေတယ်

asian, couple, and friends image

အံ့သြသွားလား။ နေဦး။ မိန်းမတွေမှာ နောက်ထပ်ဆိုက်ကို တစ်ခုရှိသေးတယ်။ အဲဒါက သူတို့ကို သဝန်တိုစေချင်တာ။ ချစ်သူနားမှာ ရှိနေစဉ် တခြားဘဲတွေကိုယ့်ကို ရှိုးတာမျိုး ဖြစ်စေချင်ကြတယ်။ ဒါက သူမ ဖောက်ပြန်ချင်လို့မဟုတ်ပါဘူး။ တခြားဘဲတွေရှိုးတာကို သင့်ကို သဝန်တိုစေချင်တာ။ အဓိက ကတော့ သူမရဲ့တန်ဖိုးကို သိစေချင်တာပါ။

ကျေးဇူးတင်ပါတယ်

couple, ulzzang, and korean image

ကျေးဇူးတင်စကားကတော့ ဘယ်သူမဆို ပြောစေချင်မှာပဲလေ။ သင့်ကောင်မလေးကလည်း သင့်ဆီက ကျေးဇူးတင်စကားကြားချင်တာပဲလေ။ ကျေးဇူးတင်စရာမရှိရင် “ကို့ချစ်သူဖြစ်ပေးတဲ့အတွက် ကျေးဇူးပဲကွာ” လို့ပြောပေးပါ။

မင်းတစ်ယောက်ပဲရှိတာပါ

couple image

ဒီစကားက ဘယ်မိန်းကလေးမဆို နေ့တိုင်းကြားချင်တဲ့ စကားပါ။ ဒါကြောင့်မကြာခဏပြောပါ။ စိတ်ထဲမှာပဲ ကျိတ်ပြီး သစ္စာရှိနေလို့မရပါဘူး။ နှုတ်ကနေ ထုတ်ပြောဖို့လိုပါတယ်။ ပြောသလိုလည်း လုပ်ဖို့တော့ လိုတာပေါ့နော်။

ချစ်တယ်

ulzzang, asian, and korean couple image

အချိန်မှန်မှန် မကြာခဏ ပြောပါ။ သတိရတိုင်း အောင့်မေ့တိုင်းပြောပါ။ တစ်ရေးနိုးထပြောပါ။ ပဲလှော်ဝါးစားသလို တတွတ်တွတ်ပြောပါ။ မိန်းမတွေ မရိုးမအီနိုင် အကြားချင်ဆုံး စကားက “ချစ်တယ်” ဆိုတဲ့စကားပါပဲ။ အဲ့ဒီစကားတစ်ခွန်းနဲ့တင် အကြိမ်ကြိမ်သေတာ ချစ်သူကောင်မလေးတွေပေါ့။

ဘယ်လိုလဲ။ လွယ်တယ်မလား။ ဒီလို စကားလေး လေး ငါး ဆယ်ခွန်းလောက်က သင့်ချစ်သူ သင့်ကို ကာမပြန်နိုင်လောက်အောင် ချုပ်နိုင်တယ်ဆိုတာ သိပြီမလား။ ဒီစကားတွေနဲ့သာ အနိုင်ယူမယ်ဆိုရင် မိန်းကလေးတွေက အသာတကြည် အနိုင်ပေးလိုက်မှာ။ မယုံမရှိနဲ့။

Ref; bestlifeonline.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။