အတုံ့အလှည့်အနေနဲ့ Game of Throne ကို တရုတ်မှာဘန်းလိုက်ပြီ

ကဲ ... GOT Fan တွေ ငိုကြဗျာ ...

တော်သေးတာက မြန်မာနိုင်ငံမှာမဟုတ်လို့။ Trade Wars က စလိုက်တဲ့ပြသနာကနေ အခုဆို ဟိုဘက်ဒီဘက် ဘန်း နေရာက တရုတ်ကြီးတစ်ဆင့်တက်ပြီး Game of Throne ပြသခွင့်ကို တရုတ်မှာ ပိတ်ပင်လိုက်ပါပြီတဲ့။

လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက တရုတ်နိုင်ငံမှာ ပြနေတဲ့ GOT ဟာ အခုအချိန်မှာ အမာခံပရိသတ်တွေ သန်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။ လူအင်အားများတာကိုး။ တရုတ်တွေ GOT ကိုဘယ်လောက်ချစ်သလဲ ဆိုရင် ဇာတ်ကောင်တွေဖြစ်ကြတဲ့ Jon Snow တို့ Tyrion Lannister တို့ Denery Tagaren တို့ကို ချစ်စနိုးနဲ့တရုတ်နာမည်တွေတောင်ပေးထားကြသတဲ့။ နောက်ပြီး GOT ဇာတ်လမ်းတွဲကြီးကိုလည်း Quanli De Youxi လို့လည်းခေါ်ကြတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက Tencent ကနေ GOT series ကို ထုတ်လွှင့်ရာမှာ ပြသမှုနောက်ကျခဲ့တဲ့အတွက် ပရိသတ်တွေ စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။ ဒါဟာ ထုတ်လွှင့်မှုပြဿနာကြောင့်ဖြစ်တယ်လို့လည်း Tencent ကပြောပါတယ်။ တကယ်တမ်းမှာတော့ မူရင်း source ဖြစ်တဲ့ HBO က ပြသချိန်မှာ သူတို့ network မှာတော့ ဘာပြဿနာတစ်စုံတစ်ရာမှမရှိခဲ့ဘူးတဲ့။ ဒါဆို ကြားထဲက တစ်စုံတစ်ခုက ခလောက်ဆန်လိုက်တာပေါ့။

ဟုတ်မဟုတ်တော့မသိ။ တရုတ်အစိုးရဘက်က Tencent ကို GOT မထုတ်လွှင့်ဖို့ပြောခဲ့တာဆိုပဲ။ GOT ဟာ တရုတ်မှာအရမ်းလူကြည့်များတဲ့ စီးရီးစ်တစ်ခုဖြစ်ပြီး Tencent ပေါ်မှာတင် livestream ကြည့်ရှုသူ သန်းပေါင်း ၅၅၀ ရှိခဲ့တယ်လို့ Wallstreet Journal က ထုတ်ပြန်ခဲ့ပါတယ်။

Gabriel
Source - washingtonpost

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။