ကိုယ့်ချစ်သူကို Public မထုတ်ပြချင်သူတွေအတွက် ဓာတ်ပုံရိုက်နည်းများ

ကိုယ့်ရဲ့အချစ်ရေးကိစ္စတွေကို လူသိရှင်ကြား အကုန်ဖွင့်ချတတ်တဲ့သူတွေရှိသလို အကန့်အသတ်လေးတွေ ထားပြီး လျှို့ဝှက်စွာ တွဲတဲ့သူတွေလည်း ရှိမှာပါပဲ။ ဘာကြောင့် လျှို့ဝှက်ရလဲ ဆိုတဲ့ အကြောင်းပြချက်တွေ အများကြီး ရှိမှာပေ့ါ။ သေချာတာတစ်ခုကတော့ မိမိရဲ့ personal တွေ ကို social media ပေါ်မှာ အကုန်လျှောက်တင်တာမျိုးတွေ မလုပ်သင့်ပါဘူး။ လျှိုသင့်တာတွေကို လျှိုရမယ်လေ။ ကိုယ့်မှာ ချစ်သူရှိတယ်။ ဒါပေမဲ့ သူဘယ်သူလဲဆိုတာ သူများတွေကို လျှိုထားချင်တယ်ဆိုရင် ဒီလိုမျိုး ဓာတ်ပုံလေးတွေရိုက်ပါ။

မျက်နှာကို လက်နဲ့ဖုံးပြီးရိုက်မယ်

လက်ကို ပုံစံမျိုးစုံလုပ်ပြီး ရိုက်ပါ။ ဘယ်လိုလုပ်လုပ် မျက်နှာကို အုပ်ဖို့အရေးကြီးတယ်။ 

couple, love, and ulzzang image

couple and asian image

Mask အုပ်ပြီး ရိုက်မယ်

မသိရင် ဆယ်လီလိုလို၊ သွေးကင်ဆာရှိသလိုလိုပေါ့။ ??  Mask အုပ်ပြီး ရိုက်တာလည်း ရိုက်တတ်ရင် အထာကျတယ်နော်။ အထင်မသေးနဲ့။

aesthetic, couple, and fashion image 

couple, ulzzang, and asian image

အရိပ်ကိုရိုက်မယ်

အရိပ်ကို ပုံစံလေးတွေဖော်ပြီး ရိုက်တာက ပျော်စရာလည်းကောင်းသလို ရိုမန်းတစ်လည်း ဆန်ပါတယ်။ အရိပ်ဆိုတော့ ကိုယ်လိုရာပုံသွင်းလို့ရတယ်လေ။ အရပ်ပုနေလည်း ရှည်အောင် ပုံဖော်လို့ရတယ်။ 

couple, korean, and ulzzang image 

couple, ulzzang, and korean image

beaty, beauty, and couple image

တွဲထားတဲ့လက်ကိုရိုက်မယ်

လက်သန်းချိတ်တာ၊ လက်ကိုကိုင်စုတ်တာ ကြိုက်သလို လုပ်လို့ရပါတယ်။ Couple Ring လေးဘာလေး ဝတ်ပြီး ရို လို့လည်း ရတာပေါ့။

ဦးထုပ်နဲ့ကာပြီး ရိုက်မယ်

ဦးထုပ်ကြွားသလိုလို ဘာလိုလိုနဲ့ ရုပ်ဆိုးဆိုးကြီးတွေကိုကာတာပေါ့နော်။ ?? ဘာပဲဖြစ်ဖြစ် ဒါလည်း အထာကျတာပဲလေ။

couple, ulzzang, and supreme image

ulzzang, cute, and couple image

ပစ္စည်းတစ်ခုခုကာပြီးရိုက်မယ်

ဦးထုပ်မရှိလည်း အနားမှာ ရှိတဲ့ပစ္စည်းတစ်ခုခုနဲ့သာ ကာလိုက်။ မျက်နှာတွေ မမြင်ရရင် ပြီးတာပဲ။

couple, ulzzang couple, and dating image

boy, cotton candy, and summer image

နောက်ကျောကနေရိုက်မယ်

ရှုခင်းလှလှလေးမှာ နောက်ကျောပေးပြီးရိုက်ပါ။ ရှုခင်းလှလှလေးလည်း ကြည့်ရ၊ ရုပ်ဆိုးဆိုးကြီးတွေလည်း မမြင်ရတော့ဘူး။ တစ်ချက်ခုတ် နှစ်ချက်ပြတ်။

ulzzang, aesthetic, and asian image

couple, asian, and korean image

ခေါင်းငုံ့ရိုက်မယ်

Mirror Selfie ရိုက်တယ်ဆိုရင်တောင် မျက်နှာမမြင်ရအောင် ဖုန်းနဲ့ကာတာ၊ ဆံပင်တွေနဲ့အုပ်ထားတာ၊ ခေါင်းကို ငုံ့ထားတာမျိုးလေးတွေ ရိုက်ပါ။ 

couple, love, and boy image

ulzzang, aesthetic, and couple image

ပေါက်ကရပို့စ်တွေပေးပါ

မျက်နှာမမြင်ရအောင် ပုံစံမျိုးစုံလုပ်ပါ။ လက်နဲ့ကွယ်တာ၊ မှောက်ခုံလှဲတာ၊ အင်္ကျီနဲ့အုပ်တာမျိုးတွေ လုပ်ပါ။ ပေါက်ကရပုံတွေဆိုတော့ ရယ်လည်းရယ်ရတယ်လေ။

couple, asian, and ulzzang image

asia, boys, and dark image

အလင်းမှိန်တဲ့အချိန်မှာရိုက်ပါ

ညနေစောင်းတို့၊ ဓာတ်မီးတိုင်အောက်တို့လိုမျိုး အလင်းမှိန်တဲ့အချိန်မှာ ရိုက်ပါ။ မှောင်နေတော့ သဲသဲကွဲကွဲမမြင်ရတော့ဘူး။ ဒီတော့ ဘယ်သူမှန်းမသိတော့ဘူးပေါ့။ ??

couple, korean, and asian image 

couple, love, and ulzzang image

အဝေးကရိုက်မယ်

မမြင်ရလေ ကောင်းလေ ဆိုတော့ ခပ်ဝေးဝေးကသာရိုက်။ မနီးမဝေးဆိုရင်လည်း မျက်နှာကို မမြင်ရအောင် ကင်မရာရဲ့ဆန့်ကျင်ဖက်ကို လှည့်ထား။ 

couple, ulzzang, and love image

ဒီလိုပုံလေးတွေက အတွဲတိုင်းရိုက်လို့ရတာပဲလေ။ အမြဲတမ်း Selfie ကြီးပဲဆွဲနေရတာ မပျင်းဘူးလား။ တစ်ခါတလေ အခုလိုမျိုးလေး မျက်နှာမမြင်ရအောင် ရိုက်ကြပေါ့။ ကိုယ်ရုပ်ဆိုးတာလည်း လူမသိတော့ဘူး။ ? FA တွေလည်း တစ်ယောက်ယောက်ကို ခဏခေါ်ပြီး ရိုက်ချင်ရိုက်လို့ရတာပဲနော်။ ဘာပဲဖြစ်ဖြစ် ငါ့မှာလည်း အတွဲပုံရှိတယ်လို့ကြွားနိုင်ပြီလေ။ OK!

By Paulina

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။