သင်မသိသေးတဲ့ ကမ္ဘာပေါ်က ဆန်းကြယ်သောအရာများ

( ၁ ) ကြောင်တွေတော်တော်များများဟာ သူတို့ သက်တမ်းရဲ့ ၆၆ % ဟာ အိပ်စက်ခြင်းနဲ့ ကုန်ဆုံးတတ်ကြတယ်တဲ့။ သူတို့လည်း သက်ရှိတွေပဲဆိုတော့ အိပ်စက်ခြင်းက သူတို့အတွက် မရှိမဖြစ်တဲ့ အရာထဲမှာလည်း ပါတာပေါ့။


( ၂ ) ရွှေငါးတွေရဲ့ ထူးခြားချက်ကတော့ သူတို့တွေဟာ အနီအောက်ရောင်ခြည်တွေရော ခရမ်းလွန်ရောင်ခြည်ကိုပါ ၂ မျိုး စလုံးမြင်နိုင်တယ်လို့ သိရပါတယ်။


( ၃ ) JULY လကနေ NOVEMBER လအထိ အစစကားလုံးတွေ ရဲ့ ပေါင်းစည်းလိုက်ခြင်းဟာ လူနာမည် “JASON” ဖြစ်သွားပါတယ်။ ဒါဟာ ကျွန်တော် သတိမထားမိတဲ့အချက်တွေပဲနော်။


( ၄ ) ကမ္ဘာပေါ်မှာ ချောကလက်အစားဆုံးနိုင်ငံဟာ ဆွစ်စလန်နိုင်ငံဖြစ်ပါတယ်။


( ၅ ) အင်္ဂလိပ်ဘာသာစကားမှာ “Dreamt” ဆိုတဲ့ စကားလုံးသာ “mt” နဲ့ ဆုံးသော တစ်လုံးတည်းသော စကားလုံးဖြစ်တယ်လို့ သိရပါတယ်။


( ၆ ) ချစ်သူရည်စား စုံတွဲအများစုကတော့ ငွေရေးကြေးရေးတွေကြောင့် ပြဿနာတက်တာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ယုံကြည်နာလည်မှုတွေ သစ္စာတွေမရှိတဲ့ မသိတော့တဲ့ ဒီခေတ်ကြီးထဲမှာတော့ ဒီလိုဖြစ်တတ်ဆိုတာ မဆန်းပါဘူးလေ။


( ၇ ) တိုက်ကြီး ၇ တိုက်ထဲမှာ သက်ဝင်မီးတောင် မရှိတဲ့ တစ်ခုတည်းသောတိုက်ဟာ သြစတြေးလျတိုက်ပဲဖြစ်ပါတယ်။


( ၈ ) မိုးကြိုးပစ်တဲ့အချိန်မှာ မိုးကြိုးရဲ့ အပူချိန်ဟာ ၃၀၀၀၀ ဒီဂရီ ဆဲလ်စီယပ်စ်ထိ ရှိနိုင်တယ်လို့ လေ့လာ တွေ့ရှိချက်အရ သိရပါတယ်။


( ၉ ) ကမ္ဘာပေါ်မှာ အရှည်ဆုံးကားလမ်းကတော့ ကနေဒါနိုင်ငံ တိုရွန်တိုဒေသက Yonge လမ်းပဲဖြစ်ပါတယ်။ အရှည်အနေနဲ့က ၁၈၉၆ ကီလိုမီတာ (၁၁၇၈) မိုင် ရှည်လျားတယ်လို့ သိရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။