အားလုံးမျှော်လင့်နေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်မယ့်နေ့ ကြေညာလိုက်ပြီ

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မျှော်လင့်နေကြတဲ့ (၂၀၁၉)ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို လာမယ့် (၂.၆.၂၀၁၉)ရက်နေ့ တနင်္ဂနွေနေ့မှ နံနက် (၀၆း၀၀)အချိန်မှာ ထုတ်ပြန်ကြေညာတော့မယ်လို့ သိရပါတယ်။ အဆိုပါ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများမှာ တစ်ချိန်တည်း ကပ်ထားမည်လို့လည်း သိရပါသေးတယ်။

– အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊

- ရန်ကင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊

– ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊

– လမ်းမတော်မြို့နယ် ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊

– ဒဂုံမြို့နယ် ၊ အမှတ် ( ၂ ) အခြေခံပညာ အထက်တန်းကျောင်း နှင့်

– သင်္ကန်းကျွန်းမြို့နယ် ၊ အမှတ် ( ၁ ) အခြေခံပညာ အထက်တန်းကျောင်း တို့တွင်လည်း တိုင်းဒေသကြီး၊ ပြည်နယ်များရဲ့ အောင်စာရင်း များကို ကပ်ထားပေးမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီး / ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် ပညာရေးမှူးရုံးများတွင် လည်းကောင်း ၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူး ရုံးများတွင် လည်းကောင်း၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် လည်းကောင်း (၂ -၆-၂၀၁၉) ရက်နေ့ နံနက်(၆)နာရီ နောက်ပိုင်းတွင် စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဒါ့အပြင် အောင်စာရင်းထွက်တဲ့ (၂.၆.၂၀၁၉)ရက်နေ့ နံနက်(၆)နာရီနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ရန် စီစဉ် ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

(၂၀၁၈) ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း အဟောင်းကြည့်ရင် Link 

http://2018.myanmarexam.org/?fbclid=IwAR3-MPq0mYmb8GeOEuOfQ7QYeGSvcaaTGWPtnJCzsxhnOgJHvhr8gVOrbMk

(၂၀၁၉) ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့်ရင် Link 

http://2019.myanmarexam.org/?fbclid=IwAR3vCDL_UsxHjQU-NyMBOQZTkDOpHKcIlSrxWgvJzBc8K82jiq7n8y8Hcd4

Crd; မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။