မီးသတ်ကိုအနိုင်ကျင့်တာလား .. မီးသတ်ကအနိုင်ကျင့်တာလား

ခုနလေးကပဲ ဗွီဒီယိုတစ်ခုတက်လာတယ်။

Mya Wut Yee ဆိုသူ အကောင့်ပိုင်ရှင်အမျိုးသမီးပါ။ အဲဒီဗွီဒီယိုကိုတော့ မီးသတ်ရှေ့ကားပိတ်ရပ်မိတဲ့ မိန်းကလေးတစ်ယောက်ကို အုပ်စုဖွဲ့အနိုင်ကျင့်ပြောဆိုမှုများ ဆိုပြီး caption တပ်ထားတယ်။ အဲဒါနဲ့ဘာလဲသိချင်တော့ဝင်ကြည့်မိတယ်။

ဗွီဒီယိုစလာကတည်းက အော်ဟစ်နေတဲ့အမျိုးသမီးအသံကိုစကြားရတယ်။ ဘာတွေမှန်းနားမလည်ဘူး။ အဲ့ဒါနဲ့သေချာအောင်နားထောင်ကြည့်မှ မီးသတ်ရှေ့ကားပိတ်ရပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စကားများမှန်းသိတော့တယ်။

အမျိုးသမီးပြောသွားတာ အားလုံးနီးပါးနားမလည်ပေမယ့် သေချာတာကတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ အုပ်စုဖွဲ့ပြောဆိုတယ်ဆိုတာမဟုတ်ပါဘူး။ အမျိုးသမီးက သူမဖြစ်ချင်တာကို အော်ဟစ်ပြောဆိုနေတဲ့အတွက် တစ်ဖက်မီးသတ်တပ်ဖွဲ့ဝင်တွေ နဲ့ ယာဉ်ထိန်းရဲက ပြန်လည်ရှင်းပြချိန်မရဘူးဖြစ်နေပါတယ်။ နောက်ဆုံးတော့ အမျိုးသမီးက ဒီဖြစ်ရပ်ကိုရဲတိုင်မယ် ဆိုပြီး ပြောဆိုသွားခဲ့တယ်။ တစ်ဖက် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်ထိန်းရဲကြည့်ရတာ အမျိုးသမီးကို ဖြန်ဖြေဖို့ကြိုးစားနေတဲ့ပုံပါပဲ။ ဒါပေမယ့် ဘယ်လိုမှဖြန်ဖြေမရတဲ့အဆုံး စကားနည်းရန်စဲသဘောနဲ့ပြောချင်ရာပြော ဆိုပြီးထားလိုက်ကြပုံပေါ်ပါတယ်။

ဒီဖြစ်ရပ်ကို အွန်လိုင်းအသုံးပြုသူတော်တော်များများသုံးသပ်ကြရာမှာတော့ live လွှင့်တဲ့အမျိုးသမီးဘက်က မှားတယ်လို့ဆိုကြတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးကားရပ်ထားတဲ့နေရာက ( ကားရပ်ခွင့်မရှိတဲ့ ) မီးသတ်ဥပစာရှေ့မှာမို့လို့ပါ။ ရန်ကုန်မြို့လိုနေရာ၊ အခုလို အပူချိန်ပြင်းတဲ့ မေလလိုရာသီမျိုးမှာ မီးလောင်တာတွေရှိတတ်ပါတယ်။ မီးဘယ်နေရာ၊ ဘယ်အချိန်လောင်မယ်ဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက် မီးလောင်ခဲ့သည်ရှိသော် အဆင်သင့်ငြိမ်းသတ်နိုင်ဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့မီးသတ်ကားတွေအကုန်လုံး standby ရှိရပါတယ်။ အဲ့ဒီလိုအချိန်မှာ မီးသတ်ဌာနရှေ့ကားပိတ်ရပ်တာမျိုး .. အပေါက်ပိတ်နေတာမျိုးကတော့ လက်မခံနိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ပိတ်ထားတဲ့ကား ( ဘယ်သူ့ကားကြီးပဲဖြစ်နေနေ တိုက်သင့်ရင်တိုက်ပြီးထွက်ရပါမယ် ) အဲ့ဒါ ပြဌာန်းထားတဲ့ဥပဒေပါ။

အခုက မီးသတ်တပ်ဖွဲ့ဝင်တွေ လာပြီးပြောတယ်ဆိုတာလည်း တစ်ခုခုဖြစ်လို့ မီးလောင်ခဲ့သည်ရှိသော် ကားတွေထွက်မရမှာစိုးလို့လာပြောတာပါ။ အထူးသဖြင့် နောက်ဆုံးအခြေအနေမှာ ကားနဲ့တိုက်ပြီးထွက်ခဲ့ရင် ကားထဲမှာ လူရှိနေရင် လူတစ်ခုခုဖြစ်ခဲ့ရင် တိုက်တဲ့သူတွေ ဌာနတွေပဲရှင်းရမှာ။ သူပြောသလို အုပ်လိုက်ဝိုင်းပြောဆိုတယ်ဆိုတာက မီးသတ်ဌာနလိုနေရာမျိုးမှာ လူကတော့များမှာပဲလေ။ ပြီးတော့ ယောကျာ်းလေးတွေချည်းပဲကို။ ပြီးတော့ သူက စမှားနေတာဖြစ်တဲ့အတွက် သူ့ကိုဝိုင်းပြောကြမှာပဲ။ ဒါကို နားလည်ရပါမယ်။

အမျိုးသမီးကတော့ Live ထဲမှာ ဒါဟာ ကားပိတ်ရပ်လို့ဖြစ်ရတယ်ဆိုတာ တစ်ခွန်းမှထည့်မပြောသွားပဲ မီးသတ်က လူတွေအုပ်စုဖွဲ့အနိုင်ကျင့်တယ်လို့ပြောပါတယ်။ နောက်ဆုံး သူ့ဟာသူခြံစည်းရိုးပြင်ဖို့လုပ်နေတဲ့ဦးလေးကြီးကိုပါ သူမကိုရိုက်နှက်ဖို့လုပ်နေပါတယ် ဆိုပြီး ပြောဆိုထားပါသေးတယ်။

လက်ရှိမှာတော့ သူမရဲ့ အကောင့်မှာတော်တော်လေးလူစည်နေပါတယ်။ အားလုံးက သူမမှားတဲ့အကြောင်းပြောနေကြပေမယ့် သူမဘက်ကတော့ မလျှော့သေးပါ။ အမှန်လို့ပြောနေဆဲပါပဲ။ အက်ဒမင်အထင်တော့ ဒီဖြစ်ရပ်က စကားတွေနဲ့အော်ကြီးဟစ်ကျယ်လုပ်နေရမှာမဟုတ်ပဲ ပြဌာန်းထားတဲ့ ဥပဒေတွေ နည်းစနစ်တွေအတိုင်းဖြေရှင်းရမယ်လို့ထင်ပါတယ်။ ဒါမှလည်း အဖြေပေါ်မှာပါ။

သူမအကောင့်မှာဝင်ရေးကြတဲ့လူတစ်ချို့ရဲ့အပြောကတော့ ဒီလိုမျိုးဖြစ်ရပ်ဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူးတဲ့။ ရှေ့မှာလည်း အခုလိုဖြစ်ရပ်မျိုးတော်တော်များများရှိခဲ့သေးတယ်လို့ဆိုပါတယ်။ ဖြစ်ရပ်တိုင်းမှာလည်း သူမက live လွှင့်ပြီး ပြောဆိုခဲ့တာချည်းပါပဲ။ တစ်ချို့ကတော့ အမျိုးသမီးကသက်သက် follower ရှာနေတာလို့ပြောတယ်။ တစ်ချို့ကလည်း ပွဲရှာတာ တဲ့။


အက်ဒမင်ကတော့ မပြောတတ်ပါဘူး။ သိလည်းမသိဘူး။ ဒီဘက်ခေတ် မြန်မာ့ဖေ့စဖွတ်လောကကြီးက သပွတ်အူထက်တောင်ရှုပ်သေးတာကိုးဗျ။
">
Gabriel
Source  - Mya Wut Yee fb account
Picture Credit - all pictures belonged to original uploaders

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။