မိန်းကလေး ဖြစ်ရခြင်းရဲ့အားသာချက်များ

“မိန်းကလေးဖြစ်ရတာမကောင်းပါဘူးကွာ၊ မလွတ်လပ်ဘူး” ဆိုပြီး ညီးညူဖူးလား။ တကယ်တော့ ယောက်ျားလေးတွေမရနိုင်တဲ့ လွတ်လပ်မှုမျိုးတွေ၊ အကျိုးကျေးဇူးတွေ မိန်းကလေးတွေမှာ ရှိပါတယ်။ မြင်အောင်ကြည့်ရင် မြင်ရမှာပါ။

ထိပ်မပြောင်ဘူး

Image result for baldness

အမျိုးသားတွေဟာ အသက်အရွယ် ရလာတာနဲ့အမျှ ဆံပင်တွေပါးပြီး ထိပ်ပြောင်လာတတ်ပါတယ်။ အမျိုးသမီးတွေမှာတော့ ဒီလိုပြဿနာ မရှိပါဘူး။ မိန်းကလေးတွေရဲ့ခန္ဓာကိုယ်မှာပါတဲ့ ခရိုမိုဇုန်းတွေက ထိပ်ပြောင်ခြင်းမဖြစ်အောင် ကာကွယ်ထားနိုင်လို့ပါ။ ဆံပင်အရှည်ထားတဲ့ ကောင်မလေးတွေဆိုရင် ပိုပြီး ထိပ်ပြောင် မလွယ်ပါဘူး။ 

ရွေးချယ်စရာ အဝတ်အစား များတယ်

aesthetic, angels, and artist image

ဖက်ရှင်ပိုင်းနဲ့ပတ်သက်လာရင် မိန်းကလေးတွေက တစ်ပမ်းသာပါတယ်။ စကော့တလန်လူမျိုးမဟုတ်ဘူးဆိုရင် ယောက်ျားလေးတွေ စကပ်ဝတ်တာဟာ လူရယ်စရာပါပဲ။ မိန်းကလေးတွေက ကြိုက်တဲ့အဝတ်အစားကို ကြိုက်သလို ပုံဖော်ဝတ်လို့ရတယ်။ ယောက်ျားတစ်ယောက်က ပုံမှန်ထက်ဆန်းတဲ့ ဒီဇိုင်းတွေထွင်ပြီဆိုရင် လူအများ ဝေဖန်ခံရဖို့များပါတယ်။ Runway မော်ဒယ်လ်တွေဆိုရင်တော့ တစ်မျိုးပေါ့။ 

Ladies First

Image result for ladies' first

အရေးပေါ်အခြေအနေတွေမှာဆိုရင် Ladies First ဆိုပြီး မိန်းကလေးတွေက ဦးစားပေးခံရတယ်။ ဒါကြောင့် မိန်းကလေးတွေဟာ အသက်ရှင်ဖို့အခွင့်အရေးပိုရတယ်။ Titanic ကားကိုပဲကြည့်။ အမျိုးသမီးနဲ့ ကလေးတွေကို အရင်လှေပေါ်တက်ခိုင်းတယ်။ မင်းသမီးကို ဦးစားပေးလို့ မင်းသားသေသွားရတယ်။ ဒါ့အပြင် ပုံမှန်လုပ်နေကျ လူမှုဆက်ဆံရေးတွေမှာတောင် အမျိုးသမီးတွေက ဦးစားပေးခံရတယ်။ ဥပမာ-ဘက်စ်စီးရင်တောင် အမျိုးသမီးတွေကို ဦးစားပေးထိုင်ခိုင်းတာမျိုး။ အမျိုးသမီးဖြစ်နေရုံလေးနဲ့ အခွင့်ထူးခံလူသားတစ်ယောက်အဖြစ် အမြဲဆက်ဆံခံရတယ်။ 

Ladies’ Nights

ဘားတွေ၊ ကလပ်တွေမှာဆိုရင် Ladies’ Night ဆိုပြီး အမျိုးသမီးတွေအတွက် ဝင်ကြေး ဈေးလျှော့ပေးတာတို့၊ Free ဝင်ခွင့်တို့ ဆိုတာမျိုးတွေ ရှိပါတယ်။ Men’s Nights ဆိုတာမျိုးတော့မရှိပါဘူး။ 

ငိုချင်ရင် စိတ်ကြိုက်ငိုလို့ရတယ်

Image result for crying lady gif

ယောက်ျားတွေကို မငိုရဘူးဆိုပြီး သတ်မှတ်ထားတာတော့မရှိပါဘူး။ ဒါပေမဲ့ လူမှုပတ်ဝန်းကျင်မှာ “ယောက်ျားတန်မဲ့ မျက်ရည်ကျနေတယ်” ဆိုပြီး ဝေဖန်ကဲ့ရဲ့ခံရတာမျိုးတွေပဲ ရှိပါတယ်။ ဒါကြောင့်လည်း အမျိုးသားတွေဟာ အရမ်းခံစားနေရရင်တောင် မျက်ရည်ထိန်းကြပါတယ်။ မိန်းကလေးတွေကတော့ ငိုချင်သလောက် ငိုလို့ရပါတယ်။ လမ်းလယ်ခေါင် အာပြဲနဲ့အော်ငိုလို့လည်း ဘယ်သူမှ ထူးဆန်းသလို ကြည့်မှာမဟုတ်ပါဘူး။ 

အတင်းတုတ်လို့ရတယ်

မိန်းကလေးမို့အတင်းတုတ်တာလေ။ ဘာဖြစ်လဲ။ ဘာမှမဖြစ်ဘူး။ ယောကျ်ားလေးတွေများ အတင်းတုတ်ကြည့် “ယောက်ျားတန်မဲ့ မိန်းမလိုမိန်းမရ ပြောတယ်” လို့အပြောခံရမယ်။ 

ရန်ဖြစ်ရင် လက်ပါလို့ရတယ်

Every couple fights about this at least once

ရန်ဖြစ်တဲ့အခါ အမျိုးသားဘက်က အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ရင် အနိုင်ကျင့်တယ်လို့ ဝိုင်းပြောကြမှာပါ။ “ယောက်ျားဖြစ်ပြီး အားနွဲ့တဲ့မိန်းကလေးကို လက်နဲ့ရွယ်တယ်” ဆိုပြီး ရွယ်ရင်တောင် အပြစ်ရှိပါတယ်။ နပန်းလုံးပြီး သတ်ပုတ်နေတာခြင်း အတူတူတောင် ယောက်ျားလေးဘက်က ပိုအပြစ်ရှိတယ်လို့ ယူဆကြတယ်လေ။ 

မိန်းကလေးအချင်းချင်းဖက်လို့ရတယ်

လူကြားထဲမှာ မိန်းကလေးအချင်းချင်း ဖက်လဲှတကင်းနေလို့ ဘယ်သူမှ ဘာမှမပြောပါဘူး။ ယောက်ျားနှစ်ယောက် အဲလိုနေနေရင်တော့ ကွက်ကြည့် ကွက်ကြည့် နဲ့ ဘာတွေလဲလို့ ထင်ခံရမှာပါ။ 

အသက်ရှည်တယ်

လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ရှည်ပါတယ်။ မိန်းကလေးတွေ လုပ်ရတဲ့အလုပ်တွေက အန္တရာယ်များတဲ့ အလုပ်တွေ မပါတာလည်း တစ်ကြောင်းပေါ့။ ကျန်းမာရေးဖက်ကို ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးတွေထက် အမျိုးသားတွေကသာ အရက်၊ ဆေးလိပ်လိုမျိုး ကျန်းမာရေးထိခိုက်စေတဲ့ အစားအစာတွေကြောင့် မကျန်းမမာ ပိုဖြစ်ကြပါတယ်။ 

ကိုယ်ဝန်ဆောင်နိုင်တယ်

လူတစ်ယောက်ကနေ နောက်လူသားတစ်ယောက် ဖြစ်တည်လာအောင် ဖန်တီးနိုင်တာက အမျိုးသမီးတွေပဲ လုပ်နိုင်တာပါ။ လူသားတစ်ယောက် အသွေးအသားဖြစ်တည်လာအောင် ပျိုးထောင်ပေးနိုင်တဲ့ အတွင်းအဂါၤနဲ့ သွေးသားဟာ အမျိုးသမီးတွေမှာပဲ ရှိပါတယ်။ ဒီလိုအရမ်း မြင့်မြတ်တဲ့ ဖြစ်စဉ်ဟာ အမျိုးသမီးတွေမှာပဲ ဖြစ်တည်ပါတယ်။ ဒါ့အပြင် ကလေးအတွက် အာဟာရဖြစ်တဲ့ နို့်ရည်ကြည်ကိုလည်း မိခင်ကသာ ထုတ်နိုင်ပါတယ်။

တွေ့လား။ မိန်းကလေးတွေလည်း လွတ်လပ်တဲ့နေရာတွေ ရှိပါသေးတယ်။ ဒါကြောင့် “ကြက်ဥနဲ့ ကြက်မှာ ဘယ်ဟာက အရင်ဖြစ်တာလဲ” ဆိုပြီး ခေါင်းစားမနေပါနဲ့။ အသေချာဆုံးတစ်ခုက ကြက်ဥကို ကြက်မကသာလျှင် ဥနိုင်ပါတယ်။ ဒီအချက်လေးတစ်ချက်လေးနဲ့တင် မိန်းကလေးဖြစ်ရတာကို ဂုဏ်ယူသင့်နေပါပြီ။

Ref; womensarticle.com

By Paulina