အားနာတတ်လွန်းတဲ့ ကိုယ့်အားနည်းချက်ကို ဘယ်လိုပြုပြင်မလဲ

ကိုယ့်ကို အကူညီတောင်းလိုက်လို့ အားနာရင်း ကူညီရာကနေ ကိုယ့်ဒုက္ခကိုယ် ရှာမိနေတယ်ဆိုတာ သိကြပါသလား 

အားနာခြင်းက လူ့ကျင့်ဝတ်နဲ့ ကိုက်ညီအောင် နေထိုင်ပြုမူနေရတယ်ဆိုပေမဲ့ ဒီနောက်ကွယ်မှာ ကိုယ်တိုင်တောင် သတိမထားမိတဲ့ အကြောင်းရာတွေပေါ်ပေါက်လာတတ်ပါတယ်။ 

ဒီလူက စိတ်ရင်းကောင်းတယ်  ကိုယ့်ကို ခင်တဲ့သူတွေက အကူညီတောင်းကြည့်တယ်။ တစ်ခါတလေ ကူညီတာတော့ မှန်ပါတယ်။ တချိူ့ကတော့ ခင်မင်မှုပျက်မှာ ဆိုးလို့ဆိုပြီး အမြဲ အားနာတယ်။  အမြဲကူညီတယ်။ အမြဲလိုက်လျောပေးတယ်။ 

သူတို့ တွေက နောက်ဆုံးတော့ ကိုယ့်ဆီက အခွင့်ရေးယူတဲ့သူတွေဖြစ်သွားတယ်။ ကိုယ့်ကို တန်ဖိုးမထားကြတော့ပါဖူး  ။ ဒီလိုဆိုတော့ ဘယ်လိုမျိုး  အဆင်ပြေနေတော့မလဲ 

၁. ငြင်းပစ်ပါ။ 

 ဆောရီး သူငယ်ချင်း မကူညီချင်လို့ မဟုတ်ပါဖူး ဒါက ငါ့အတွက် အဆင်ပြေမနေဖူး လို့ ကောင်းကောင်းမွန်မွန်ပြောပြီး ငြင်းပစ်ပါ 

၂. ကိစ္စတစ်ခုခုကို အကြောင်းပြပါ။ 

ဒါက မုသားဆိုပေမဲ့ ဘယ်လိုလိမ်တတ်ရမလဲဆိုတာ ကိုယ်တိုင်သင်ယူသင့်တယ်။ 

၃. ရူးချင်ယောင်ဆောင်ပါ ။ 

 အကူညီတောင်းလာရင် အော် ဟုတ်လား နင်လုပ်နိုင်မယ်ထင်တယ် ငါ ကူညီဖို့ နေနေသာသာ နင့်ဆီကနေတောင် အကူညီပြန်တောင်းရအုံးမယ် စသဖြင့် ရူးချင်ယောင်ဆောင်ပြီး အကွက်တွေရွေ့ပါ ။ 

အားနာတတ်တယ်နော် ကိုယ်လဲ ပြန်ပြီး အားမနာတမ်း ငြင်းသင့်တာရှိရင် ငြင်းလိုက်ပါ။ ကိုယ်ကိုကိုယ် ဒါအမှားလုပ်တာလားလို့ ဆိုက်ကို ကြီးလဲမဝင်ပါနဲ့  ကိုယ့်အတွက် မှန်ကန်တာကို လုပ်တယ်ဆိုတာ သိသင့်ပါတယ် 

SoRa  

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။