နွားနို့ထဲက ရေဖယ်နည်း

နွားနို့ဝယ်ရင် အနည်းအများတော့ ရေရောကြမှာပါ။ 

နို့တစ်ပိဿာဝယ်ရင် ငါးဆယ်သားက ရေချည်းပဲ။ 

We Food ရဲ့ ပရိတ်သတ်တွေအတွက် နွားနို့ထဲက ရေဖယ်နည်းလေး ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးလုပ်ရမှာက

နွားနို့ကို ရေသန့်ဗူးထဲထည့်ပြီး ရေခဲသေတ္တာရဲ့ အခဲခန်းမှာ ခဲအောင်ထားပေးပါ။

နို့ဗူးခဲသွားရင် အခန်းအပူချိန်ထဲ ပြန်ထုတ်ထားလိုက်ပါ။

နွားနို့ရည်တွေကတော့ အလွယ်တကူ တခဏအတွင်း ပြန်ပျော်ဝင်လာနိုင်ပေမယ့် 

ခဲနေတဲ့ရေကတော့ အလွယ်တကူ မပျော်လာနိုင်ပါဘူး 

ပျော်ဝင်လာသည့်နွားနို့ကိုသာ အိုးထဲသို့ သွန်ချယူခြင်းဖြင့် နို့နှင့်ရေကို အလွယ်တကူ ခွဲခြားနိုင်မှာဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။