ပုရစ်စားမိလို့ အခန့်မသင့်ရင် သေတတ်ပါတယ်

ပုရစ်ဟာ စားသင့်တဲ့ အင်းဆက်တစ်မျိုးပါ။

သုတေသနတွေအရ ပုရစ်မှာ ပရိုတင်းနဲ့ အမိုင်နို အက်ဆစ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက်တောင် အများကြီး အထောက်အကူပြုပါသေးတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာ  စီးပွားရေးသမားတွေက ပုရစ်ဖမ်းတဲ့အခါ သမားရိုးကျအတိုင်း မီးထွန်းပြီး တစ်ကောင်ချင်း လိုက်ဖမ်းတာမျိုးမဟုတ်ဘဲ အန္တရာယ်သိပ်များတဲ့ နည်းတွေ သုံးလာကြတာပါ။

ပုရစ်ဆိုတဲ့ အကောင်တွေဟာ ကုက္ကိုစေ့ကြိုက်ကြပါတယ်။

ပုရစ်တွေအကြိုက်ဆုံး ကုက္ကိုစေ့ကို ထောင်းပြီး ပိုးသတ်ဆေးနဲ့ နယ်

ပြီးရင် ပရစ်တွေ ကျတတ်တဲ့နေရာမှာ ညဘက်ထားလိုက်ရင် မနက်ကျ တံမြက်စည်းနဲ့တောင် ကြုံးယူရလောက်အောင် တောင်ပုံ ယာပုံ ရပါတယ်။

နောက်တစ်နည်းကတော့ ဆိုက်ပါမီသရင်းလို့ခေါ်တဲ့ စိုက်ပျိုးရေးသုံး အပြင်းစား ပိုးသတ်ဆေးတစ်မျိုးကို ရေနဲ့ဖျော်၊  အဝတ်ပတ်ထားတဲ့ တုတ်စမှာ အဲ့ဒီ ဆေးရည်ကို ဆွတ်ပြီး ပုရစ်တွင်းဝမှာ တေ့ထားတာပါ။

ပုရစ်က ဆေးနံ့ မခံနိုင်တော့ဘဲ အပြင်ထွက်လာတော့မှ ကောက်ဖမ်း လိုက်ရုံပါပဲ။

နှစ်မျိုးစလုံးက တကယ်ကို အန္တရာယ်များလွန်းပါတယ်။ စာရေးသူရဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် ပဲခူးဘက်မှာ ပုရစ်တွေ ဝယ်စားမိခဲ့ရာကနေ ပိုးသတ်ဆေးအဆိပ်သင့်ပြီး ဆေးရုံတစ်ပါတ်လောက် တက်လိုက်ရတာ မျက်မြင်ကိုယ်တွေ့ကို ကြုံခဲ့ဖူးပါတယ်။ တော်တော်ကို ပြင်းပြင်းထန်ထန် ကုသလိုက်ရတာပါ။

ဒါကြောင့်မို့ အစားမတော် တစ်လုတ်ဆိုတာမျိုးမဖြစ်ရလေအောင် ဆင်ခြင်သတိလေးရှိကြစေဖို့ We Media ရဲ့ ပရိတ်သတ်တွေအတွက် အသိပေး ရေးသားလိုက်ရပါတယ်။ပုရစ်ဟာ ဒီနိုင်ငံမှာ လူအတော်များများကလည်း ကြိုက်တတ်ကြတာဖြစ်တဲ့အတွက် ပုရစ်ကြိုက်တဲ့သူတွေသာမက သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကပါ သတိပြုမိရလေအောင် ဝေမျှပေးကြဖို့ တောင်းဆိုရင်း နိဂုံးချုပ်လိုက်ပါတယ်။

“ မြန်မာပြည်သူ ပြည်သားအပေါင်း အဆိပ်ရှိ အစားအသောက်များ အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ”

June Nine Aung 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။