ယနေ့မှာ သြင်္ဂိုလ်လိုက်ပြီဖြစ်တဲ့ မစိမ့်ထက်ရဲ့ ဈာပနမြင်ကွင်း

အားလုံးသိကြတဲ့ ကချင်ပြည်နယ်က ဖန်ကရန်ရာဇီတောင်ကို တက်ခဲ့ပြီး အပြန်လမ်းမှာ တောင်အောက်ကို ပြုတ်ကျသေဆုံးသွားခဲ့တဲ့ မစိမ့်ထက်ရဲ့ ရုပ်အလောင်းကို ယနေ့ မေလ (၃၀)ရက်နေ့ နေ့လည် (၁၃း၃၀)အချိန်မှာ စတင်မီးသြင်္ဂိုလ်လိုက်ပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၅)ရက်နေ့က ပြန်လည်တွေ့ရှိခဲ့သော မစိမ့်ထက် ရုပ်အလောင်းကို မှုခင်းဆရာဝန်တွေ စစ်ဆေးပြီးမှ ပူတာအိုမြို့နယ်၊ ရှမ်းရွာသင်္ချိုင်းမှာ မီးသြင်္ဂိုလ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ အမြင့်ပေ (၁၁၈၀၀)မှာ မစိမ့်ထက်ရဲ့ ရုပ်အလောင်းကို စတင်တွေ့ပြီလို့ သတင်းများ ထွက်ပေါ်လာတည်းက ပြည်သူအများ မဟုတ်ပါစေ၊ မဖြစ်ပါစေနဲ့ ဆုတောင်းနေပေမယ့်လည်း ယနေ့မှာတော့ မစိမ့်ထက်တစ်ယောက် တကယ်ကို နှုတ်ဆက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီတော့ မစိမ့်ထက်ရဲ့ ဈာပနမြင်ကွင်းကို We Media ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source; Si Thu Maung FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။