“ချစ်မေတ္တာဖြင့် ချက်မည် မက်ဂီ” အမေများနေ့ ဟင်းချက်ပြိုင်ပွဲကြီး ပြုလုပ်ကျင်းပ

မေလ (၁၁) ရက်နေ့က Junction Square မှာ MAGGI ကနေ ကြီးမှူးကျင်းပတဲ့ အမေများနေ့ အထိမ်းအမှတ်အဖြစ် “ချစ်မေတ္တာဖြင့် ချက်မည် မက်ဂီ” ဟင်းချက်ပြိုင်ပွဲကြီးကို ကျင်းပခဲ့ပါတယ်။

အဆိုပါပွဲမှာ နိုင်ငံကျော်အဆိုတော် ဝိုင်းစုခိုင်သိန်းနှင့်အတူ အခြားသော အနုပညာရှင်များရဲ့ သီဆိုဖျော်ဖြေမှုများ ၊ Lucky Draw အစီအစဉ်များ၊ Special Promotion အစီအစဉ်များ ၊ မေမေနဲ့ ကလေးများအတွက် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဂိမ်းအစီအစဉ်များနှင့်အတူ “ချစ်မေတ္တာဖြင့်ချက်မည် မက်ဂီ” ဟင်းချက်ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ ဆန်ကာတင် ပြိုင်ပွဲဝင် ၂၅ ဦးရဲ့ အဆင့်ဆင့် ချက်ပြုတ်ယှဉ်ပြိုင်မှု အစီအစဉ်များလည်း ပါဝင်ခဲ့ပါတယ်။

"ချစ်မေတ္တာနှင့်ချက်မည်" ဟင်းချက်ပြိုင်ပွဲကြီးတွင်

ပထမဆု ၁၀ သိန်းကျပ်ကို ဒေါ်သန္တာအေး မှ လည်းကောင်း၊ ဒုတိယဆု ၅သိန်းကျပ်ကို ဒေါ်နှင်းနု မှ လည်းကောင်း၊ တတိယဆု ၃သိန်းကျပ်ကို ဒေါ်အိအိထွေး မှ လည်းကောင်း အသီးသီး ဆွတ်ခူးသွားခဲ့ပါတယ်။

ပြိုင်ပွဲမှ ပုံရိပ်အချို့ကိုလည်း We Media ရဲ့ ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။