ကားထဲမှာ ရေသန့်ဗူး မထားခဲ့သင့်သည့် အကြောင်းအရင်း

လူတော်တော်များများက ကားထဲမှာ ရေသန့်ဗူး ဆောင်ထားတတ်ကြပါတယ်။ ရေဆာတတ်လို့ဖြစ်စေ၊ ကားထဲကို ရေဖြည့်ဖို့ ဆောင်ထားသည်ဖြစ်စေ ရေသန့်ဗူးကို ကားထဲမှာ မထားပစ်ခဲ့ပါနဲ့။ အထူးသဖြင့် နေအရမ်းပူတဲ့နေ့မျိုးမှာ ပလတ်စတစ်ရေသန့်ဗူးကို ကားထဲ မထားခဲ့ပါနဲ့။ 

Related image 

ပလတ်စတစ်ဗူးကို ကားထဲထားခဲ့တာက သိပ်အရေးကြီးတဲ့ ကိစ္စ မဟုတ်ဘူးလို့ လူတွေက ထင်ကြပါတယ်။ မီးသတ်သမားတွေနဲ့ကျွမ်းကျင်ပညာရှင်တွေကတော့ ပလတ်စတစ်ဗူးကို ကားထဲထားခဲ့တာက မီးဘေးအန္တရာယ်ရှိကြောင်း အခိုင်အမာပြောဆိုထားပါတယ်။

Image result for never leave a bottle in car 

ရေသန့်ဗူးကို ကားထဲက ထားခဲ့တာ အန္တရာယ် ရှိတယ်ဆိုတဲ့ သက်သေတွေလည်း ဗီဒီယိုနဲ့တကွ ရှိပါတယ်။ Dioni Amuchastegui ဆိုသူဟာ ကားပါကင်မှာ နေ့လည်စာစားနေတုန်း ညှော်နံ့ရတယ်ဆိုပြီး ရှာဖွေကြည့်တော့ သူ့ရဲ့ရေသန့်ဗူးက ဖြစ်နေတာကို သိလိုက်ရပါတယ်။ သူကြည့်လိုက်တဲ့အချိန်မှာ ရေသန့်ဗူးက စတင်လောက်ကျွမ်းနေပါပြီ။ သူ့ရဲ့ထိုင်ခုံကိုတောင် အပေါက်ဖြစ်သွားလောက်အောင် လောက်ကျွမ်းနိုင်တဲ့ အပူချိန်မျိုး ရှိတယ်လို့ သူကဆိုပါတယ်။ တကယ်လည်း မီးကျွမ်းတဲ့အရာလေး နှစ်ခု ထင်ကျန်ခဲ့ပါတယ်။ သူကားထဲမှာ ရှိနေတာ ကံကောင်းသွားတယ်လို့ ဆိုရမှာပါ။ သူလည်း ရေဗူးရဲ့အပူချိန်ကို သာမိုမီတာနဲ့တိုင်းကြည့်တော့ ၂၁၃ ဒီဂရီဖာရင်ဟိုက်တောင် ရှိပါတယ်။

Related image 

ရေသန့်ဗူးဝိုင်းထဲမှာ ရှိတဲ့ ရေဟာ မှန်ဘီလူးတစ်ခုလို နေရောင်ခြည်ကို စုဝေးပေးနိုင်ပါတယ်။ ရေသန့်ဗူးကို နေရောင်ခြည်သာ တိုက်ရိုက်ကျနေမယ်ဆိုရင် မတော်တဆ မီးလောက်မှု ဖြစ်နိုင်ပါတယ်။ Oklahoma Midwest ရဲ့မြို့တော်မီးသတ်ဌာနက ဒီဖြစ်စဉ်ကို လက်တွေ့စမ်းသပ်ခဲ့ပါတယ်။ ရေထည့်ထားတဲ့ ရေသန့်ဗူးကို နေနဲ့ထိတွေ့စေတဲ့အခါ ၂၅၀ ဒီဂရီဖာရင်ဟိုက်ရှိတဲ့ မီးကို အပူကိုဖြစ်စေတာကို တွေ့ရှိခဲ့ကြပါတယ်။

 

ဒါကြောင့် ကားထဲမှာ ပလတ်စတစ် ရေသန့်ဗူးတွေထားခဲ့တာ အန္တရာယ်များတဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဒါ့အပြင် နေအပူချိန်ကြောင့် ရေဗူးထဲက chemical တွေ ရေထဲကို စိမ့်ဝင်သွားနိုင်ပါတယ်။ အဲဒီရေကို သောက်မိရင် ကျန်းမာရေးအတွက် လုံးဝမကောင်းနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပလတ်စတစ်ဗူးတွေ ၊ ပလတ်စတစ်အိတ်တွေ ဆိုတာ လျှော့သုံးဖို့လိုပါတယ်။ ပလတ်စတစ်က ကမ္ဘာကြီးအတွက် ကောင်းကျိုးထက် ဆိုးကျိုးများတဲ့ အရာတစ်ခုပါပဲ။

Ref; elitereaders.com

By Paulina