Gay တွေကို မသေမချင်း ကျောက်ခဲနဲ့ပစ်ပေါက်ခွင့် တရားဝင်ရရှိတော့မယ့် နိုင်ငံ

သင်ဟာ LGBTQ+ ရဲ့Fan တစ်ယောက်ဖြစ်မယ်ဆိုရင် သင်လုံးဝ မသွားချင်လောက်မယ့် နိုင်ငံတစ်နိုင်ငံ ရှိပါတယ်။ မကြာသေးခင်က ကြားသိရတဲ့ သတင်းတွေအရ နိုင်ငံတစ်နိုင်ငံမှာ လိင်တူချင်း ချစ်ကြိုက်တဲ့သူတွေကို သေတဲ့အထိ ရိုက်နှက်တာ၊ ကျောက်ခဲနဲ့ပေါက်တာမျိုး တရားဝင်ခွင့်ပြုပေးတော့မယ်လို့ သိရပါတယ်။

Related image

အစကတည်းကလည်း အဲဒီ့နိုင်ငံမှာ လိင်တူချင်းလက်ထပ်တာက တရားမဝင်ပါဘူး။ Gay ဖြစ်နေတဲ့သူတွေကို ပြစ်ဒဏ်သတ်မှတ်လို့ရသလို၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်လို့လည်းရပါတယ်။ အခုလည်းထပ် Law အသစ်ထပ်ထွက်လာပါတော့မယ်။ ဒီတစ်ခါတော့ ပိုကြမ်းတဲ့ ဥပဒေလာပါပြီ။

Related image

နိုင်ငံရေး လေ့လာသူ Rachel Chhoa-Howard ဟာ အင်တာဗျုးတစ်ခုမှာ အခုလိုပဲ ဖြေကြားထားပါတယ်။

“လတ်တလော ထုတ်ပြန်မယ့် ပြစ်မှုဥပဒေမှာ Gay တွေကို ကျောက်တုံးနဲ့ပေါက်ခြင်း၊ လိင်အင်္ဂါဖြတ်တောက်ခြင်း စတဲ့အပြစ်မျိုး ပေးနိုင်ပါလိမ့်မယ်။ ကလေးတွေတောင် မချန်ပါဘူး။ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ဥပဒေမျိုး ထုတ်ပြန်ဖို့အစီအစဉ်ကို ရပ်တန့်ဖို့လိုပါတယ်။ ပြစ်မှုဥပဒေဟာ လူ့အခွင့်အရေးကို ချိုးဖောက်သလို ဖြစ်နေပါတယ်။ အပြည်ပြည်ဆိုင်ရာက အဖွဲ့အစည်းတွေကလည်း ဒီဥပဒေ မထုတ်ပြန်ဖို့ ဝိုင်းဝန်းပြောကြဖို့လိုပါတယ်”

Related image

အဲဒီ့နိုင်ငံမှာ ၂၀၁၄ ကစပြီး Gay တွေနဲ့ပတ်သက်လို့ တင်းကြပ်တဲ့ ဥပဒေတွေ ထုတ်ခဲ့ပါတယ်။ လက်မထပ်ပဲ ကိုယ်ဝန်ရှိတာ၊ သောကြာနေ့ ဆုတောင်းခြင်းကို ပျက်ကွက်တာတွေအတွက် ဒဏ်ကြေးကောက်တဲ့ဥပဒေ၊ ထောင်ချတဲ့ဥပဒေတွေလည်း ရှိပါတယ်။ ဒီလောက် ဥပဒေတွေ တင်းကြပ်နေရတဲ့အထဲ အခုလည်း ဥပဒေ ထပ်ထုတ်ဖို့လုပ်ပြန်ပါပြီ။ 

Related image

အဲဒီနိုင်ငံရဲ့ဘုရင်က “ဒီပြစ်မှုဥပဒေကိုထုတ်ပြန်တာက အပျော်သက်သက်မဟုတ်ဘူး။ ကိုရမ်ကျမ်းထဲမှာ ရေးထားတဲ့အတိုင်း အလာဟ်ရဲ့စည်းမျဉ်းတွေကို လိုက်နာဖို့ဖြစ်တယ်” လို့ပြောကြားခဲ့ပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ဂျာမနီ နိုင်ငံတွေက လူတွေဟာ ဆန္ဒပြကန့်ကွက်မှုတွေ လုပ်နေကြပါတယ်။ George Clooney, Ellen DeGeneres နဲ့Elton John တို့လို ဆယ်လီတွေတောင် ဒီဥပဒေကို ကန့်ကွက်သူတွေနဲ့ ပူးပေါင်းထားပါတယ်။

Image result for stoing gale people brunei postal codw

ခုလို ပြင်းထန်တဲ့ ဥပဒေကို ထုတ်ပြန်လိုက်တာကတော့ ဘရူနိုင်း နိုင်ငံပဲ ဖြစ်ပါတယ်။ ဘာလို့ ဒီဥပဒေကို ထုတ်တာလဲ။ ဘယ်သူ့အတွက် အကျိုး ရှိလို့လဲ ဆိုတာကို လူတွေက မေးခွန်းထုတ်နေကြပါတယ်။ ဘရူနိုင်းဘုရင်ကတော့ လတ်တလော ဒီဥပဒေကို ခေတ္တရွှေ့ဆိုင်းထားပါတယ်။ သို့ပေမယ့်လည်း ဒါဟာ နိုင်ငံတကာရဲ့ဖိအားကို လွှဲရှောင်ချင်လို့ ခဏတာရပ်ဆိုင်းလိုက်ခြင်းသာ ဖြစ်မယ်လို့မယုံသင်္ကာ ဖြစ်နေကြပါတယ်။ အခြေအနေတွေ ပြန်လည်ငြိမ်သက်သွားရင် သူတို့ရဲ့ဥပဒေကို ပြန်အကောင်အထည် ဖော်လာနိုင်ချေရှိပါတယ်။ တကယ်သာ ဒီဥပဒေ အတည်ပြုလိုက်မယ်ဆိုရင်တော့ ဘရူးနိုင်ငံက LGBT တွေအတွက် ရင်လေးစရာပါပဲ။

Ref; elitereaders.com

By Paulina