ကမ္ဘာမှာ ယာဉ်ကြောအပိတ်ဆုံး နိုင်ငံများ

ကားတွေဟာ လူတွေကို အချိန်ကုန်လူပင်ပန်း သက်သာစေတဲ့ ယာဉ်တစ်မျိုး ဖြစ်ပေမဲ့ ကားလမ်းတွေ ပိတ်တာ ကတော့ အတော်လေးဆိုးရွားတဲ့ ပြဿနာတစ်ခုပါ။ ရုံးအချိန်အမှီရောက်ဖို့အတွက် လမ်းပိတ်တာကို ကာမိ အောင် အိမ်ကနေ အစောကြီးထွက်ရသလို ညနေအပြန်မှာလည်း ယာဉ်ကြောထဲမှာ အကြာကြီးပိတ်မိနေတာ ဟာ လူတွေကို ပိုပင်ပန်းစေပါတယ်။ 

အဲဒီလိုယာဉ်ကြောပိတ်တဲ့ ပြဿနာဟာ ဒီတစ်နိုင်ငံထဲမှာတင် ကြုံတွေ့နေရတာ မဟုတ်ပါဘူး။ နိုင်ငံအတော် များများမှာလည်း ကြုံတွေ့နေကြရပါတယ်။ အဲဒါကြောင့် ဆိုးဆိုးရွားရွား လမ်းတွေပိတ်လေ့ရှိပြီး ကမ္ဘာမှာ ယာဉ်ကြောအပိတ်ဆုံးနိုင်ငံတွေကို ဖော်ပြပေးလိုက်ပါတယ်။

American

လော့အိန်ဂျလိစ်၊ နယူးယော့ခ်မြို့တော်၊ ဆန်ဖရန်စစ္စကိုနဲ့ မိုင်ယာမီတို့လို အရှုပ်ထွေးအစည်ကားဆုံး ထိပ်တန်း မြို့တော်တွေ ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ယာဉ်ကြောအပိတ်ဆုံးနိုင်ငံတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်နေတာဟာ အဆန်းတော့မဟုတ်ပါဘူး။ ကားအသုံးပြုမှုများပြားပြီး လူတွေစည်းကားလွန်းတာ ကြောင့် လမ်းအသေးလေးတွေ ဖန်တီးထားပေမဲ့ ကမ္ဘာလှည့် ခရီးသွားအများအပြား နှစ်စဉ်ဝင်ရောက်လာတတ် တာကလည်း လမ်းပိတ်စေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။

Thailand

အိမ်နီးချင်း ထိုင်းနိုင်ငံဟာလည်း အတော်လေးယာဉ်ကြောပိတ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ထိုင်းဟာ ကမ္ဘာအနှံ့အပြားက ဧည့်သည်ဝင်ရောက်မှုများပြားလွန်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အဲဒါကလည်း ယာဉ်ကြော ပိတ်စေတဲ့ အကြောင်းအရင်းတစ်ရပ်ပါ။ 

China

တရုတ်နိုင်ငံဟာ အံ့သြဖွယ်ကောင်းလောက်အောင် စီမံထားတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကြောင့် နာမည်ကျော်ကြားပေမဲ့ နေထိုင်သူများပြားလွန်းတာကြောင့် ယာဉ်ကြောတွေပိတ်ဆို့နေတုန်းပါပဲ။ နိုင်ငံတစ်ဝန်း မှာ ကားပိုင်ဆိုင်နှုန်းကလည်း အတော်လေးလျင်မြန်စွာ တိုးတက်များပြားလာပါတယ်။ အဲဒီအပြင် မြို့ကြီး တော်တော်များများဟာ ရှုပ်ထွေးလှတဲ့ လမ်းတွေ၊ မြေအောက်လိုဏ်ခေါင်းကွန်ယက်တွေနဲ့ ပြည့်နှက်နေပြီး ကားမောင်းသူတွေအတွက် မျက်စိလည်ချင်စရာ ဖြစ်နေတာကလည်း အကြောင်းအရင်းတစ်ခုပါပဲ။

Mexico

မက္ကဆီကိုမြို့တော်ဟာ မြောက်အမေရိကမှာ လူဦးရေအမြင့်မားဆုံးဖြစ်ပြီး အဲဒီကနေထိုင်သူတွေဟာလည်း နေ့စဉ် အလုပ်အသွားအပြန်ကိစ္စတွေမှာ နာရီပေါင်းများစွာကြာအောင် အချိန်ကုန်ဆုံးနေကြရပါတယ်။ လေ့လာ တွေ့ရှိချက်တွေအရဆိုရင် မြို့တော်ကကားမောင်းသူအများစုဟာ နှစ်စဉ်နှစ်တိုင်း ယာဉ်ကြောတစ်ခုစီမှာ နာရီ ပေါင်း ၂၁၉ နာရီလောက် အချိန်ကုန်ဆုံးရပါတယ်။ အဲဒီလိုလမ်းပေါ်မှာ နာရီပေါင်းများစွာကားပိတ်တာဟာ နိုင်ငံရဲ့ လေထုညစ်ညမ်းမှုကို မြင့်တက်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

Romania 

ရိုမေးနီးယားဟာ လှပတဲ့နိုင်ငံတစ်နိုင် ဖြစ်တာကြောင့် ယာဉ်ကြောမှာ နာရီပေါင်းများစွာ ပိတ်မိနေတာတောင် မျက်စိပသာဒဖြစ်စရာတွေနဲ့ သာယာနေပါသေးတယ်။ မြို့တော် Bucharest ဟာ ဆိုးရွားစွာလမ်းပိတ်လေ့ရှိတဲ့ ဧရိယာဖြစ်ပြီး အတော်လေးဆိုးရွားတဲ့ အချိန်တွေလည်း ရှိပါတယ်။   

by Cherry Mon

Ref; Worldation

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။