ညိုချောလေးတွေရဲ့ ရှိရင်းစွဲ အသားရောင်ထက် ပိုပြီးဖြူလာစေမယ့် နည်းလမ်း 

ကျနော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်၊ သူငယ်ချင်းများကြားနဲ့ အလုပ်ခွင်မှာ အသားညိုတဲ့ လူတွေဟာ အမြဲတမ်း အစအနောက်ခံရတတ်ပါတယ်။ ချစ်တဲ့ခင်တဲ့ သူငယ်ချင်းတွေက ချောကလက်မှိုတက်တို့၊ မဟူရာအသားရောင်တို့ စတဲ့ နည်းလမ်းမျိူးစုံနဲ့ မခံချင်အောင် စနောက်ကြတာမို့ အသားညိုသူတွေအဖို့ စိတ်ဆိုးစရာတွေ ဖြစ်စေပါတယ်။ ဒါပေမဲ့ ညိုချောငိုပြောတောင် မရဘူးဆိုတဲ့ စကားအတိုင်း ညိုချောတွေ ချောပြီဆိုရင် အနားလာငိုပြီး ချစ်ခွင့်ပန်ရင်တောင်မရနိုင်ဘူးလို့ ရှေးလူကြီးတွေ အပျော်သဘောနဲ့ သတ်မှတ်ထားခဲ့ဖူးပါတယ်။ အခုတော့ သင်ဟာ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေ စနောက်တာမချင်တော့လို့ အသားဖြူချင်နေပြီဆိုရင်တော့ အောက်မှာ ဆက်လက်ဖော်ပြမယ့် အချက်လေးတွေကို လိုက်လုပ်ကြည့်ပေါ့။ တကယ် အကျိုးပြုမှာအသေအချာပါဘဲ။

ယနေ့ခေတ်မှာ အသုံးပြုနေတဲ့ အသားဖြူဆေးတွေ၊ လိုးရှင်းတွေလိုမျိုး ဓာတ်မတည့်တဲ့ Side Effect မရှိဘဲ လွယ်လွယ်ကူကူလေး ပြုလုပ်နိုင်တဲ့ နည်းဖြစ်တဲ့အပြင် အသုံးပြုပြီးတာနဲ့ တော်တော်လေးကို သိသိသာသာ ဖြူဝင်းသွားစေမယ်လို့ အများကလည်း ဆိုဖူးကြပါတယ်။

ပြုလုပ်နည်း

ပထမဦးဆုံးအနေဖြင့် Body Scrub အရင်လုပ်ရပါမယ်။ နောက်ပြီး ပန်းကန်လုံး တစ်ခုထဲကို သကြား လက်ဖက်ရည်ဇွန်း (၁)ဇွန်းထည့်ပါ ။ ပြီးရင် အရည်သီးသန့် ညှစ်ထားသော လိမ္မော်ရည် (၃)ဇွန်း ၊ သံလွင်ဆီ (၁)ဇွန်း ၊ ပျားရည် (၁)ဇွန်း ထပ်ထည့်ပါ။ အကုန်လုံးထည့် ပြီးပြီဆိုရင် သမအောင်မွှေပြီး Scrub လုပ်နိုင်ပါပြီ။ Scrub လုပ်ဖို့အတွက် ရောမွှေထားတဲ့ အရည်ကို အသားအရေပေါ်မှာ နှိပ်နယ်လိမ်းပေးပါ။ ပြီးလျှင် ရေစိုဝတ်ဖြင့် ပွတ်တိုက်ပေးပါ ။ အချိန်အတေ်ာကြာ ပွတ်တိုက်ပြီးပြီဆိုရင်တော့ ရေနွေးလေးဖြင့် ဆေးကြောလိုက်ပါတော့။

Scrub လုပ်ပြီးသွားရင် နောက်တစ်ဆင့်လုပ်ရမှာကို အသားအရေ ပြန်လည်ထိန်းသိမ်းဖို့ပါ။ ဒီတော့ ပန်းကန်လုံးတစ်ခုထဲကို ဆန်မှုန့် လက်ဖက်ရည်ဇွန်း (၂)ဇွန်း ၊ Baking Soda (¼)ဇွန်း ၊ လိမ္မော်ရည် (၆)ဇွန်းတို့ကို သမအောင်ရောမွှေပေးပါ။ အဲ့နောက် ရရှိလာတဲ့ အနှစ်ကို အရေပြားပေါ် နေရာအနှံ့လိမ်းပေးပါ။ မိနစ် (၂၀)ခန့်ထားပြီးရင် (၂)မိနစ်ခန့် ပွတ်တိုက်ပေးပါ။ နောက်ဆုံးမှာ ရေဆေးချလိုက်ပါ။

ကဲ .. ဘယ်လိုလဲ လွယ်ကူတယ်မလား။ တကယ်လို့ ပထမအကြိမ်လုပ်ကြည့်တယ် အဆင်မပြေဘူး .. ဖြူမလာဘူး။ ဒါဆိုရင် နောက်တစ်နေ့မှာ ဒုတိယအကြိမ် ထပ်လုပ်ကြည့်ပါ။ ဒါဆိုရင် သင့်အသားရေ သိသာထင်ရှားစွာ ဝင်းပလာတာကို မြင်တွေ့ရမှာပါ။

Source; beautynesiablog.id

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။