စော်ကြည်ဘဲတွေထားတတ်တဲ့ Hair Style များ

တစ်ခါလာလည်း ဘိုကေ၊ ကတုံးဆံထောက် နဲ့ ခေတ်တွေသာပြောင်းသွားတယ်၊ မင်းကတော့ ဒိတ်အောက်နေဆဲလား အားတီရေ။ ဘယ်လောက် ဒီဇိုင်းဆန်းတဲ့ ဖက်ရှင်တွေ ဆင်မြန်းနေပေမယ့် မင်းရဲ့ ဒီဇိုင်း ကာလာ အနေအထားက အများအလယ်မှာ မှေးမှိန်နေဆဲပဲ ဆိုရင်တော့ အားတီတို့ မေ့နေတာတစ်ခု ရှိနေလို့ပဲ။ ဖက်ရှင်တစ်ခုရဲ့ သော့ချက်က Hair Style ပဲဆိုရင် သားရီးတို့ငြင်းမလား။ ရုပ်မချောရင်တောင် Hair Style နဲ့Cover လုပ်လို့ရတယ်ဆိုတာကိုမမေ့ပါနဲ့။ သူများတွေ ဘယ်လို ဂေါ်နေလဲ ကြည့်လိုက်အုံး။ ပြီးရင် Hair Stylist ဆီသာတန်းပြေးတော့။

ကတုံးဆံထောက်

ကတုံးဆံထောက်ဆိုတာကတော့ ဘယ်တော့မှ ရိုးမသွားတဲ့ old school style ပေါ့။ ဒါပေမဲ့ ၂၀၁၉ ရဲ့trend နဲ့လိုက်ဖက်အောင် ဘေးကို တစ်ပြေးထဲပါးပစ်တာထက် shade ပြေးတဲ့ ပုံစံမျိုးလေး ပါးတာလေးတွေ ခေတ်စားပါတယ်။ နားထင်နားမှာ ပါးပြီးတော့ အပေါ်ပိုင်းကို တဖြည်းဖြည်း ထူသွားတဲ့ ပုံစံမျိုးလေးပေါ့။

တစ်ပိုင်းအတို

ပြီးခဲ့တဲ့ နှစ်တွေတုန်းတည်းက တော်တော်ခေတ်စားလာတဲ့ ဆံပင်ပုံစံပါပဲ။ ခေတ်နဲ့လိုက်ပြီး အပေါ်မှာ အရှည်ချန်ခဲ့တဲ့ ဆံပင်ပုံစံတွေသာ ပြောင်းသွားတယ်။ အပေါ်ပိုင်းမှာ မြက်ဖုတ်လေးလို့ ထားခဲ့တဲ့ဆံပင်ကို ကောက်တာ၊ စုပြီးချည်တာ၊ ဂျယ်နဲ့ထောင်တာ အမျိုးမျိုး လုပ်ကြပါတယ်။

အောက်ပိုင်းအပြောင်ရိတ်တဲ့ပုံစံ

ဆံပင်အပြောင်ရိတ်ချင်တယ်၊ စတိုင်လ်လဲကျချင်တယ်ဆိုတဲ့သူတွေ ရွေးချယ်သင့်တဲ့ ပုံစံပါ။ ဆံပင်ကို အပေါ်ပိုင်း အရှည်ထားပြီး တစ်ဝက်ကို အပြောင်ရိတ်လိုက်တဲ့ပုံစံပါ။ လုံးဝ smart ဖြစ်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ နှုတ်ခမ်းမွှေးစစလေး ထားရင် ပိုလိုက်ပါတယ်။

ဆီဆာကေ

ဂျူးလီးယက် ဆီဆာရဲ့ကေကလည်း ခုခေတ်မှာ ပြန်ခေတ်စားလာပါတယ်။ ဒီပုံစံက တော်ရုံတန်ရုံကောင်လေးတွေ မညှပ်ရဲတဲ့ ပုံစံပါ။ မသိရင်အူကြောင်ကြောင်ပုံစံကြီးပေ့ါ။ တကယ်တော့ ဆီဆာဘုရင်ရဲ့ Strong ဖြစ်တဲ့ပုံစံကို inspire ယူပြီး ညှပ်ကြတာပါ။ ဒါကို ခုခေတ်နဲ့လိုက်ရောညီထွေ ဖြစ်သွားအောင် ဘေးဖက်ကို shade ပြေးလေး ရိတ်လိုက်ရင် အရမ်းမိုက်သွားပါပြီ။

ပြင်သစ်ကေ (French Crop)

 

အပေါ်ပိုင်းဆံပင်အရှည်ထားပြီး ခပ်ပွပွလေး လုပ်ထားတဲ့ ပုံစံမျိုးပါ။ ဒီကေက ၂၀၁၈ တုန်းက အရမ်းကိူ trend ဖြစ်ခဲ့တဲ့ပုံစံပါ။ ဂျစ်ကန်ကန် ကောင်လေးတွေနဲ့လိုက်ဖက်ပါတယ်။

Pompadour

ဆံပင် မတိုမရှည်ကို ဂျယ်နဲ့ကော့နေအောင် အနောက်ကို သပ်တင်ထားတဲ့ပုံစံပါ။ ဒီပုံစံကတော့ စွန်းတေ Gentleman တွေ ဆန်ပါတယ်နော်။ ကြည့်လိုက်တာနဲ့သန့်ပြန့်ထွက်နေမှာ။

Slicked Back

ဆံပင်တွေ ရှည်လာတယ်။ စုတ်ဖွားကြီးမဖြစ်ချင်ဘူးဆိုရင် အခုလိုမျိုး နောက်ကို သပ်တင်ထားလိုက်ပါ။ ယောကျ်ားပီသတဲ့ပုံစံပေါက်ပြီး စွဲဆောင်မှုလည်း တော်တော်ရှိပါတယ်။

ဘေးခွဲ

ဆံပင်ကို ရှိတ်ထိုးတာတွေ၊ အနောက်ကို သပ်တင်တာတွေ မလုပ်ချင်ဘူးဆိုရင်လည်း ခုလိုမျိုး ဆံပင်မတိုမရှည်လေးကို ဘေးခွဲထားလိုက်ပါ။ ဒါလည်း စွဲဆောင်မှုရှိတဲ့ ပုံစံပါပဲ။ Leonardo က ဒီကေနဲ့ နှုတ်ခမ်းနီမလေးတွေကို ဖမ်းစားခဲ့တာနော်။

ဆံပင်အကောက်

ဆံပင်ရှည်တဲ့ ခိုခိုတွေအတွက် ဆံပင်ကို ပြေပြေလေးကောက်တာလည်း စတိုင်လ်တစ်မျိုးပါပဲ။ ပုခုံးထောက်လောက်ဆံပင်ကို ကောက်မလား၊ စုချည်မလား၊ တစ်ဝက်ခွဲခြည်မလား။ ဘယ်လိုနေနေကို ဆံရှည်ကိုယ်တော်တွေကလည်း sexy ဖြစ်တာပဲ။

ဆံထုံး

မိန်းကလေးတွေမှ ယောက်ျားတွေလည်း ဆံထုံးထုံးလို့ရပါတယ်။ ဘုရင်တွေလက်ထက်က ကေတွေ ပြန်ခေတ်စားလာပုံပါပဲ။ ဒါလည်း တစ်မျိုးကြည့်ကောင်းနေတာပါပဲ။

Kpop Hair Style

Kpop လောက လွှမ်းမိုးလာတာနဲ့ အမျှ Kpop ဖက်ရှင်၊ hair style တွေကလည်း ယနေ့ခေတ်လူငယ်တွေကို တော်တော်လေး သက်ရောက်ပါတယ်။ ဆယ်ကျော်သက်ကောင်လေး တော်တော်များများကိုကြည့်ရင် Kpop ဒီဇိုင်းလေးတွေကို ဖြစ်လို့။ ဆံပင်ဆိုလည်း အရောင်ဆန်းဆန်းလေးတွေ။ ဆံပင်ဒီဇိုင်းကတော့ အမျိုးအမည်တောင် ခွဲခြားလို့မရတဲ့ ဒီဇိုင်းအလန်းတွေအများကြီးနဲ့။ ဘာပဲဖြစ်ဖြစ် ဒါလည်း ဂေါ်နေတာပဲလေ။

Source; thetrendspotter.net

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။