ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဈေးသစ်ကြီး Chatuchauk တွင်မီးလောင်မှုဖြစ်ပွား၊ ၂ ဦးဒဏ်ရာရ၊ ဆိုင်ခန်း ၂၀၀ ကျော်ပျက်စီး

လွန်ခဲ့တဲ့ ၁၅ နာရီလောက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ အကြီးဆုံး ဈေးသစ်ကြီးဖြစ်တဲ့ Chatuchauk ဈေး၊ ဂိတ်နံပါတ် ၁ မှာ အကြီးစားမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ မီးလောင်မှုဟာ ညပိုင်း ၉ နာရီ ၁၅ မိနစ်လောက်ကဖြစ်ပြီး မီးသတ်ကား ၂၀ လောက်က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပါတယ်။


ဈေးကြီးဟာ စတုရန်းမီတာ ၁၀၀၀ လောက်ကျယ်ဝန်းပြီး ဆိုင်ခန်းအများစုက အစားအသောက်၊ အဝတ်အထည်၊ သစ်သား၊ ပိုးထည် နဲ့ ယွန်းထည်လိုမျိုး ပစ္စည်းတွေရောင်းချတာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဆိုင်ခန်း ၂၀၀ လောက်ပျက်စီးသွားပြီး လူနှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။


မီးလောင်မှုဖြစ်ပွားခဲ့ရတဲ့အကြောင်းရင်းကို တိတိကျကျမသိရသေးပေမယ့် လျှပ်စစ်ဝါယာရှော့ခ်ကဖြစ်မယ်လို့ BKK FireBrigade Dept က တာဝန်ရှိသူတွေက ဆိုပါတယ်။ အခင်းဖြစ်ပွားချိန်မှာ ဆိုင်ခန်းတွေက နီးနီးကပ်ကပ်ရှိနေတာကြောင့် မီးကူးစက်မှုက ပိုမိုမြန်ဆန်သွားရတာလည်းဖြစ်ပါတယ်။


Chatuchauk ခရိုင်ရဲ့အကြီးဆုံး ဈေးသစ်ကြီး Chatuchauk မှာ ဆိုင်ခန်းပေါင်း ၁၅၀၀၀ လောက်ရှိပြီး weekend တွေမှာ လူပေါင်း ၂ သိန်းလောက် လာရောက်ဈေးဝယ်ကြတယ်လို့သိရပါတယ်။

Gabriel
Source - Straitstime.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။