ပုရစ်ကိုယ်ထဲမှာ ပါလာတတ်တဲ့ နွယ်ရှင် (ခ) Parasite ကပ်ပါးကောင်

ပုရစ်ကို လူတော်တော်များများ ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိပြီး အခုဆိုရင် ပုရစ်ကြိုက်သူတွေဟာ Online မှတဆင့်တောင် ဝယ်ယူစားသုံးနေကြပါတယ်။ တကယ်တော့ ပုရစ်ဟာ စားသုံးသင့်တဲ့ အင်းဆက်တစ်မျိုးဖြစ်ပြီး ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သုတေသနပညာရှင်တွေက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတယ်လို့ သတ်မှတ်ထားကြပါတယ်။

ရှေးယခင်အချိန်တုန်းက ပုရစ်ဖမ်းသမားတွေဟာ ဖယောင်းတိုင် (သို့) ဖန်အိမ်မီးခွက်လေး ထွန်းပြီး တစ်ကောင်းချင်း လိုက်ဖမ်းကြပေမယ့် အခုခေတ်မှာတော့ စီးပွားရေးသမားတွေရဲ့ လောဘတွေကြောင့် စားသုံးသူတွေအတွက် အန္တရာယ်များတဲ့ ပုရစ်ဖမ်းနည်းတွေ များစွာ ပေါ်ထွက်လာခဲ့ပါတယ်။

http://we.com.mm/detail/9388?fbclid=IwAR2WpDwqlfADsGhhOq3a8-SRM4KOlAvMiOQrBtZQHdnhfirXRNqSpqFMziQ (အန္တရာယ်များတဲ့ ပုရစ်ဖမ်းနည်းကြောင့် အခန့်မသင့်ရင် သေတတ်ပါတယ်)

တစ်ခါတလေ ပုရစ်စားတဲ့အခါ မထင်မှတ်ထားဘဲ ပုရစ်ဗိုက်ထဲမှာ အကောင်ရှည်ရှည်လေး ပါနေတတ်တာကို မြင်ဖူးကြမှာပါ။ အဲ့ဒီအကောင်ကို မြန်မာပြည်မှာ နွယ်ရှင်လို့ လူတွေသတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ တကယ်တော့ နွယ်ရှင်မဟုတ်ပါဘူး။ ဒီအကောင်ဟာ အလွန်သေးငယ် မာကြောပြီး သန်ကောင်ကဲ့သို့ ရှည်လျားသော ကပ်ပါးကောင်(Parasite)ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် Horsehair worm လို့လည်း ခေါ်ပါတယ်။ အဲ့ဒီ  Horsehair worm တွေဟာ အရှည် (၄)လက်မခန့်ရှိပြီး သွေးကို စားသုံးပြီး အသက်ရှင်နေထိုင်တတ်တဲ့ အင်းဆက်တစ်မျိုးပါ။ 

အဆိုပါ Horsehair worm ဆိုတဲ့ အကောင်တွေဟာ ပုရစ်၊ ဓားခုတ်ကောင်နဲ့ ဘုရားရှစ်ခိုးကောင် (Praying mantis) တွေရဲ့ ဝမ်းဗိုက်ထဲမှာ အများဆုံး မြင်တွေ့ရတတ်ပြီး အဲ့ဒီ Horsehair worm တွေကိုပဲ ဖမ်းပြီး ရေထဲထည့်ထားမယ်ဆိုရင်တောင် အနည်းဆုံး (၁)ရက် (၂)ရက်လောက် အသက်ရှင်နိုင်တယ်လို့ သိရပါတယ်။ ဒါက ပုရစ်စားသုံးသူတွေအနေနဲ့ သတိထားရမယ့်အချက်ပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။