မုန့်ဖိုးသာသာရရှိတဲ့ လစာအကြောင်း ရင်ဖွင့်မိတဲ့ မြန်မာ့ပိုက်ကျော်ခြင်း လက်ရွေးစင်တစ်ဦး သတိပေးခံရ

မြန်မာ့ပိုက်ကျော်ခြင်း လောကမှာ အောင်မြင်မှု ဆုတံဆိပ်တွေများစွာ ပိုင်ဆိုင်ထားတဲ့ မြန်မာ့ခြင်းလုံးလက်ရွေးစင် ကိုဇင်မင်းဦးဟာ မေလ (၃၁)ရက်နေ့က သူရရှိတဲ့ လစာနဲ့ ပတ်သက်ပြီး ရင်တွင်းခံစားချက်တွေကို လူမှုကွန်ယက်ပေါ်မှာ Post တစ်ခု တင်ခဲ့ပါတယ်။ 

“ ဒီနေ့ အားကစားဝန်ကြီးဌာနက ပေးတဲ့ လက်ရွေးစင်လစာရပါတယ်။ ကိုယ်ကတော့(၈) သောင်းပါ။ ကျန်တဲ့ကစားသမား အချို့ရဲ့ လစာကတော့ (၃)သောင်း၊ (၅)သောင်း၊ (၁)သိန်းမျိုးမျိုးပေါ့။ တစ်ချို့ကစားသမားများ လစာက အလွန်နည်းနေပါတယ်။ အဲ့အတွက် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေနဲ့ လက်ရွေးစင်ကစားသမားများရဲ့ လစာများကို ပေးဖို့ အစီစဉ်ရှိမရှိကို တိတိကျကျသိချင်ပါတယ်။ ဘယ်သူ မေးရမလဲမသိလို့ပါ ဆရာကြီးလဲမဟုတ်ပါဘူး။ ခံစားချက်ကို ပြောတာပါ အပြစ်ရှိရင်ခွင့်လွတ်ကြပါ ” ဆိုပြီး တင်ခဲ့ပါတယ်။ 

လက်ရွေးစင် ကိုဇင်မင်းဦးရဲ့ Post နဲ့ ပတ်သက်ပြီး ဇွန်လ (၃)ရက်နေ့မှာတော့ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ခွင့်ပြုချက်မရှိဘဲ Facebook မှာ တင်တယ်ဆိုပြီး သတိပေးစာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ရဲ့ လိုအပ်ချက်များကို သက်ဆိုင် နည်းပြများထံ မတင်ပြဘဲ Facebook မှာ တင်တဲ့အတွက် လမ်းညွှန်ချက်တွေကို မလိုက်နာဘူးဆိုပြီး သတိပေးချက် ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး လက်ရွေးစင် ကိုဇင်မင်းဦးက “ ကျွန်တော်မောင်ဇင်မင်းဦးက လက်ရွေစင် ကစားသမားအားလုံး ကိုယ်စား ကိုယ်ချင်းစာစိတ်နဲ့ မေးလိုက်တာ ဒီလောက်တောင် ပြသာနာက ကြီးသွားသလားထပ်မေးပါရစေ ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာဘဲ ရင်ဖွင့်ရေးသားခဲ့ ပြန်ပါတယ်။ 

နိုင်ငံရဲ့ လက်ရွေးစင်တစ်ယောက်ဖြစ်ဖို့ အပင်ပန်းခံ၊ အဆင်းရဲခံပြီး ခက်ခက်ခဲခဲကြိုးစားရပေမယ့် ပြန်ရသင့်ရထိုက်တဲ့ အခွင့်အရေးဟာ နည်းပါးလွန်းတာကြောင့် နိုင်ငံအကျိုးပြုနေတဲ့ လက်ရွေးစင်လူငယ်တွေ လစာတိုးပေးသင့်ကြောင်းနဲ့ Motivate ဖြစ်အောင် လုပ်ပေးသင့်ကြောင်းကို လူအများ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

Source; Zin Min Oo FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။