စမိုင်ချက်နည်း

အစ်နေ့မှာ စမိုင်မစားရသေးတဲ့သူတွေရော၊ သူများလာပို့လို့ စားရတာမဝဘဲ ကိုယ်တိုင် လုပ်စားချင်တဲ့သူတွေရောအတွက် အလွယ်ကူဆုံးစမိုင်ချက်နည်းလေး We Food ရဲ့ ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ပြုလုပ်နည်းလေးကတော့လွယ်ပါတယ်။ အဓိက လိုအပ်တဲ့ စမိုင်ထုပ်က city mart မှာဝယ်လို့ရနိုင်ပါတယ်။ ready made အခြောက်ထုပ်တွေရှိတဲ့ တန်းမှာ ရှာလို့ရနိုင်တယ်နော်. . .

ပါဝင်ပစ္စည်းတွေ အနေနဲ့ 

စမိုင်၁ထုပ်ကို 

နို့ကျိုပြီးသား ၅၀ ကျပ်သား (ရေသန့်ဘူးတစ်ဘူးခန့်). 

နို့စိမ်း၁ဘူး

နို့ဆီ (အချိုကြိုက်ရင်နဲနဲထည့်ပါ)

အအီကြိုက်ရင် ချိစ်၁ပြားထပ်ထည့် 

စပျစ်သီးခြောက်/ သီဟိုဠ်စေ့ခြောက်/ almond စေ့ခြောက် ကြိုက်ရင် ထပ်ထည့်လို့ရပါတယ်...

အရင်ဆုံးနို့ကိုအိုးထဲထည့်.. နို့စိမ်းထည့်. နို့ဆီနဲနဲထည့်. ပြီးရင်ဆူအောင်တည်ပါ။

အနည်းငယ်ဆူလာရင် သာကူစေ့တွေ အရင်ထည့်ပေးပါ.. နဲနဲပြုတ်ရကြာလို့ပါ.

ခဏနေရင်တော့ စမိုင်ချောင်းတွေထည့်ပေးပါ. မွှေပြီးအရသာမြည်းရင်း ကိုယ်လိုသလောက်အချိုတွက်သကြားထပ်ထည့်နိုင်ပါတယ်။

ပြီးလို့ကျက်ခါနီးမှ ကျန်တဲ့အသီးခြောက်တွေထည့်ပေးပါ. အအီလေးကြိုက်ရင် ချိစ်တစ်ပြားထပ်ထည့်ပါ... 

အရည်ကကျက်ကျက်ချင်းမှာတော့ကျဲနေပါလိမ့်မယ်။ အစမှာပဲကျဲတာပါ. မိနစ် ၃၀လောက်နေရင် အေးလာတာနဲ့ ပျစ်လာပါလိမ့်မယ်.. အရေကအနေတော်ပါပဲ.. ထပ်နွှေးတဲ့ခါပျစ်မယ်ထင်ရင်တော့ ရေနွေးလေးနဲနဲထပ်ထည့် နွှေးပေးလို့ရပါတယ်...

အားလုံးပဲ နေ့လည်ခင်းစာ အပျင်းပြေလေးလုပ်စားရင်း ပျော်ရွှင်ပါစေလို့ . . .

Credit Pwint Phyu Aung

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။