မိုးရာသီမှာ လှိုင်လှိုင်ပေါတဲ့ အင်ဥ ဆိုတာ

အင်ဥကို ငယ်ငယ်ကတော့ အင်ပင်ရဲ့ ဥလို့ ထင်ခဲ့ဖူးပါတယ်။ တကယ်တော့ မဟုတ်ပါဘူး အင်ရွက်တွေ ကြွေပြီး မိုးရေနဲ့ ထိတဲ့ အခါ ပေါက်လာတဲ့ မှိုအမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။ ဘယ်လိုမှိုအမျိုးအစားလဲဆိုတော့ အရသာရှိသော မြေအောင်းမှို(Black truffle)ဖြစ်ပါတယ်။အင်ဥဟာ အမျိုးအစား အရွယ်အစား (၃)မျိုးလောက်ရှိပါတယ်။ အင်ဥလတ်မလတ် သိချင်ရင်တော့ တစ်ခြမ်း ခွဲကြည့်လိုက်ပါ။ အကယ်၍လတ်တယ်ဆိုရင် အထဲမှာ ဖြူဖွေးနေပါလိမ့်မယ်။

မြန်မာနိုင်ငံတွင်မက ကမ္ဘာ့နိုင်ငံများမှာလည်း ရှာဖွေတွေ့ရှိနိုင်ပြီး ပြင်သစ် အမေရိကန် နဲ့ သြစတြေးလျနိုင်ငံတွေမှာဆိုရင် အင်ဥကို ခွေး/ဝက်များဖြင့်လိုက်လံ ရှာဖွေကြပါတယ်။

အင်ဥဘယ်နေရာမှာရှိတယ်ဆိုတာကို ခွေးနဲ့ဝက်က အနံ့ခံကြည့်ရုံဖြင့် အင်ဥရှိတဲ့နေရာကို သိရှိနိုင်ပါတယ်။

အင်ဥဟာ မှို အမျိုးအစာ ဖြစ်လို့ မှိုမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ပရိုတင်း၊ အမိုင်နိုအက်ဆစ်ဓာတ်၊ ကယ်လ်စီယမ်၊ မီးစုန်းနဲ့ Antioxidants တွေ ပါဝင်ပါတယ်။ ကျန်းမာရေး အကျိုးပြု ရာသီစာ အင်ဥမှာ ယူရစ်အက်ဆစ်ဓာတ်တွေ ပေါများစွာ ပါဝင်တာကြောင့် လေးဘက်နာ ရောဂါသမားတွေနဲ့ ဂေါက်ရောဂါသမားတွေ သတိထား စားသင့်ပါတယ်။

အင်ဥကို ဒညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါး၊ ဂဏာန်း၊ ဖားသား၊ ဒူးရင်းသီး၊ မျှစ်ချဉ်၊ ပုဇွန်ချဉ်၊ ငါးဖယ်ချဉ်၊ ငါးလေးချဉ်၊ ဆူးပုပ်၊ ပဲငါးပိ တို့နဲ့ တွဲဖက် မစားသင့်ပါဘူး။ မူးေ၀ အော့အန် တတ်ပါတယ်။ အင်ဥဟာ အစာ အဆိပ်သင့်တတ်သူတွေ အတွက်ကတော့ သတိထားသင့်တဲ့ အစားအစာပါ။သွေးတိုး ရောဂါရှိသူတွေ၊ နှလုံး သမားတွေနဲ့ ခါးနာ ခါးကိုက်တတ်သူတွေကတော့ အင်ဥကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။