၂၀၁၉ ရဲ့ လူကြိုက်အများအဆုံး ဂျပန်မင်းသားချောလေးများ

ဘာသာစကားတစ်ခုကို သင်ကြားတဲ့အခါမှာ စာတွေချည်းပဲသင်ရင် ပျင်းစရာကောင်းတာပေါ့။ ဘာသာစကားလေ့လာတဲ့အခါ အဲဒီဘာသာနဲ့ပတ်သက်တဲ့ ရုပ်ရှင်တွေကြည့်၊ သီချင်းတွေနားထောင်၊ စာတွေဖတ်မှ ပိုပြီး တတ်လွယ်သွားတယ်ဆိုတာ အားလုံးသိကြမယ် ထင်ပါတယ်။

Related image

Kpop Crazy တွေ၊ Thai Series Crazy တွေကို သွားပြီးလျှော့တွက်လို့မရဘူးနော်။ ရုပ်ရှင်ကြည့်ရင်း၊ သရုပ်ဆောင်တွေကို အားပေးရင်းနဲ့ စာတွေက သင်စရာတောင်မလိုဘူး။ မတောက်တခေါက်တွေ တက်ကုန်ကြတာ။ Korea နဲ့ Thai ဘာသာစကား သင်နေတဲ့သူတွေဆိုရင်လည်း သူတို့ရဲ့Idol တွေကြောင့် motivation တွေဖြစ်ပြီး စာတွေပိုလုပ်ကြတာလေ။ 

Image result for japan myanmar

ခုဆိုရင် ဂျပန်သွားကြတဲ့သူတွေလည်း များလာပြီ၊ ဂျပန်-မြန်မာ ဂီတပွဲတွေလည်း ကျင်းပနေပြီ၊ ပြည်တွင်းမှာလည်း ဂျပန်ကုမ္ပဏီတွေ ပေါများလာပြီ ဆိုတော့ ဂျပန်စာသင်တဲ့သူ အတော်များလာပါပြီ။ ဆိုတော့ ဂျပန်ရုပ်ရှင်တွေလည်း ကြည့်ကြတယ်ပေါ့။ သိပြီးသားသူတွေလည်း သိပြီးလောက်ပြီပေါ့နော်။ မသိသေးတဲ့သူတွေ သိသွားအောင် ဂျပန်က မင်းသားချောချောလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် စာလုပ်ဖို့ motivation ဖြစ်တာပေါ့။ 

Taishi Nakagawa

Image result for taishi nakagawa

nakagawa taishi and 中川 大志 image

အသက် ၂၁ နှစ်သာရှိသေးတယ် Taishi ကတော့ မင်းသား၊ မော်ဒယ်၊ အစီအစဉ်မှူးတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကြီးဇာတ်လမ်းတွေကတော့ Kaseifu no Mita နဲ့ Noboru Yoshikawa တွေပဲဖြစ်ပါတယ်။ Your Lie in April, ReLIFE, Kids on the Slope စတဲ့ ဇာတ်ကားတွေနဲ့ လူကြိုက်များပါတယ်။ 

Arata Mackenyu

asia, japan, and 真剣佑 image

Arata ကတော့ အသက်၂၃ နှစ်ဖြစ်ပြီး ဂျပန် အမေရိကန် ကပြားလေးဖြစ်ပါတယ်။ လော့စ် အိန်ဂျလိစ် မှာမွေးဖွားခဲ့တာပါ။ Kamen Rider Drive: Surprise Future ဆိုတဲ့ ဇာတ်ကားမှာ စတင်နာမည်ရလာပြီး ဇာတ်ပို့ဇာတ်ရုပ်မျိုးစုံကို ရိုက်ကူးခဲ့ပါတယ်။ ဂျပန် F4 ချစ်သူ ဇာတ်လမ်းထဲမှာလည်း သူပါပါတယ်။ Peach Girl, Todome no Kiss ဇာတ်လမ်းတွေနဲ့ လူကြိုက်များပါတယ်။

Ryo Yoshizawa

Image result for ryo yoshizawa

Related image

Ryo ကတော့ အသက် ၂၄ နှစ်ပါ။ ဂျပန်ကာတွန်းတွေကို live action အဖြစ် သရုပ်ဆောင်ရာကနေ နာမည်ရလာတာပါ။ သူ့ရဲ့ညှို့အားပြင်းတဲ့မျက်လုံးအကြည့်နဲ့ သဘာဝဆန်တဲ့ သရုပ်ဆောင်မှုတွေကြောင့် လူကြိုက်များပါတယ်။ သူ့ရဲ့ Blue Spring Day, Marmalade Boy, Wolf Girl and Black Prince စတဲ့ဇာတ်လမ်းတွေကတော့ လူသိများပါတယ်။

Takumi Kitamura

Image result for takumi kitamura

Image result for takumi kitamura

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Takumi ကတော့ မင်းသား၊ အဆိုတော်၊ မော်ဒယ် တစ်ယောက်ပါ။ Dish ဆိုတဲ့ အဆိုတော်အဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဂစ်တာသမားလည်းဖြစ်ပါတယ်။ မော်ဒယ်တစ်ယောက် အနေနဲ့လည်း ဆုတွေ ရရှိထားသူပါ။ သူ့ရဲ့ပထမဆုံး ဇာတ်ကားကတော့ Dive ပါ။ Waiting for Spring, Love and Lies, Hello World စတဲ့ ဇာတ်ကားတွေနဲ့ လူကြိုက်များပါတယ်။

Yudai Chiba

Related image

ကလေးရုပ်လေးနဲ့ Yudai ဟာ အသက် (၃၀)ရှိပါပြီ။ Tensou Sentai Goseiger ဆိုတဲ့ TV Series ကနေ နာမည်ရလာတာပါ။ ReLife, No Longer Human, Yo-kai Watch Shadowside စတဲ့ ဇာတ်ကားတွေလည်း လူကြိုက်များပါတယ်။

Yosuke Sugino

Yosuke ကတော့ အသက် (၂၃) နှစ်ပါ။  Good Morning Call, Mistress, Dai Renai စတဲ့ ဇာတ်ကားတွေနဲ့ လူကြိုက်များပါတယ်။

Nakajima Kento

Related image

Related image

Kento ကတော့ အသက် (၂၄) နှစ် ရှိပြီဖြစ်တဲ့ အဆိုတော် မင်းသား တစ်ယောက်ပါ။ Sexy Zone နဲ့Yuma Nakayama w/B.I.Shadow ဆိုတဲ့ ဂျပန်အိုင်ဒေါအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် လူသိများပါတယ်။ Scrap Teacher ဆိုတဲ့ ဇာတ်ကားမှာ သူတို့အဖွဲ့သရုပ်ဆောင်ထားပါတယ်။ Kento ကို The Black Devil And The White Prince, I’m underage but I’m not a child ဆိုတဲ့ကားတွေနဲ့ လူကြိုက်များပါတယ်။

Kento Yamazaki

Related image

Related image

Image result for kento yamazaki

ဒါလည်း နောက်ထပ် Kento တစ်ယောက်ပါပဲ။ အသက်ကလည်း ၂၅ နှစ်ပါပဲ။ အပေါ်က kento နဲ့တော့ ဘာမှမတော်ပါဘူး။ ဒီ Kento ကတော့ မြန်မာနိုင်ငံက ကောင်မလေးတွေရဲ့အသည်းကျော် Kento Yamazaki ပါ။ နာမည်ကျော် Death Note ဇာတ်ကားမှာ L နေရာကနေ သရုပ်ဆောင်ထားပါတယ်။ Good Doctor, No Longer Heroine, Orange, Kiss That Kill စတဲ့ ဇာတ်လမ်းတွေအပြင် ဇာတ်ကားကောင်း မြောက်မြားစွာနဲ့ နာမည်ကျော်ကြားသူပါ။

Ref; hind, wiki

By Paulina