ပါးဖောင်းဖောင်းလေးနဲ့ အသည်းယားစရာ ကလေးငယ်လေးကို ထပ်မံမွေးစားလိုက်တဲ့ ခိုင်နှင်းဝေ 

အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ၊ ပရိသတ်တွေများစွာရဲ့ ချစ်ခင်အားပေးမှုတွေနဲ့ ပျော်ရွှင်ခဲ့တဲ့ မင်းသမီးချော ခိုင်နှင်းဝေဟာ လက်ရှိအချိန်မှာ ပရဟိတ မင်းသမီးလေးလို့ လူအများရဲ့ ချီးမွမ်းသြဘာပေးခြင်းကိုခံနေရသူ တစ်ဦးပါ။ သူမဟာ သူမဖြတ်သန်းလာခဲ့တဲ့ (၁၀)နှစ်ကျော် အနုပညာ အလုပ်တွေထက် လက်ရှိမှာ ပြည်သူလူထုကို အကျိုးပြုတဲ့ ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက် တစိုက်မတ်မတ်လုပ်ဆောင်နေပါတယ်။

ပရဟိတနဲ့ ကယ်ဆယ်ရေးအလုပ်တွေကို အမြဲစိတ်အားထက်သန်စွာ လုပ်ဆောင်နေရရင် ကျေနပ်နေတတ်တဲ့ သူမကတော့ နိုင်ငံတော်က ချီးမြှင့်ထားတဲ့ လူထုအကျိုးပြု ဆုတံဆိပ်တွေ ရရှိထားသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခိုင်နှင်းဝေဟာ အကြောင်းအမျိုးမျိုးကြောင့် မွေးဖို့မဖြစ်နိုင်တဲ့ ကလေးငယ်တွေကို မိခင်ရင်းသဖွယ် မွေးစားနေတာ အားလုံးလည်း သိကြမယ်ထင်ပါတယ်။

ယနေ့မှာတော့ ခိုင်နှင်းဝေဟာ ပါးဖောင်းဖောင်းလေးနဲ့ အသည်းယားစရာကောင်းလွန်းတဲ့ ကလေးငယ်လေး တစ်ဦးကို ထပ်မံမွေးစားလိုက်တယ်လို့ သိရပါတယ်။ “ ချစ်ခြင်းမေတ္တာဆိုတာ စာနာမှုက ပေါက်ပွားလာတာလို့ … ကျမ ယုံကြည်တယ် ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ပေါ်တင်ခဲ့ပါတယ်။

Source; Khine Hnin Wai FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။