
အသက်ကြီးမှ ပိုချောလာတဲ့ ကလေးသရုပ်ဆောင်နှင့်အဆိုတော်လေးများ
ငယ်ငယ်ကတည်းကလည်း ချစ်ဖို့ကောင်းတဲ့ အသွင်အပြင်လေးတွေနဲ့ ကလေးသရုပ်ဆောင်၊ အဆိုတော် အဖြစ် အောင်မြင်ခဲ့ကြတယ်။ အသက်ကြီးလာတော့ ပိုလှပပြီး ပိုအောင်မြင်လာကြတယ်။ ငယ်ဘဝတုန်းက ထူးချွန်ပြီး ယနေ့တိုင် ပရိသတ်အားပေးမှုကို ရရှိထားဆဲ အကျော်အမော်တွေကတော့
Nicholas Hoult
နီကိုးလက်စ်ဟာ အခု ၂၉ နှစ်ရှိပါပြီ။ သူ့ရဲ့အဒေါ်ဖြစ်သူ Dame Anna Neagle ဟာလည်း သူ့ခေတ်သူ့အခါတုန်းက နာမည်ကျော်တစ်ယောက်ပါပဲ။ အနုပညာသွေးပါလာသူမို့ နီကိုးလက်စ်ဟာလည်း အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာတာပေါ့။ ၁၉၉၆ ခုနှစ်က ရိုက်ခဲ့တဲ့ Intimate Relations ဆိုတဲ့ ဇာတ်ကားမှာ စတင်သရုပ်ဆောင်ခဲ့တာပါ။ X men ပရိသတ်တွေကတော့ သူ့ကို Beast အဖြစ် သိကြမှာပါ။ Warm Body ကားမှာ သွေးအေးဇွန်ဘီးကောင်အဖြစ်လည်း လူကြိုက်များပါတယ်။
Kristen Stewart
သူမကတော့ မော်ဒယ်လ်၊ မင်းသမီး ဖြစ်သလို ဒါရိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမအသက် ၈နှစ်ကတည်းက သရုပ်ဆောင်လုပ်လာခဲ့တာပါ။ The Thirteenth Year ဆိုတဲ့ Disney Channel TV-Movie မှာ စတင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမပါဝင်ခဲ့တဲ့ Twilight ဇာတ်လမ်းတွဲကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။ အခုဆိုရင် သူမဟာ ဂုဏ်ပြုဆုများစွာကိုလည်း ရရှိထားသူပါ။ ဆီဆာဆုကို ရရှိထားတဲ့ ပထမဆုံး အမေရိကန်အမျိုးသမီးလည်း ဖြစ်ပါတယ်။ ၂၀၁၂ တုန်းက ကမ္ဘာ့ဈေးအကြီးဆုံး အမျိုးသမီး သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
Zac Efron
Zac ကတော့ အခု အသက် ၃၂ နှစ်ရှိပါပြီ။ သူ့ရဲ့အသံပါရမီကြောင့် သူ့ရဲ့မိဘတွေက သူ အသက် ၁၁ နှစ်အရွယ်ထဲက အနုပညာလောကထဲ ဝင်နိုင်ဖို့ ထောက်ပံ့ပေးခဲ့ပါတယ်။ High School Musical ဇာတ်ကားနဲ့လူကြိုက်များပါတယ်။ အသက်ကြီးလာတော့လည်း တည်ကြည်ခန့်ငြားတဲ့ အသွင်အပြင်ကြောင့် မိန်းကလေးများရဲ့အသည်းကျော်ဖြစ်ရပြန်ပါတယ်။ ဒါ့အပြင် ဒေါ်လာ ၁၈ သန်းပိုင်ဆိုင်ထားတဲ့ သူဋ္ဌေးလေးလည်း ဖြစ်ပါတယ်။
Thomas Brodie-Sangster
သရုပ်ဆောင်နှစ်ယောက်က မွေးလာသူဖြစ်တဲ့ သောမတ်စ်ကတော့ ယခုအသက် ၂၉ နှစ်ရှိပါပြီ။ လူသိများတဲ့ သူ့ရဲ့ကလေးဘဝ ဇာတ်ကားတွေကတော့ Nanny McPhee, Tristan & Isolde ဖြစ်ပါတယ်။ Maze Runner, Game of Thrones ထဲမှာလည်း ပါဝင်ပါတယ်။
Jaden Smith
ဂျေဒန်ကတော့ ကြီးလေ အထာကျလေပါပဲ။ အရည်အချင်းတွေအပြည့်နဲ့ဂျေဒန်ဟာ ရက်ပါ၊ အဆိုတော်၊ သီချင်းရေးဆရာဖြစ်တဲ့အပြင် သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ Will Smith ရဲ့သားဖြစ်လို့ဆိုတာထက် Karate Kid (2010) မှာ ချစ်ဖို့ကောင်းတဲ့အမူအရာတွေကြောင့် ပရိသတ်ရဲ့ အားပေးနှစ်သက်မှုကို ရရှိခဲ့တာပါ။ ဒါ့အပြင်သူဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေမှာလည်း ပါဝင်လှုပ်ရှားလေ့ရှိသူပါ။
Matthew Lewis
ဟယ်ရီပေါ်တာထဲက ပေါတောတော အူကြောင်ကြောင် ဖက်တီးလေဟာ အသက်ကြီးလာတဲ့အခါမှာတော့ ပျိုတိုင်းကြိုက်တဲ့ Body အလန်းစားနဲ့မင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Me Before You, Terminal စတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ထားပါသေးတယ်။
Emma Watson
အမ်မာရဲ့အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။ သူမဟာ အနုပညာကျောင်းဆင်းတစ်ယောက်ဖြစ်ပါတယ်။ သူမပထမဆုံးသရုပ်ဆောင်တဲ့ကားကတော့ အားလုံးသိတဲ့အတိုင်း ဟယ်ရီပေါ်တာပါပဲ။ အသက်ကြီးလာတော့လည်း UN ရဲ့Women Goodwill သံတမန်ဖြစ်လာပေါသေးတယ်။ မော်ဒယ်လ်တစ်ယောက်အနေနဲ့လည်း အောင်မြင်တဲ့အပြင် စီးပွားရေးလည်း တစ်ဖက်က လုပ်လိုက်ပါသေးတယ်။ Beauty and The Beast မှာလည်း ပရိသတ်နှလုံးသားကို ချွေနိုင်ခဲ့သူပေါ့။
Nick Jonas
အဆိုတော်၊ သီချင်းရေးဆရာအဖြစ် နာမည်ကျော်ကြားပြီးတော့ သရုပ်ဆောင်အဖြစ်လည်း လူကြိုက်များပါတယ်။ သူအသက် ၇နှစ်မှာ စပြီး ပြဇာတ်ရုံတွေမှာ သရုပ်ဆောင်ခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာတော့ သူ့ရဲ့Solo Album ကို ထုတ်ဝေနိုင်ခဲ့ပြီး သူ့ရဲ့ညီအကိုတွေနဲ့အတူ Jonus Brothers အဖွဲ့ကို ဖွဲ့ခဲ့ပါတယ်။ ခုဆိုရင် Jonas ဟာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ဇနီးချောလေးကိုပါ ပိုင်ဆိုင်ထားရပါပြီ။
Hailee Steinfeld
ဟေလီ စတိုင်းဖီးလ် အသက် ၁၃ နှစ်လောက်တုန်းက True Grit ဆိုတဲ့ကားမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူမဟာ အဆိုတော်အဖြစ်လည်း လူကြိုက်များသူတစ်ယောက်ပါ။ သူမရဲ့အောင်မြင်တဲ့ သီချင်းတွေကတော့ Love Myself, Rock Bottom, Starving, Most Girls တို့ပဲ ဖြစ်ပါတယ်။ Transformers ရဲ့Bumblebee ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
Chloe Grace Moretz
သူမအသက် ၆နှစ်ကတည်းက သရုပ်ဆောင်လောကထဲ ဝင်ခဲ့တာပါ။ Kick-Ass ကားထဲက Super Hero ကလေးမလေးကို မှတ်မိကြမယ်ထင်ပါတယ်။ သူမဆယ်ကျော်သက်မှာ သရုပ်ဆောင်ခဲ့တဲ့ Carrie, If I Stay, Brains on fire ဇာတ်ကားတွေနဲ့လည်း လူသိများပါတယ်။
Joey King
ခုမှ သူမဟာ အသက် ၂၀ ပဲရှိသေးတာဆိုတော့ အသက်ကြီးပိုင်းထဲတော့မရောက်သေးဘူးပေါ့။ ဒါပေမဲ့ သူမဟာလည်း ကြီးလာတာနဲ့အမျှ အရမ်းကိုလှတဲ့ ကောင်မလေးတစ်ယောက်ဖြစ်လာပါပြီ။ သူမ အသက် ၁၀ နှစ်မှာ Ramona and Beezus ဆိုတဲ့ကားမှာ Selena Gomez ရဲ့ညီမလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ သူမ teenage အရွယ်မှာ သရုပ်ဆောင်ထားတဲ့ Kissing Booth, Summer ’03 ဇာတ်ကားတွေဆိုရင် ပရိသတ်တွေရဲ့အားပေးမှုကို အများအပြားရရှိခဲ့တာပါ။
Ref; Brightside.me, en.wikipedia.org
By Paulina