2020 မှာ စစ်မှုထမ်းရမယ့်အသက် ၂၇ နှစ်အရွယ် နာမည်ကျော် ကိုရီးယားအဆိုတော်များ

တောင်ကိုရီးယားနိုင်ငံတော်ရဲ့ ညွန်ကြားချက်အမိန့်အရ အမျိုးသားအဆိုတော်နှင့် သရုပ်ဆောင် အနုပညာရှင်တွေဟာ အသက် ၂၇ ၊ ၂၈ အရွယ်မှာ မဖြစ်မနေ စစ်မှုထမ်းတာဝန်ထမ်းဆောင်ရတာ K ပရိသတ်တွေသိကြမှာပါ။ 

နောင်နှစ် 2020 မှာ ပရိသတ်တွေချစ်ကြတဲ့  ဘယ်ကိုရီးယား Idol တွေက စစ်မှုထမ်းရမလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ 

BTS – Jin 

BTS အဖွဲ့ရဲ့အသက်ကြီးဆုံး အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး 1992 Born ဖြစ်တာကြောင့် အသက် ၂၈ နှစ်အရွယ်လို့ ကိုရီးယားအသက်အရ ယူဆထားပါတယ်။ Jin က 2020 မှာ မွေးလနောက်ဆုံးလ December လ ဖြစ်တာကြောင့် December လအကုန်မှာ စစ်မှုထမ်းသွားရမှာဖြစ်ပါတယ်။ 

EXO - Chanyeol , Baekhyun , Chen 

EXO အဖွဲ့က ဒီနှစ် 2019 မှာတင် အဖွဲ့ဝင် Xiumin က စစ်မူထမ်းနေရပြီဖြစ်ပြီး လာမယ့် July 1 ရက်နေ့မှာ  D.O ကလည်း စစ်မှုထမ်းရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် အဖွဲ့ခေါင်းဆောင် Suho က ဒီ 2019 မှာတင် စစ်မှုထမ်းသွားရမှာပါ။ နောင်နှစ် 2020 မှာတော့ ကျန်ခဲ့တဲ့ Chanyeol , Baekhyun နဲ့ Chen တို့သုံးယောက်က ဆက်လက် စစ်မှုထမ်းသွားရမှာဖြစ်ပါတယ်။ 

MONSTA X - Shownu 

MONSTA X အဖွဲ့ဝင်တွေထဲမှာမှ Shownu က ပထမဆုံး စစ်မှုထမ်းသွားရမှာဖြစ်ပါတယ်။ 

VIXX – Ken 

VLXX အဖွဲ့ဝင် ken ကလည်း BTS အဖွဲ့ဝင် Jin နဲ့အတူ  2020 မှာ စစ်မှုထမ်းရမှာဘဲ ဖြစ်ပါတယ်။ 

KARD – J.Seph 

လူကြိုက်များတဲ့ KARD အဖွဲ့ထဲက ပထမဆုံး စစ်မှုထမ်းရမှာကတော့ J.Seph ပါ။ မိန်းကလေး နဲ့ ယောက်ကျားလေး အတွဲနှစ်တွဲနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တာကြောင့် J.Seph မရှိရင် KARD အဖွဲ့က ဘယ်လို ပြောင်းလဲမလဲဆိုတာ စဉ်းစားစရာပါ။ 

INFINITE - L 

အဆိုတော် အနုပညာရှင်ဖြစ်တဲ့  L ကတော့ 2020 မှာ စတင်စစ်မှုထမ်းရတော့မှာပါ။ 

BTOB Hyunsik 

Hyunsik ကတော့ 2020 မှာ ပထမဆုံး စစ်မှုထမ်းရမယ့် အဆိုတော်ဖြစ်ပါတယ်။ 

Zico 

အဆိုတော် Zico က သူရဲ့အနုပညာလှုပ်ရှားမှုတွေကို 2020 မှာ ခဏတာ ရပ်နားရတော့မှာပါ။ 

Sources- K media 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။