ချစ်သူကို ချစ်တဲ့နေရာမှာ စံပြုလောက်တဲ့ အမျိုးသားများရဲ့ အပြုအမူများ

မိန်းကလေးတွေအတွက် သူတို့ချစ်သူဆီက အချစ်ခံရမှု၊ အလေး့ပေးခံရမှု၊ ဂရုစိုက်ခံရမှု၊ တန်ဖိုးထားခံရမှုတွေဟာ အရေးကြီးပါတယ်။ ဒါကို အချို့ကောင်လေးတွေက နားမလည်နိုင်ကြပါဘူး။ ယောက်ျားတိုင်းနားလည်နိုင်တာလားဆိုတော့ မဟုတ်ပါဘူး။ နားလည်ပြီး ချစ်တတ်လွန်းသူတွေလည်း ရှိပါတယ်။ အမျိုးသမီးကို စိတ်ချမ်းသာအောင် ထားတဲ့အိမ်ထောင်ရေးက တည်မြဲတယ်ဆိုတာ အမျိုးသား အပေါင်းတို့ ကြားဖူးကြမှာပါ။

လက်လုပ်ပစ္စည်လေးပဲဖြစ်ဖြစ်၊ ရေရှည်အသုံးဝင်တဲ့ပစ္စည်းပဲဖြစ်ဖြစ်၊ တန်ဖိုးနည်းတာများတာ ပဓာနမဟုတ်ပဲ အလိုက်သိခြင်း၊ စေတနာထားခြင်းသိသာ အဓိကဆိုတာကို ယူတို့ယောက်ျားတွေ သိဖို့လိုပါတယ်။ မသိသေးဘူးဆိုရင်လည်း အခုဖော်ပြပေးထားတဲ့ အမျိုးသားတွေကို နမူနာယူပြီး ချစ်သူကို ဂရုစိုက်လိုက်ကြပေါ့နော်။

ကောင်မလေး ခြေထောက်နာနေလို့ သူ့ဖိနပ်ကိုပေးပြီး သူက ကောင်မလေးရဲ့ ဒေါက်ဖိနပ်စီးပေးထားတာပါ။ တော်ရုံတန်ရုံလူတော့ ဘယ်လုပ်ရဲမလဲနော်။ 

24 Guys Who Should Be Named Boyfriend of the Year

ကောင်မလေးအိမ်က ဖရိုဖရဲ ဖြစ်နေတဲ့ စားစရာထားတဲ့ စတိုခန်းကို ကောင်မလေးအပြင်သွားနေတုန်း ရှင်းလင်းပြီး ဖြည့်ပေးထားတာပါ။ အိမ်ရှင်းလင်းတယ်ဆိုတာ မိန်းကလေးတွေရဲ့အလုပ်ပဲမဟုတ်ဘူးဆိုတာ နားလည်လက်ခံထားတဲ့သူပဲပေါ့။

24 Guys Who Should Be Named Boyfriend of the Year

ပင်ပန်းပြီး အိပ်ပျော်နေတဲ့ကောင်မလေးကို Skin Care လုပ်ပေးနေတဲ့ ကောင်လေး။ ဘယ်ကောင်လေးကများ အဲလောက် အသားအရေကို ဂရုစိုက်ပေးမှာလဲနော်။

24 Guys Who Should Be Named Boyfriend of the Year

အပန်းဖြေချိန်၊ နားချိန်မှာ လက်သည်းဆေးဆိုးတတ်တဲ့ ကောင်မလေးအတွက် သူမချစ်သူက ဝယ်ပေးထားတာပါ။ အလုပ်မှာ ခက်ခဲတဲ့နေ့တွေရှိရင် ဒီလက်သည်းနီပုလင်းလေးတွေကြည့်ပြီး အားတက်အောင်လို့ပါတဲ့။

24 Guys Who Should Be Named Boyfriend of the Year

ဒီအမျိုးသားကတော့ သူ့ရဲ့အမျိုးသမီးအတွက် အိမ်သာထဲမှာ အိပ်ရာလုပ်ပေးထားတာပါ။ သူ့မိန်းမက အမူးလွန်တတ်တာကြောင့် အန်ချင်တဲ့အခါ အဆင်ပြေအောင် အိမ်သာခွက်နား အိပ်ရာလုပ်ပေးတာပါ။ အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးတွေ ထားပေးတဲ့အပြင် ခြေအိတ်၊ ရေဗူး၊ နှာခေါင်းစပရေး၊ ခေါင်းစည်းတွေပါ အဆင်သင့်ထည့်ပေးထားတာပါ။ တော်တော်စေ့စပ်တဲ့လူ။

24 Guys Who Should Be Named Boyfriend of the Year

ခရစ်စမတ်ဆိုရင် မီးလင်းဖိုမှာ ခြေအိတ်လေးတွေချိတ်ဆွဲတတ်ကြတယ်မလား။ ကောင်မလေးအိမ်မှာက မီးလင်းဖိုမရှိဘူး။ သူမက ခြေအိတ်လေးတွေကို ချိတ်ဆွဲချင်တယ်လို့ပြောတော့ သူမချစ်သူက မီးလင်းဖို အတုလုပ်ပေးခဲ့တာပါ။ အပေါ်ယံကြည့်ရင်တော့ ဘာမှမပြောပလောက်ပေမယ့် အလေးထားမှုကတော့ ပေါ်လွင်နေပါတယ်။

24 Guys Who Should Be Named Boyfriend of the Year

အမျိုးသမီးနဲ့ ကြောင်လေးက သူ့အပေါ်အိပ်ပျော်နေတဲ့အတွက်ကြောင့် သူတို့မနိုးမချင်း သူ့မှာ မလှုပ်မယှက်နဲ့စောင့်ပေးနေတာပါ။ ရှိပါသလား၊ ချစ်သူလက်မောင်းပေါ် သင်အိပ်နေတာကို နိုးသွားမှာစိုးလို့ လက်မောင်းတောင့်နေပေမယ့် မနှိုးပဲ ဒီတိုင်းတောင့်ခံပေးတဲ့ချစ်သူမျိုး။

24 Guys Who Should Be Named Boyfriend of the Year

ဆူရှီအရမ်းကြိုက်တဲ့ချစ်သူအတွက် ဆူရှီခေါင်းအုံးလေး ကိုယ်တိုင်လုပ်ပေးခဲ့တဲ့ကောင်လေး။ ယောက်ျားလေးတွေလည်း အချုပ်အလုပ်တတ်တာပဲနော်။

24 Guys Who Should Be Named Boyfriend of the Year

The 365 Jar လို့ခေါ်တဲ့ စာရွက်ခေါက်လေးတွေ အပြည့်နဲ့ပုလင်းလေးကို ချစ်သူကောင်မလေးအတွက် လက်ဆောင်လုပ်ပေးခဲ့ပါတယ်။ တစ်နှစ်မှာ ၃၆၅ ရက်ရှိတဲ့အတွက် စာတို ၃၆၅စောင်ရေးပြီး ထည့်ထားတာပါ။ အရောင်သုံးမျိုးနဲ့အမျိုးအစားခွဲထားပါသေးတယ်။ အဝါရောက်က အမှတ်တရတွေအကြောင်း၊ အစိမ်းရောင်က သီချင်းစာသားနဲ့စာဆိုလေးတွေ၊ ပန်းရောင်လေးကတော့ သူမကို ချစ်တဲ့အကြောင်းတွေပါ။ တစ်နှစ်ပတ်လုံး တစ်မနက်ကို တစ်စောင်ဖတ်ပြီး သူမရဲ့တစ်နေ့တာ ပျော်ရွှင်ရအောင်လို့ပါတဲ့။

ချစ်သူကောင်မလေး သွားချင်တဲ့ ပဲရစ်ခရီးကို ပို့ဖို့ ကောင်လေးဟာ တစ်နှစ်ပတ်လုံး ပိုက်ဆံစုခဲ့ရတာပါ။ ပိုက်ဆံစုတယ်ဆိုတာ အမျိုးသားတွေ သိပ်မလုပ်တဲ့အရာပါ။ သင့်ကောင်လေးက သူ့ရှိစုမဲ့စုလေးတွေစုပြီး သင့်အတွက်အသုံးပြုပေးတယ်ဆိုရင် သင့်ကိုသိပ်ချစ်လို့ပါ။

24 Guys Who Should Be Named Boyfriend of the Year

နှင်းဆီပန်းထက် ဝက်ပေါင်ခြောက်ကြိုက်တဲ့ ဇနီးအတွက် ပန်းစည်းအစား ဝက်ပေါင်ခြောက်ကို ပန်းလိုခွေပြီး ပန်းစည်းလုပ်ပေးခဲ့ပါတယ်။ အစားတလိုင်းတွေ အားကျနေပြီမလား။

24 Guys Who Should Be Named Boyfriend of the Year

Source; Brightside.me

By Paulina