McDonald's ရဲ့ချစ်စရာကောင်းတဲ့ Minion Menu များ

McDonald's ရဲ့ လူကြိုက်များတဲ့ Minion Menu လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်...။ ဒီ Minion Menu လေးတွေဟာဆိုရင် Instagram မှာလည်း တော်တော် နာမည်ကြီးနေတာကိုတွေ့ရပါတယ်။ ဘယ်လို Menu လေးတွေလဲ ဆိုတာကို ကြည့်လိုက်ရအောင်....

Minion ice cream cone

Minion ice cream ဆိုတဲ့အတိုင်းပဲ ice cream ကိုminion လေးတွေရဲ့ အကြိုက် ငှက်ပျောသီးနဲ့လုပ်ထားတာပါ....။ အောက်က ကတော့ခွက်လေးကလည်း အပြာရောင်လေးနဲ့လုပ်ထားတာပါ.... စျေးနှုန်းအနေနဲ့က $1 သာရှိပါတယ်တဲ့....။ အရမ်းလည်းအရသာကောင်းလို့ သူတို့ဆီမှာနာမည်ကြီးနေတဲ့ menu လေးပါတဲ့....

Minion Potatoes

Minion ပုံလေးလုပ်ထားတဲ့ အာလူးကြော်လေးပါ....။ သူ့ရဲ့အာလူးကြော်က ကြွတ်ကြွတ်ရွရွလေးမို့  curry sauce နဲ့သာစားလိုက်ရင် တကယ်ကိုစားလို့အရမ်းကောင်းပါတယ်လို့ instagram မှာ ရေးသားထားတာတွေတွေ့ရပါတယ်....။ Minion ကိုမှ smile ပုံလေးနဲ့မို့ ချစ်စရာလည်းကောင်းပါတယ်နော် ....။

Spicy Chicken McNuggets & Banana Pie

Spicy အရသာကြက်သားကြော်လေးနဲ့ ငှက်ပျောသီးအရသာ Banana Pie .... ။ နှစ်ခုလုံးကလည်း ချစ်စရာကောင်းတဲ့ ထုတ်ပိုးမှုပုံစံလေးတွေနဲ့ လုပ်ထားတာပါ....။ အရသာလေးလည်းကောင်းလို့ နာမည်ကြီးနေတဲ့ menu လေးတွေပါပဲ....။

Happy Meal toys

ဒါလေးကတော့ ကတော့ ကလေးတွေအကြိုက်ပေါ့....။ ချစ်စရာကောင်းတဲ့ Happy Meal box လေးပါ....။

ဒါတွေအပြင် တခြား menu တွေလည်း ရှိပါသေးတယ်နော်.....။