ပုလဲမစ်ရှိတ်တွေမှာပါတဲ့ Tapoica Bubble ( ကျောက်ကျောလုံး ) ရဲ့ ကြောက်စရာဆိုးကျိုးများ

မစ်ရှိတ်သောက်တဲ့အခါ ပုလဲမစ်ရှိတ်ထဲမှာ ကျောက်ကျောလိုလို ချောကျိကျိ နဲ့ ပျော့ပျော့ bubble အလုံးလေးတွေ ပါတယ်ရော .. အဲ့အလုံးလေးတွေ အသောက်ကောင်းလို့ တရုတ်နိုင်ငံက အသက် ( ၁၅ ) နှစ်အရွယ် ကျောင်းသူတစ်ဦးဆေးရုံတင်လိုက်ရတယ်။

တရုတ်နိုင်ငံ၊ ဇီချန်ခရိုင်က ရှီ ဆိုတဲ့ မိန်းကလေးတစ်ယောက်က မေလ ၂၈ ရက်နေ့မှာ ဗိုက်တွေအရမ်းနာတယ်။ နာတာမှ မခံနိုင်အောင်နာသတဲ့။ အဲ့ဒါနဲ့ကျောင်းက ဆေးပေးခန်းမှာပြကြည့်တယ်။ အဆင်မပြေ၊ မသက်သာတာနဲ့ပဲ အနီးအနားက ပုဂ္ဂလိက ဆေးရုံတစ်ရုံကိုပို့ရတယ်။ မိဘတွေလည်းရောက်လာတာပေါ့။

ဆရာဝန်တွေ စမ်းသပ်ပြီး နာရီဝက်လောက်နေတော့ အဖြေထွက်လာတယ်။ ရှီ ရဲ့ ဝမ်းဗိုက်၊ အစာအိမ်နံရံမှာ ရာနဲ့ချီတဲ့အလုံးတွေအများကြီးဖြစ်နေတယ်။ ဆရာဝန်တွေက ပထမတော့ အစာအိမ်ကင်ဆာဖြစ်လို့ tumor ( အကျိတ်တွေေ ) ပေါ်လာတာလားဆိုပြီး ထင်သေးတယ်။ ဒါလည်းမဟုတ်ပြန်ဘူး။ အဲ့ဒါနဲ့ ကင်မရာသေးသေးလေး ဗိုက်ထဲထည့်ကြည့်ပြီး အစအနတွေကို စမ်းသပ်ကြည့်မှသိရတာတော့ အဲ့ဒီအလုံးတွေဟာ ပုလဲမစ်ရှိတ်တွေမှာပါလေ့ရှိတဲ့ ကျောက်ကျောလိုအလုံးလေးတွေဖြစ်နေတာတွေ့ရတယ်။

ကလေးမလေးဟာ အခုလို ဗိုက်မနာခင် ငါးနှစ်လောက်အလိုထဲက Bubble Tea Milkshake ( မြန်မာအခေါ် ပုလဲမစ်ရှိတ် ) တွေကို စွဲစွဲမြဲမြဲသောက်လာခဲ့တာလို့ဆိုတယ်။ နောက်ပြီး အဲဒီအလုံးလေးတွေကိုလည်း မိဘတွေမသိအောင်ခိုးခိုးစားသတဲ့။

အဲ့ဒီအလုံးလေးတွေကိုတော့ Tapoica လို့ခေါ်တယ်။ အဲ့ဒီအလုံးလေးတွေကိုတော့ ပီလောပီနံတို့၊ ပြောင်းမှုန့်တို့ကို ဖောက်ပြီးလုပ်ပါတယ်။ နောက်ပြီး အဲဒီအလုံးလေးတွေဖြစ်အောင်လုပ်ရာမှာ တဆေး ( yeast ) ဖြစ်အောင် ကျိုတာတွေဘာတွေလဲပါမှာပေါ့။ အဲဒီအလုံးတွေကို အစာအိမ်က ကြေညက်အောင်မခြေနိုင်တဲ့အခါ အလုံးတွေက အစာအိမ်နံရံမှာကပ်လာတယ်။ အလုံးရေများလာတဲ့အခါ အစာအိမ်က အစာခြေရာမှာ ပြသနာဖြစ်လာပြီး အစာအိမ်နံရံတွေ နာကျင်မှုကို ခံစားရတယ်။

တရုတ်နိုင်ငံက tapoica bubble တွေကို ဂျာမနီက ဓာတ်ခွဲခန်းတစ်ခုမှာ ဓာတ်ခွဲပြီးထွက်လာတဲ့အဖြေကတော့ အလုံးတွေထဲမှာ ကားတာယာ နဲ့ သားရေဖိနပ်တွေမှာပါတဲ့ ဓာတ်ပစ္စည်းတွေ၊ ရောင်ခြယ်ပစ္စည်းတွေတွေ့ရသလို ပိုလီကလိုရင်းနိတ် ဘိုင်ဖီနိုင်း လို့ခေါ်တဲ့ဓာတ်တွေပါတွေ့သတဲ့။ အဲ့ဒီအရာတွေက အူမကြီး၊ အစာအိမ် ကင်ဆာတွေဖြစ်စေသလို၊ ခန္ဓာကိုယ်မျိုးပွားစနစ် နဲ့ ခုခံရေးစနစ်တွေကိုလည်း ဖျက်စီးတယ်လို့ပါဝင်တယ်။

Tapoica Pearl တွေကို လူတော်တော်များများကြိုက်ကြတယ်။ ကြိုက်ရတဲ့အကြောင်းရင်းက သူ့ရဲ့ အိကျိအိကျိ နဲ့ ဝါးလို့ကောင်းတဲ့အရသာကြောင့်ပါ။ တရုတ်တွေကတော့ Tapoica Bubble ကို Boba လို့ခေါ်တယ်။ ပီလောပီနံ နဲ့ ပြောင်းမှုန့်တွေကို ရေနဲ့ဆူအောင်ပြုတ်ပြီး သကြားနဲ့သမအောင် ရောလိုက်တဲ့အခါ စေးကပ်ကပ်နဲ့ပျော့စိစိအလုံးလေးတွေဖြစ်လာတယ်။ အဲ့ဒီအလုံးလေးတစ်လုံးမှာ ၁၄ ကယ်လိုရီအနည်းဆုံးပါတယ်။ Milkshake တစ်ခွက်မှာ tapoica အလုံးပေါင်း ၁၀၀ ကျော်ပါတယ်။ အဲ့မှာတင် ၁၄၀ ကယ်လိုရီလောက်ဖြစ်နေပြီ။ ဒီကြားထဲ Milkshake ထဲက cream တွေ၊ သကြားတွေပါပေါင်းလိုက်ရင်အနည်းဆုံး ကယ်လိုရီ ၃၀၀ လောက်ရှိလိမ့်မယ်။

စားသမျှ အဆိပ်ဖြစ်နေတဲ့ ဒီခေတ်ကြီးထဲ ကယ်လိုရီ၊ ဓာတုပစ္စည်းတွေ၊ ဆိုးဆေး နဲ့ အတုတွေရှောင်ရင်း ကြာလာရင် ကျွန်တော်တို့လည်း လုံးပါးပါးရချည်ရဲ့ :3

Gabriel
Source - lucisphilippines.press

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။