ဆယ်လီတွေရဲ့ဝတ်စုံတွေကို လိုက်အတုခိုးပြီး အိမ်တွင်းပစ္စည်းတွေနဲ့ ဝတ်ပြခဲ့တဲ့ကလေးမလေး

Cosplay လို့ပြောလိုက်တာနဲ့ ဈေးကြီးမယ်၊ အချိန်ကုန်မယ်၊ ပြင်ဆင်ရတာ အလုပ်ရှုပ်မယ်လို့ ထင်ကြတယ်လေ။ ဒါကို တချို့ကတော့ ရှုထောင့်တစ်မျိုးကနေ ပြောင်းပြီး လုပ်လိုက်တဲ့အခါ အရမ်းကို Creative ဖြစ်တဲ့ Cosplay တွေဖြစ်လာပါတယ်။ 

Image result for disney cosplay

သြစတျေးလျမှာ နေထိုင်တဲ့ Riley ဆိုတဲ့ ကလေးမလေးဟာ နေ့စဉ်သုံးပစ္စည်းတွေကိုသာ အသုံးပြုပြီး အံ့သြလောက်စရာကောင်းတဲ့ Cosplay တွေ လုပ်လေ့ရှိပါတယ်။ ကုန်ကျစရိတ်သက်သာတဲ့အပြင် ဟာသလည်းမြောက်ပါတယ်။ မူရင်းဝတ်စုံတွေနဲ့လည်း ပုံစံအရမ်းမကွဲတာကြောင့် သူမရဲ့ဖန်တီးမှုက လက်ရာမြောက်တယ်လို့ဆိုရမှာပါ။ သူမရဲ့ဖန်တီးမှုတွေကတော့

 A Girl Recreates Celebrity Outfits at Home, and They Outshine the Originals

၂၀၁၈ ခုနှစ်တုန်းက ရီဟားနားရဲ့ကိုယ်ပိုင် Brand ဖြစ်တဲ့ Fenty Beauty ပွဲမှာ ဝတ်ခဲ့တဲ့ ဝတ်စုံပါ။ ငွေရောင် မြွေရေခွံကွက်နဲ့ ဦးထုပ်က ဒယ်အိုးနဲ့တူလိမ့်မယ်လို့ဘယ်သူက တွေးမိမှာလဲနော်။ တက်တူးကလည်း အလန်းစား “never not hungry” တဲ့။

A Girl Recreates Celebrity Outfits at Home, and They Outshine the Originals 

Green Action: A Bit to Safe the Earth ဆိုတဲ့ ပွဲရဲ့ခေါင်းစဉ်နဲ့လိုက်ဖက်အောင် နစ်ကီဟာ သူမဆံပင်ကို ပန်းပင်ပုံဖြစ်အောင်လုပ်ခဲ့တာပါ။ အဲဒီဆံပင်လုပ်ဖို့ နစ်ကီ ဘယ်လောက်ကုန်လဲတော့မသိဘူး။ ကလေးမလေးကတော့ ဂေါ်ဖီပန်းပွင်းအစိမ်းရယ်၊ အဖြူရယ်၊ ကော်ဖီရယ်ပဲလိုပါတယ်။

 A Girl Recreates Celebrity Outfits at Home, and They Outshine the Originals

၂၀၁၈ မှာကျင်းပတဲ့ Michael Kors ရဲ့ဖက်ရှင်ပွဲမှာ Zendaya ဝတ်ခဲ့တဲ့ပုံစံဟာ ရုတ်တရက်ကြည့်ရင် ဟော့ဒေါ့နဲ့တူနေတာပဲလေ။ 

 A Girl Recreates Celebrity Outfits at Home, and They Outshine the Originals

ဒါကတော့ Moncler ပွဲမှာပါတဲ့ Runway Model ရဲ့ပုံကို လိုက်တုထားတာပါ။ မသိရင် Runway လျှောက်ပြီးတာနဲ့ တန်းပြီးအိပ်ဖို့အိပ်ယာလိပ်တွေ ပတ်ထားတာကျနေတာပဲ။

 A Girl Recreates Celebrity Outfits at Home, and They Outshine the Originals

၂၀၁၉ အော်စကာဆုပေးပွဲတုန်းက Emma Stone ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံပါ။ သူ့ဒီဇိုင်းက ပျားသလက်တွေနဲ့ချုပ်ထားသလိုလို၊ ဝေဖာတွေပဲ ကပ်ထားသလိုလို ဖြစ်နေတာကို။

 A Girl Recreates Celebrity Outfits at Home, and They Outshine the Originals

၂၀၁၇ Mat Gala ပွဲတုန်းက ရီဟားနားဝတ်ခဲ့တဲ့ ဝတ်စုံပါ။ ရီဟားနားကတော့ ပွဲရဲ့ခေါင်းစဉ်နဲ့ ကိုက်အောင် ဝတ်လာပေမယ့် သူ့ပုံစံက အဝတ်စတွေ အပုံလိုက်ကြီး သယ်လာသလို ဖြစ်နေတယ်လေ။

A Girl Recreates Celebrity Outfits at Home, and They Outshine the Originals 

Lil Pump ကတော့ ရက်ပါ၊ သီချင်းရေးဆရာတစ်ယောက်ပါ။ အလန်းစားဖက်ရှင်တွေ၊ ဖန်စီတွေ ဝတ်တတ်သူတစ်ယောက်ပါ။ ချည်တွေ၊ ခဲပတ်တွေနဲ့လုပ်လိုက်ရုံနဲ့ မူရင်းနဲ့သိပ်မကွာတဲ့ Cosplay ရတာနော်။

A Girl Recreates Celebrity Outfits at Home, and They Outshine the Originals 

Julian Daigre ကတော့ Gym Trainer တစ်ယောက်ပါ။ သူမလို ဗိုက်ကြွက်သားထွက်ချင်တာများ ပါမုန့်တုံး ကပ်လိုက်ရုံပဲ။

A Girl Recreates Celebrity Outfits at Home, and They Outshine the Originals 

အသက်ရှူရပ်သွားစေလောက်မယ့် ဖက်ရှင်ဆိုတာ ဒါမျိုးပေါ့။ အရမ်းလှလို့တော့မဟုတ်ဘူး။ ပလက်စတစ်အိတ်က ကပ်နေတော့ အသက်ရှူလို့မရလို့။

A Girl Recreates Celebrity Outfits at Home, and They Outshine the Originals 

ခြေထောက်နဲ့ခေါင်းကို ထိလို့ရလောက်အောင် အကြောပျော့ချင်တာလား။ လွယ်ပါတယ်။ ပါမုန့်ချောင်းကို ခြေထောက်လို့သတ်မှတ်လိုက်ပေါ့။

A Girl Recreates Celebrity Outfits at Home, and They Outshine the Originals 

GiGi ကို လိုက်တုချင်တာများ Plastic Surgery လုပ်စရာမလိုပါဘူး။ ရေစစ်ခွက်လေး ခေါင်းဆောင်းလိုက်ရင် ရပြီ။

A Girl Recreates Celebrity Outfits at Home, and They Outshine the Originals 

သက်တန့်ရောင်လေးထင်ဖို့ မိုးရွာမှာလည်း စောင့်ဖို့မလိုသလို၊ CD ပြားထောင်ရိုက်ဖို့လည်းမလိုပါဘူး။ ရောင်စုံခဲတံနဲ့လည်း သက်တန့်ဖြစ်နိုင်တာပဲ။

 A Girl Recreates Celebrity Outfits at Home, and They Outshine the Originals

၂၀၁၉ VMA ပွဲမှာ Sabrina Carpenter ဝတ်ခဲ့တဲ့ ဝတ်စုံပါ။ ပတ်တီးတွေစည်းလာတာလား အောင့်မေ့ရတယ်။ 

A Girl Recreates Celebrity Outfits at Home, and They Outshine the Originals 

နှစ် ၉၀ ပြည့် ဟောလီးဝုဒ်ရုပ်ရှင် အကယ်ဒမီဆုပေးပွဲမှာ အဆိုတော် မင်းသမီး Haley Bennett ဝတ်ခဲ့တဲ့ ဝတ်စုံပါ။ မြက်ပင်တွေရိတ်ပြီး ခါင်းမှာပတ်လာသလား အောင့်မေ့ရတယ်။

A Girl Recreates Celebrity Outfits at Home, and They Outshine the Originals 

ဒီတစ်ခါလည်း ရီဟားနားပါပဲ။ သူမရဲ့လေဖောင်းအနွေးထည် ဖက်ရှင်က Riley လုပ်မှပဲ အမှိုက်အိတ်ချုံထားသလို ဖြစ်တော့တယ်။ 

A Girl Recreates Celebrity Outfits at Home, and They Outshine the Originals 

၂၀၁၆ Met Gala ပွဲမှာ ကင်မ်ကာဒါ့ရှီယန် ဝတ်ခဲ့တဲ့ ငွေရောင် ဝတ်စုံပါ။ ခဲပတ်ထားပြီးပြီဆိုတော့ Micro Wave ထဲထည့်ပြီး ပေါင်းဖို့ပဲ ကျန်တော့တယ်။

A Girl Recreates Celebrity Outfits at Home, and They Outshine the Originals 

လက်ဝှေ့သမား Michelle Waterson လို ဗလလောက်တော့ ပျင်းသေးတယ်။

A Girl Recreates Celebrity Outfits at Home, and They Outshine the Originals 

Rich Kid တစ်ယောက် ဖြစ်တဲ့ Lil Tay ကတော့ အသက်ငယ်ငယ်နဲ့ချမ်းသာကြွယ်ဝတဲ့ကလေးမလေးအဖြစ် အွန်လိုင်းမှာနာမည်ကြီးပါတယ်။ သူမရဲ့ရွှေဝါရောင်ဆံပင်တွေက ခေါက်ဆွဲခြောက်တွေနဲ့ တူနေတယ်ဆိုတာသိရင် ဆွေ့ဆွေ့ခုန်နေတော့မှာ။

Riley ရဲ့Cosplay တွေကို သဘောကျတယ်ဆိုရင်တော့ ဒီမှာပါ။ >>> Facebook , YouTube , RileyDiary / Instagram 

Source; brightside.me, wiki

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။