
Fashion Queen လို့တင်စားခံရတဲ့Lisa ရဲ့ အမိုက်စားဖက်ရှင်စုစည်းမှု
တောင်ကိုရီးယားနိုင်ငံမှာ နာမည်အကြီးဆုံး အနုပညာရှင်တစ်ယောက်ဖြစ်လာသူ BLACKPINK အဖွဲ့ဝင် ထိုင်းမလေး Lisa ကတော့ နဂိုခြေတံသွယ်အလှပနဲ့ ချစ်စရာကောင်းတဲ့ အပြုမူတွေ ဆွဲဆောင်လွန်းတဲ့ဖက်ရှင်တွေနဲ့ လူမှုကွန်ရက်မှာ ဖက်ရှင်ကျကျဝတ်စားတတ်သူလို့ မှတ်ချက်ပေးကြပါတယ်။
သူမရဲ့ ယောက်ကျားမဆန် မိန်းကလေးမကျတဲ့ ဖက်ရှင်တွေနဲ့ ဘယ်လောက်တောင် လိုက်ဖက်လွန်းသလဲဆိုတာ ကြည့်လိုက်ကြအောင် ။
Boyfriend type fashion
ဒီဖက်ရှင်ကို ကြည့်မယ်ဆိုရင် Boyfriend type ပုံစံလေးလိုပါဘဲ။ Lisa က ရိုးရိုးရှင်းရှင်း ဝတ်ဆင်ရတာကို သဘောကျသူပီပီ Amstetdam မှာ လျောက်ပတ်ခဲ့ကြပါတယ်။
Festival fashion
Coachella မှာ သွားရောက်ဖျော်ဖြေခဲ့စဉ်က lisa ရဲ့ OOTD ဖြစ်ခဲ့တဲ့ Fashion ပါ။
Post ကလဲ ပြောစရာမလိုအောင် မိုက်လွန်းနေတယ် ။
Airport fashion
Lisa ရဲ့ airport fashion တွေကို ကြည့်လိုက်မယ်ဆိုရင် ရိုးရှင်းဆုံး Skinny Jeans နဲ့ Black clothes ကို ဝတ်ဆင်လေ့ရှိတယ်။ ဒီတခေါက်မှာလဲ Black outfits အနေနဲ့ coat ဝတ်ပြီး သူမရဲ့ ရွေအိုရောင် ဆံနွယ်နဲ့ အရိုးရှင်းဆုံး အထာကျနေခဲ့ပါတယ်။
1970’s Fashion
Lisa ရဲ့ Airport fashion ထဲက 1970’s outfit ပါ။ ဒီတခါမှာ ဆံပင်ကို ရိုးရှင်းစွာ အမြင့်စီးထားတာ ဘိုမလေးတစ်ယောက်လိုပါဘဲ။
Yellow Fashion
ဒီခေတ်မှာ အဝါရောင်ဖက်ရှင်က ရေပန်းစားဆဲဖြစ်တာမို့ Yellow Hoodie နဲ့ chunky sneakers , ဝတ်နေကျ Jeans နဲ့ Perfect fashion ဖြစ်စေခဲ့ပါတယ်။
Long shirt fashion
Long shirt fashion ကို အများဆုံးက ဝတ်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းကြပါတယ်။ ဝတ်ရတာ အဆင်မပြေဖြစ်ပေမဲ့ summer ကာလမှာ ရိုးရှင်းနဲ့ lisa ဟာ ဝတ်ဆင်ခဲ့ပါတယ်။
Crazy Winter Fashion
ဒီလို ဝတ်ရင် သူများတွေနဲ့မလိုက်ဖက်ပေမဲ့ Lisa ကတော့ fashion queen ပီသစွာနဲ့ လိုက်ဖက်အောင်ကိုဝတ်ဆင်ခဲ့တာပါ။
Jeans , Shirt နဲ့ Long coat ကို ဝတ်ထားပြီး Sneakers နဲ့ ဦးထုတ်က ထပ်မံဖက်ရှင်ကျအောင် ဆွဲဆောင်စေခဲ့ပါတယ်။
Green Girly Fashion
အစိမ်းရောင်ကို လူအတော်များမကြိုက်နှစ်သက်ကြပေမဲ့ cropper Sweater အဖြူရောင်နဲ့ mini skirt တို့က လိုက်ဖက်နေတယ်ဆိုတာ Lisa က သက်သေပြခဲ့တာပါ။
Office Wear Fashion
သက်တောင့်သက်သာနဲ့ စမတ်ကျနေတဲ့ ဖက်ရှင်လေးပါ။ ဒီလိုဖက်ရှင်မျိုးက မိန်းကလေးတွေတိုင်းအတွက် လိုက်ဖက်ညီမယ်ထင်ပါတယ်။
Simple Day out Fashion
ပေါ့ပေါ့ပါးပါး Style လေးပါဘဲ ။ Lisa ရဲ့ သေးသွယ်တဲ့ခါးကို အသားပေးအနေနဲ့ အပေါ်ဝတ်ကို တိုတို ကျပ်ကျပ်လေးနဲ့ အောက်ပိုင်းကိုတော့ ပေါ့ပါးတဲ့ဘောင်းဘီလေးကို ဝတ်ဆင်ခဲ့ပါတယ်။
Sport fashion
Sport fashion က တကယ်ကို မဝတ်တတ်ရင်တော့ အထာမကျဘဲဖြစ်နေပေမဲ့ ဦးထုတ်ကြောင့် အမိုက်စား outfit ဖြစ်နေခဲ့ပါတယ်။
Jeans Dress fashion
Jeans Dress ကလည်း ခေတ်စားဆဲဖြစ်တာကြောင့် ခါးကျိူးချည် jeans dress လေးနဲ့ Lisa က အရမ်းချစ်ဖို့ကောင်းနေခဲ့ပါတယ်။
ဒီထဲမှာ ဘယ် fashion ကို အကြိုက်ဆုံးလဲ
Sources – Soompi
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။