ချမ်းသာပေမယ့် အောက်ခြေမလွတ်တဲ့ အနုပညာရှင်များ

ဟောလီးဝုဒ် အကျော်အမော်တွေရဲ့ဘဝလို့ ပြောလိုက်ရင် ဇိမ်ခံပစ္စည်းတွေ၊ ဇိမ်ခံမှန်လုံကားကြီးတွေနဲ့ ကော်ဇောနီတွေကို ပြေးမြင်တတ်ကြပါတယ်။ တကယ်လည်း သူတို့ဟာ သန်းပေါင်း မြောက်မြားစွာ ချမ်းသာနေကြတဲ့သူတွေပါ။ ဒါပေမဲ့ သူတို့ထဲက အချို့ကတော့ အောင်မြင်မှုဂုဏ်မောက်မနေဘဲ သာမန်လူတွေလိုပဲ သွားလာလှုပ်ရှားလေ့ရှိကြပါတယ်။ အများသုံးယာဉ်တွေစီးတယ်၊ သာမန် စတိုးဆိုင်လေးတွေ ဈေးတွေသွားတယ်။ သာမန်လူတွေသွားလာနေကျ နေရာတွေမှာပဲ အလွယ်တကူ တွေ့နိုင်တဲ့ ဟောလီးဝုဒ်အကျော်အမော်တွေက ဘယ်သူတွေများဖြစ်မလဲ။

1. Rihanna

Rihanna ဟာ သာမန် မိသားစုမှာပဲ မွေးဖွားခဲ့တာပါ။ အခုဆိုရင် သူမဟာ အချမ်းသာဆုံး အမျိုးသမီးအဆိုတော်တစ်ယောက်ဖြစ်နေပါပြိ။ အခုလို သူမအောင်မြင်လာတာတောင် သာမန်မိန်းကလေး ပုံစံနဲ့ပဲ လှုပ်ရှားသွားလာလေ့ရှိသူပါ။ သူမဟာ အင်တာနက်ပေါ်မှာ သူမရဲ့ ပရိသတ်တွေနဲ့ စကားပြောလေ့ရှိပြီး အများသုံးယာဉ်တွေလည်း စီးပါတယ်။

2. Anne Hathaway

10 Celebrities That Couldn’t Care Less About Their High Status and Expensive Cars

ချိုမြိန်တဲ့အပြုံးပိုင်ရှင်လေး အန်နာကတော့ သူမဟာ New Jersey က အလယ်လတ်တန်းစား မိသားစုမှာ မွေးဖွားလာပြီး တစ်သက်လုံး ဒီပုံစံအတိုင်းပဲ နေထိုင်သွားမှာပါ လို့ဆိုပါတယ်။ တကယ်လည်း သူမ အဲဒီအတိုင်း နေထိုင်ပါတယ်။ သူမဟာ ဘယ်တော့မှာ ဇိမ်ခံပစ္စည်းတွေကို စိတ်မဝင်စားသလို ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်လို့မာန်တက်နေတာမျိုးလည်း မရှိပါဘူး။ သူမကို မြေအောက်ရထားပေါ်မှာ မကြာခဏတွေ့ရလေ့ရှိပါတယ်။

3. Drew Barrymore

10 Celebrities That Couldn’t Care Less About Their High Status and Expensive Cars

ဒရူးဘယ်ရီမိုးဟာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်လာသူတစ်ယောက်ဖြစ်တဲ့အတွက် သူမအသက်ငယ်တုန်း မရင့်ကျက်သေးတဲ့အချိန်မှာတော့ အောင်မြင်မှုမာန်တက်ပြီး ဆိုးသွမ်းခဲ့တဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။ အခုတော့ သူမကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ပြီး သာမန်ဘဝမှာ နေထိုင်နေပါပြီ။ မိတ်ကပ်မပါတဲ့ နေ့စဉ်လှုပ်ရှားမှုတွေကိုတောင် အွန်လိုင်းမှာ သူမတင်နေပါပြီ။

4. Dakota Fanning

10 Celebrities That Couldn’t Care Less About Their High Status and Expensive Cars

တက်သစ်စ လူငယ် သရုပ်ဆောင် Dakota ကတော့ အခြား ငယ်ရွယ်တဲ့ ဆယ်လီတွေလိုမျိုး လမ်းမမှားပါဘူး။ သူမ အရက်မသောက်ဘူး၊ ဆေးမသုံးဘူး။ ဂုဏ်ထူးများစွာနဲ့ဘွဲ့ရခဲ့တယ်။ တက္ကသိုလ်တက်ရင်းနဲ့ပဲ ရုပ်ရှင်တွေရိုက်တယ်။ သူမဟာ ပါပါရာဇီတွေဆီကလည်း ထွက်ပြေး ပုန်းကွယ်မနေဘူး။ သူမကို မကြာခဏ မြေအောက်ရထားပေါ်မှာ တွေ့ရတတ်ပါတယ်။

5. Michael Douglas

10 Celebrities That Couldn’t Care Less About Their High Status and Expensive Cars

မိုက်ကယ်ဟာ သူ့ရဲ့လက်တွေ့ကျတဲ့ ဘဝနေထိုင်မှုတွေကြောင့် နာမည်ကြီးပါတယ်။ သူ့ရဲ့ထူးခြားတဲ့ အရည်အသွေးက ဘာလဲလို့မေးရင် “ကလေးသေးခံ(ဒိုင်ပါ) လဲတာမှာ ကျွန်တော်အရမ်းကျွမ်းကျင်တယ်” လို့ ပေါ့ပေါ့ပါးပါး ဖြေလေ့ရှိသူပါ။ ဇိမ်ခံပစ္စည်းတွေကိုလည်း စိတ်မဝင်စားဘဲ သူ့သမီးလေးကို ကျောင်းပို့တဲ့အခါ မြေအောက်ရထားကိုပဲ သုံးလေ့ရှိပါတယ်။

6. Katie Holmes

10 Celebrities That Couldn’t Care Less About Their High Status and Expensive Cars

ကိတ်တီကတော့ မြေအောက်ရထား စီးလွန်းလို့ မြေအောက်ရထားက ဓာတ်ပုံတွေချည်းစုပြီး ဓာတ်ပုံပြပွဲတောင် လုပ်လို့ရနေပါပြီ။ သူမတစ်ယောက်တည်း ဒါမှမဟုတ် သူမရဲ့သမီးဖြစ်သူနဲ့ကို မြေအောက်ဘူတာမှာ မကြာခဏတွေ့ရလေ့ရှိပါတယ်။ သူမဟာ အများသုံးသယ်ယူပို့ဆောင်ရေးကို ဇိမ်ခံကားတွေထက် ကြိုက်ပုံပါပဲ။

7. Jennifer Lopez

10 Celebrities That Couldn’t Care Less About Their High Status and Expensive Cars

ဂျေလိုဟာလည်း Bronx ရဲ့ဆင်းရဲတဲ့ အရပ်ဒေသမှာ မွေးဖွားခဲ့တဲ့ သာမန်မိသားစုထဲက ကောင်မလေးတစ်ယောက်ပါပဲ။ သူမရဲ့ထူးခြားတဲ့ အရည်အချင်းတွေ၊ ကြိုးစားမှုတွေကြောင့် အောင်မြင်လာခဲ့ရပေမယ့် သူမဘယ်က စခဲ့ရလဲဆိုတတော့ ဘယ်တော့မှ မမေ့သူပါ။ သူမဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှုမျိုးနဲ့ပဲ နေပါတယ်။ အလုပ်တွေအများကြီးလုပ်တယ်၊ အရက်မသောက်ဘူး၊ ကလေးဆေးရုံတွေကို ထောက်ပံ့တယ်၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ ပါဝင်တယ်။

8. Paul Wesley

10 Celebrities That Couldn’t Care Less About Their High Status and Expensive Cars

Vampire Diaries ဇာတ်လမ်းတွဲရဲ့ကြယ်ပွင့်ဖြစ်တဲ့ ပေါလ်ကတော့ လက်တွေ့ဘဝမှာတော့ ဇာတ်လမ်းထဲက ဇာတ်ရုပ်လို မဟုတ်ပါဘူး။ သူအားလပ်တဲ့အချိန်မှာ ဟောကီကစားတာ၊ နှင်းလျှောစီးတာ၊ ဂီတာတီးတာကို ကြိုက်နှစ်သက်သူပါ။ ကလပ်တွေမှာ Night Out ထွက်တာထက် မိသားစုနဲ့ပဲ အချိန်ကုန်တတ်သူပါ။ ကော်ဖီဆိုင်သေးသေးလေးတွေ၊ အများသုံးယာဉ်တွေပေါ်မှာ သူ့ကို တွေ့ရလေ့ ရှိပါတယ်။

9. Zooey Deschanel

10 Celebrities That Couldn’t Care Less About Their High Status and Expensive Cars

ဇိုဝီဟာ သူမကိုယ်သူမ ဒိတ်အောက်တဲ့သူလို့ ပြောလေ့ရှိပါတယ်။ ခေတ်ဟောင်းဖက်ရှင်တွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ ကိုသာ သူမကြိုက်နှစ်သက်ပါတယ်။ ခေတ်ပေါ်ဖက်ရှင်တွေကိုလည်း သူမစိတ်မဝင်စားပါဘူး။ Branded တွေအပေါ် ပိုက်ဆံမဖြုန်းပါဘူး။ အဲလို brand တွေကိုသုံးတာဟာ ရူးမိုက်တဲ့သူတွေအလုပ်လို့ သတ်မှတ်ထားသူပါ။ အဲဒီအစား အလှူအတန်းတွေ၊ လူမှုကူညီမှုအသင်းတွေမှာပဲ ပါဝင်လေ့ရှိပါတယ်။

10. Jake Gyllenhaal

10 Celebrities That Couldn’t Care Less About Their High Status and Expensive Cars

ဂျိတ်ဟာ ပကာသန ဂုဏ်ဒြပ်တွေထက် အရည်အချင်းနဲ့စွမ်းဆောင်ရည်တွေကိုသာ စိတ်ဝင်စားသူပါ။ ပါချီပါချပ် မင်းသားဖြစ်ရမယ့်အစား ရေကူးကန်သန့်ရှင်းရေးသမား ဖြစ်ရတာက ပိုကောင်းတယ်လို့ သူ့ကိုယ်သူ ပြောလေ့ရှိပါတယ်။ ဂျိတ်ဟာ အလုပ်အရမ်းကြိုးစားပြီး သူ့ရိုက်မယ့်ရုပ်ရှင်တွေအတွက် ဘာသာစကားတွေကိုလည်း လေ့လာသင်ယူတတ်သူပါ။

 

Source; Brightside.me

By Paulina