ဆန်မုန့် ( Rice Cake)

ပါဝင်ပစ္စည်းများ

ဆန်မှုန့်( Rice powder) ၃၀၀ ဂရမ်

နှမ်း (Sesame) ၁၀ ကျပ်သား

သကြား (Sugar) ၃ ဇွန်း

ပျားရည် (Honey) ၁ ဇွန်း

မုန့်လုပ်အရောင်မှုန့်(food color) အနည်းငယ်

နှမ်းဆီ (Sesame oil) ၁ ဇွန်း

ဆီ (Cooking oil) ၁ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

(၁) ပထမဦးစွာ မုန့်ထဲကို အစာသွပ်ရန်အတွက် နှမ်း၊ သကြား၊ ပျားရည်တို့ရောပြီး ဘေးတွင်ဖယ်ထားပါ။

(၂) ထိုနောက် ပန်းကန်လုံးအလွတ်ထဲတွင်ဆန်မှုန့်နှင့် သကြားအနည်းငယ်တို့ကိုထည့်ပြီးနောက် ဆူပီးသားရေနွေးကို ရော၍ မုန့်သားဖြစ်လာတဲ့အထိ နယ်ပေးရန်လိုပါသည်။ 

(၃) ဆန်မှုန့်သားရလာပါက (၄) ခု ပိုင်းပေးပါ။ ပြီးနောက် မှုန့်အလုပ်အရောင်များဖြစ်တဲ့ ပန်းရောင်၊ အနက်ရောင်၊ နှင့် လိမ္မော်ရောင်တို့ကို ရောပြီးနယ်ပေးပါ။

(၄)ဲထို့တွင် လိမ္မော်ရောင်ဆန်မှုန့်လုံးနှင့်အဖြူရောင် ဆန်မှုန့်လုံးကို ရောပီးနှစ်ရောင်စပ် ဆန်မှုန့် လုံးဖစ်ရောင်ပြုလုပ်ပြီးနောက်၊ ကျန်ရှိနေသော ဆန်မှုန့်လုံးများနှင့် အလှဆင်ပါ။

(၅) ချစ်စရာကောင်းသော ဆန်မုန့်လေးတွေရလာပါက၊ ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲတွင် ၅ မိနစ်ခန့်ပြုတ်ပါ။ 

(၅) နောက်ဆုံးတွင် နှမ်းဆီ အနည်းငယ်နှင့် ပဲဆီအနည်းငယ်တို့ကိုရောပီး အရသာရှိပြီးချစ်စရာကောင်းသော ဆန်မုန့်လေးကို စားသုံးနိုင်ပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။