တက္ကသိုလ်ဝင်တန်း ဖြေဖူးရုံနဲ့ တက်လို့ရမယ့် မြန်မာ-ကိုရီးယား မော်တော်ယာဉ်သင်တန်းကျောင်း

တက္ကသိုလ်ဝင်တန်း ဖြေပြီး ကျတဲ့သူပဲဖြစ်ဖြစ်၊ အောင်မြင်တဲ့သူပဲ ဖြစ်ဖြစ် အခုချိန်မှာ စိတ်ခံစားချက်တွေက ဘယ်လိုမှကို တူညီမှာ မဟုတ်ပါဘူး။ အောင်မြင်တဲ့သူတွေအနေနဲ့ ဘဝကို စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ သင်တန်းတွေရှိသလို ကျရှုံးပြီး ဆောက်တည်ရာမရဘဲ ဖြစ်နေတဲ့ ကျောင်းသား/သူတွေအတွက်လည်း ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။

ကိုယ်က ဘာကိုဝါသနာပါလဲဆိုတာ အရင်စဉ်းစားပြီး ကိုယ်ကြိုက်ရာကို ရွေးချယ်လို့ရပါတယ်။ တကယ်လို့ သင်ဟာ မော်တော်ယာဉ်ပြုပြင် တပ်ဆင်ခြင်းကို ဝါသနာပါတယ်ဆိုရင် သတင်းတစ်ခု ဝေမျှပါရစေ။ မကွေးမြို့နဲ့ (၁၀)မိုင်လောက်ဝေးပြီ မကွေး-တောင်တွင်းလမ်းနဲ့ (၃)မိုင်ကျော်လောက်က မယ်လှတောင်ရွာအဝင်လမ်းအတိုင်းသွားရင် အစိုးရမော်တော်ယာဉ်သင်တန်းကျောင်းကို ရောက်ပါတယ်။ 

မြန်မာနိုင်ငံအစိုးရနဲ့ ကိုးရီးယားပြည်သူ့သမ္မတနိုင်ငံတို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ သင်တန်းဖြစ်ပြီး မော်တော်ယာဉ် စက်ပိုင်းဆိုင်ရာများ၊ ဝါယာရိန်းပြုပြင် တပ်ဆင်ခြင်းများ၊ တွင်ခုံနဲ့ ပတ်သက်တဲ့ နည်းပညာများကို စာတွေ့ရော၊ လက်တွေ့ပါ ကွန်ပြူတာများနှင့်ပါမကျန် သင်ကြားပေးနေပါတယ်။ အဆိုပါ သင်တန်းမှာ သင်ကြားပေးနေတဲ့ စက်ပစ္စည်း၊ စက်ကိရိယာတွေဟာ နိုင်ငံတကာအဆင့်မှီ ပစ္စည်းတွေကြီးပါဘဲ။

အထူးခြားဆုံးက ယောကျ်ားလေးများအတွက်တင်မကဘဲ မိန်းကလေးများလည်း သင်ကြားလေ့လာနိုင်တယ်ပြီး နေထိုင်စရာ အဆောင်များလည်း သီးသန့်ထားရှိတယ်လို့ သိရပါတယ်။ သင်တန်းကြေးကတော့ တစ်လကို (၂၅၀၀၀)ကျပ် စရိတ်ငြိမ်းဖြစ်ပြီး စာသင်နှစ်ကို (၁)နှစ် သတ်မှတ်ထားကာ သင်တန်းပြီးဆုံးခဲ့ရင်လည်း အလုပ်အကိုင်ကိုပါ ရှာဖွေပေးတဲ့ သင်တန်းဖြစ်တယ်လို့ သိရပါတယ်။

သတ်မှတ်ချက်များကတော့ (၁၀)တန်းဖြေဖူးသူဖြစ်ရမှာဖြစ်ပြီး ကျန်းမာသန်းစွမ်းသူဖြစ်ရပါမယ်။ သင်တန်းအတွက် လိုအပ်တဲ့ Uniform နဲ့ ဖိနပ်ကိုတော့ ဝယ်ယူရမယ်။ ဆက်သွယ်ရန် 09 401 555 089 ကို ဆက်သွယ်နိုင်ပါတယ်။ ရည်မှန်းချက်တွေ အမှန်တကယ်ဖြစ်စေဖို့ တကယ်ကောင်းမွန်တဲ့ အစိုးရရဲ့ သင်တန်းဖြစ်တာကြောင့် အတွေးမမှားစေဖို့ အကြုံပြူပါရစေ။

Source; မော်တော်ယာဉ်စက်မှုသင်တန်းကျောင်း

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။