ကျေးဇူးတင်ကြောင်းကို ကိုရီယားဘာသာစကားနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုခဲ့တဲ့ ဟန်တီ

ဇွန်လ (၉)ရက်နေ့ ညက 2019 Asia Model Festival ပြိုင်ပွဲကြီးကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ Olympic Hall မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မော်ဒယ် ဟန်တီကတော့ Asia Model Star Award ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ဟန်တီဟာ အခုလို ဆုရရှိတဲ့အတွက် ကျေးဇူးတင်စကားကို နိုင်ငံတကာသုံး English စကားနဲ့ မပြောခဲ့ဘဲ ကိုရီးယားဘာသာစကားနဲ့ ကျွမ်းကျင်စွာ ပြောဆိုခဲ့ပါတယ်။ သူမရဲ့ ကိုရီးယားဘာသာစကား ကျွမ်းကျင်မှုကြောင့် ပရိသတ်များဖြစ်တဲ့ ကိုရီးယားနိုင်ငံသားများတောင် အံ့သြခဲ့ကြပါတယ်။ 

ဟန်တီရဲ့ အမှတ်တရ ဗီဒီယိုဖိုင်လေးကို Myanmar Beauty Talent Center Facebook Page မှ ဇွန်လ (၉)ရက်နေ့ ညနေမှာ တင်ခဲ့ပြီး ပရိသတ်များစွာ သဘောနှစ်သက်ခဲ့ကြပါတယ်။ အဆိုပါ 2019 Asia Model Festival ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ်လေး ဟန်တီနဲ့အတူ အကယ်ဒမီ ဝတ်မှုံရွှေရည်ကလည်း Asia Special Award ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

">

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။