အာလူးချောင်းကြွပ်ကြွပ်လေးကြော်ကြမယ်

5 star hotel ကြီးတွေမှာ သုံးတဲ့ အာလူးချောင်းကြော်နည်းလေး ဝေမျှပေးလိုက်ပါတယ်။ 

၁. အာလူးကို အချောင်းလေးတွေဖြတ်ပြီး ရေစင်အောင်ဆေးပြီး ရေပြောင်အောင်စစ်ထားပါ . 

၂. အာလူးကို ဆီပူပူမှာ အပေါ်ယံကြောတင်းရုံကြော်၊ ဆီစစ်ပြီး အအေးခံထားပါ .. 

၃. ဗန်းထဲတွင်ဖန့်ခင်းပြီး ရေခဲသေတ္တာထဲတွင် (အအေးချိန် 1* to 5*C) အနည်းဆုံး ၂၄နာရီ သိမ်းဆည်းထားပါ .. 

၄. မိမိစားချင်သောအချိန် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့်ကြိုထုတ်ပြီး ဆီပူပူမှာကြော်ပြီးဆီစစ်ထားပါ . ပြီးရင် ဆား၊ ငရုတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ cheese အမှုန့် မိမိနှစ်သက်ရာ အရသာထည့်လိုက်ရင်တော့ ကြွပ်ရွပြီး အရသာရှိတဲ့ အာလူးချောင်းကြော်လေး ရရှိမှာ ဖြစ်ပါတယ်။ အာလူးချောင်းကြော်တိုင်း ပျော့သွားတယ်ဆိုတဲ့ အိမ်ရှင်မတွေအတွက်တော့ တကယ်အသုံးဝင်မဲ့နည်းလေးပါနော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။