ဆက်တိုက် နိုင်ငံတကာလှည့်လည်ဖျော်ဖြေပွဲကြောင့် ကျန်းမာရေးအခြေနေ စိုးရိမ်နေရတဲ့ Jennie

နာမည်ကြီး တောင်ကိုရီးယား အဆိုတော်အဖွဲ့ ဖြစ်တဲ့ BLACKPINK အဖွဲ့ဟာ 2019 မှာ နိုင်ငံတကာ လှည့်လည် ဖျော်ဖြေပွဲတွေ ဆက်တိုက် ကျင်းပနေတာဖြစ်ပြီး သူတို့ရဲ့ တင်ဆက်မှုတွေကိုလည်း နေ့စဉ်မပျက် လေ့ကျင့်နေကြတာဖြစ်ပါတယ်။ 

June လ ၈ ရက်နေ့မှာ တော့ BLACKPINK Concert ကို Macao မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး  အဖွဲ့ဝင် Jennie ကတော့ သူမရဲ့ ကျန်းမာရေးအခြေနေကြောင့် နောက်ဆုံး stage performance မှာ လာရောက် ဖျော်ဖြေခြင်းမရှိဖူးလို့ သိရပါတယ်။ 

BLACKPINK က Macao Concert မတိုင်ခင်   Philippines  ကို သွားရောက်ခဲ့ရပြီး Manila မှာ Concert ကျင်းပခဲ့ပါတယ်။ Manila Shopee Event မှာ  jennie တစ်ယောက် နေထိုင်မကောင်းဖြစ်နေတာကို BLINKS တွေက စတင်သတိထားခဲ့ကြတာပါ။

Jennie ကို ကျန်းမာရေး ဂရုစိုက်ဖို့ အတွက် သူမရဲ့ IG Accout မှာ comment တွေ ရေးပေးထားကြပြီး Rose ကလည်း စိတ်မပူဖို့ IG story မှာ ခုလို စာတင်ခဲ့ပါတယ်။ 

Rose IG Story 

Jennie IG Story 

Macao မှာ သူမရဲ့ Solo Stage performance ကို နေမကောင်းဖြစ်နေလျက်နဲ့ ကပြဖျော်ဖြေသွားခဲ့တယ်။ သူမရဲ့ မျက်နှာက ဖြူလျော့လျော့ဖြစ်နေပြီး နေမကောင်းဖြစ်နေတယ်ဆိုတာ သိကြတာမို့ BLINK တွေက သူမဖျော်ဖြေချိန်မှာ နာမည်ကို အော်ဟစ်ပြီး အားပေးစကားတွေပြောခဲ့ကြပါတယ်။ 

Jennie ရဲ့ Macao Stage Performance ပုံရိပ်များ 

Jennie ကိုယ်စား အရုပ်လေးကိုင်ပြီး နူတ်ဆက်စကားပြောခဲ့တဲ့ အဖွဲ့ဝင်များ 

ကဲ အချစ်တော် Jennie လေး အမြန်နေကောင်းလာပြီး နိုင်ငံတကာက BLINK တွေကို ဖျော်ဖြေနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ 

Sources- Global Blackpink 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။