အရသာအရှိဆုံးနဲ့ စားလို့အကောင်းဆုံး ပုရစ်ကြော်နည်း

ဆိုင်တွေမှာရောင်းတဲ့ပုရစ်တွေက သေချာမသန့်ထားတာကြောင့် စားရမှာ စိတ်မသန့်ဘူးဆိုတဲ့သူတွေအတွက် ပုရစ်အစိမ်းရတယ်ဆိုရင် ကိုယ်တိုင်ကြော်စားလို့ ရအောင် ပုရစ်ကြော်နည်းလေး ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပုရစ်တောင် ပံ၂ထပ်လုံးကို အသာလိမ်ဖြုတ်ပါ။

၂။ လက်များကို အရင်းမှ ခြေထောက်ကို ဒူးဆစ်မှ ကတ်ကြေးဖြင့် ဖြတ်ပါ။

၃။ ရေဖွားဖွားတွင် ၃ထပ် ဆေးပါ။

၄။ ခေါင်းကို အသာအယာ ဆွဲဖြုတ်ပါက လေအိတ်နှင့်တွဲလျက် အစာအိတ်ပါ ပါလာပါလိမ့်မည်။ ဆွဲကာစွန့် ပစ်ပါ။ ဖင်ကို အသာထိန်း ညှစ်ပြီး ချီးမျှင် မဲမဲဆုံးသည်အထိ ဆွဲနှုတ်ပါ။

( ဒီအဆင့်ရောက်ပြီဆိုရင်တော့ ရေထပ်မဆေးပါနဲ့ ၊ ခေါင်းနှင့်ဖင်ပေါက်မှ ရေဝင်လျင် မချိုတော့ဘဲ ပုရစ်များ ကြေတတ်ပါတယ်)

၅။ ဆားနဲနဲ၊ အချိုမှုန့်၊ နနွင်း၊ ဂျင်း၊ ကြက်သွန်ဖြူရည်ဖြင့် ဖွဖွနယ်ပါ။

၆။ ဆီပေါလောတွင် ခေါင်းရော ကိုယ်ပါကြော်ပါ။

ဒါဆိုရင်တော့ ဘယ်လောက်စားစား ဗိုက်မနာ၊ အဆိပ်မဖြစ်၊ သန့်ရှင်းပြီး အရသာတကယ်ရှိတဲ့ ပုရစ်ကြော်မွှေးမွှေးလေး ရရှိမှာ ဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။